ခဏခဏမေ့တတ်နေလို့ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျဖြစ်နေလား

အခုဆို ကလေးသေးသေးလေးတွေကအစ မေ့တတ်လာပါပြီ။ လူကြီးတွေဆို ပိုဆိုးပေါ့။ အခုလေးတင် လက်ထဲ ကားသော့ကိုင်လာပြီး တစ်အောင့်နေတော့ ဘယ်နားထားမိမှန်း မမှတ်မိတော့တာမျိုး ၊ ရုတ်တရက်လူတစ်ယောက်နာမည်ကို မေ့သွားတာတို့ ၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ စားပွဲပေါ် မေ့ကျန်ခဲ့တာမျိုး စသဖြင့် ဒီပြဿနာက လူတိုင်းကြုံတွေ့နေရတာပါ။ အသက်ရွယ် တဖြည်းဖြည်းကြီးလာတာနဲ့အမျှ သတိမေ့တတ်တဲ့ရောဂါက ပိုကြီးစိုးလာတယ်။ ဒါပေမယ့် တစ်ချို့ တွေ္ဂဆို တစ်ခေါင်းလုံးဆံပင်တွေဖြူပြီး ပါးရေတွေတွန့်နေပေမယ့် သတိတစ်ချက်မမေ့ဘူး ။ အားလုံးကို မှတ်မိတယ် ၊ သိနေတယ်။ ဘာကြောင့်လဲ… သူတို့ရဲ့ နေထိုင်မှုပုံစံကြောင့်များလား။ ကဲ.. ဆက်ဖတ်ကြည့်ရအောင်

အသုံးမများတဲ့ လက်တစ်ဖက်

Image result for left hand writing

သင်ဟာ ညာလက်သန်သူဆိုရင်  စာရေးတဲ့အခါ ၊ အစားစားတဲ့အခါ ၊ ပစ္စည်းတစ်ခုခုယူတဲ့အခါ ဘယ်လက်ကို သုံးကြည့်ပါ။ အစပိုင်းမှာတော့ ခက်ခဲနေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လုပ်ပါများရင် ၊ လေ့ကျင့်ပါများရင် အကျင့်တစ်ခုလိုဖြစ်လာပြီး အသားကျပါတယ်။ သတိရရင် ရသလို ဘယ်လက်ကို အသုံးပြုပေးပါ။ ဒီလိုအသုံးပြုပေးခိုင်းတဲ့ အိုင်ဒီယာဟာ သင့်ဦးနှောက်ကို ပိုအလုပ်လုပ်စေပါတယ်။ လက်ကနေတစ်ဆင့် အထိတွေ့အာရုံက ဦးနှောက်ကို ပို့ဆောင်ပေးပြီး Cortex လို့ခေါ်တဲ့ အစိတ်ပိုင်းကို လျင်မြန်စွာ ကျယ်ပြန့်စေပါတယ်။

နေ့စဉ်အလုပ်တွေကို မျက်လုံးပိတ်ပြီးလုပ်ကြည့်

Related image

ဘယ်လိုအလုပ်မျိုးကို သင့်ဦးနှောက်က စဉ်းစားစရာမလိုဘဲ အလိုလျောက်လုပ်မိလဲ။ အမြဲတမ်းတက်နေကျ လှေကားမှာ ဘယ်နထစ်ရှိလဲ ရေတွက်ကြည့်ဖူးလား။ မီးဖိုချောင်ထဲက စင်ပေါ်မှာ ပန်းကန်ဘယ်နချပ် ရှိလဲ ။ မသိရင် ဦးနှောက်ကိုအလုပ်လုပ်ခိုင်းပြီး စဉ်းစားပါ။ လူတိုင်းက အမြဲတမ်းလုပ်နေကျ ကိစ္စတွေကို လုပ်တော့လုပ်နေပေမယ့် အာရုံမစိုက်ကြဘူး။ ဒါကြောင့် ပုံမှန်လုပ်နေကျ အလုပ်တစ်ခုကို မျက်လုံးမှိတ်ပြီး လုပ်ကြည့်ပါ။ ရေချိုးတဲ့အခါ ၊ အခန်းထဲကနေ အိမ်ရှေ့ထွက်တဲ့အခါ စသဖြင့်ပေါ့ ။ အရာဝတ္ထုတစ်ခုကို ထိတွေ့မိတဲ့အခါ မျက်လုံးမှိတ်ထားပြီး ခံစားရတဲ့အတိုင်း ဦးနှောက်ကို တိုက်ရိုက်ပို့ဆောင်ပြီး သင်ကိုင်ထားတာ ဘာလဲဆိုတာ အဖြေဖော်ကြည့်ပါ။

မနက်ပိုင်းလုပ်ငန်းစဉ်တွေ အပြောင်းလဲလုပ်ကြည့်

မနက်အိပ်ရာထတာနဲ့ အရင်ဆုံး ကိုယ်ဘာကိုလုပ်လဲ ဆန်းစစ်သုံးသပ်ကြည့်ပါ။ အမြဲတမ်းလုပ်နေကျ အရာတိုင်းမဟုတ်ပဲ တစ်မျိုးပြောင်းလဲကြည့်လိုက်ပါ။ သင့်ရဲ့ ဦးနှောက်ကို ဓားသွားလို ထက်စေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ ဦးနှောက်ကို လန်းဆန်းစေဖို့ တက်ကြွတဲ့ မနက်ပိုင်းလုပ်ငန်းစဉ်တွေကို ရှုပ်ထွေးစေတာမျိုးမဟုတ်ပါဘူး။ ဆိုလိုတာက မနက်စာစားပြီးမှ အကျီ င်္လဲတာ (သို့) မနက်ပိုင်း ပြေးကြည့်ပါ။ မနက်ပိုင်း သတင်းစာဖတ်မယ့် အစား ကာတွန်းဖတ်လိုက်တာမျိုးပေါ့။ ပေါ့ပေါ့ပါးပါးလေးပဲ ဖြစ်ပါတယ်။

မျက်မမြင်စာ

မျက်မမြင်စာတွေကို မြင်ဖူးလားတော့မသိဘူး။ အမြင်အာရုံချို့ ယွင်းသူတွေအတွက် တီထွင်ထားတဲ့ အရာတစ်ခုပါ။ ဒီစာလေးတွေကို မျက်လုံးမှိတ်လျက် ထိတွေ့ကြည့်ပြီး ပုံဖော်ကြည့်ပါ။ မျက်မမြင်တွေ ဘယ်လိုစာဖတ်လဲဆိုတာ သင်ကိုယ်တိုင်ခံစားနိုင်မှာဖြစ်ပါတယ်။ အမြင်အာရုံကို အနားပေးလိုက်တဲ့အခါ အလိုလျောက် အလုပ်လုပ်မှာက ဦးနှောက်ပါ။ ဘာစာတွေရေးထားလဲ ဦးနှောက်ကပဲ စဉ်းစားပေးမယ်။ မျက်မမြင်စာ မရှိလည်း မသုံးတော့တဲ့ အကြွေစေ့လေးတွေဆောင်ထားပါ။ အားတဲ့အချိန်မှာ မျက်လုံးမှိတ်ပြီး အကြွေစေ့ကို ကိုင် ၊ ဘယ်လောက်တန်လဲဆိုတာ ဖြေကြည့်ပါ။ ဒါလည်း ဦးနှောက်ကို နိုးကြွစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။

ပေါင်းသင်းဆက်ဆံရေး

Image result for talking with friends

ငြီးငွေ့စရာတွေမှ လွတ်မြောက်နိုင်ဖို့ အပြင်ထွက် ၊ လူတွေနဲ့ စကားပြောကြည့်ပါ။ လူတွေနဲ့ အပြန်လှန် စကားပြောတဲ့အခါ ဦးနှောက်ကစပြီး အချက်လက်တွေ အထုတ်သွင်းလုပ်ပါတယ်။ တစ်ချို့ လူတွေမှာ သင့်အတွက်ကောင်းကျိုးပေးနိုင်မယ့် အရာတွေရှိတယ်။ စကားပြောလိုက်တိုင်း အိုင်ဒီယာသစ်တွေ၊ အတွေးမြင်သစ်တွေ ဖြန့်ကျက်နိုင်အောင် လမ်းပြပေးတယ်။ ပေါင်းသင်းဆက်ဆံရေးဟာ အရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမှ ဦးနှောက်အလုပ်လုပ်ပုံ စွမ်းရည်တွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။

ဘာပဲလုပ်လုပ် သတိကပ် ၊ အာရုံစိုက်ပြီး ခွဲခြားသိမြင်နိုင်အောင် ကြိုးစားကြည့်ပါ။ အကျိုးရှိပါလိမ့်မယ်။

73 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.