ထူးဆန်းတဲ့အသက်ရွယ်ကွာဟချက်တွေနဲ့ ချစ်ကြိုးသွယ်ခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင်များ

အသက်ရွယ်ဟာ ဒီစုံတွဲတွေကြားမှာတော့ နံပါတ်စဉ်တစ်ခုလို့သာ သတ်မှတ်ထားလေသလား ။ လူတွေကပြောကြတယ်..အချစ်မှာ မျက်စိမပါဘူးတဲ့ ။ တကယ်တမ်းလည်း ချစ်နေရင် အပြစ်မမြင်တတ်တော့တာ သဘာဝမို့ အသက်ရွယ်ကွာခြားခြင်းဆိုတာလည်း မပြောပလောက်တဲ့ အသေးမွှားလေးတစ်ခုလိုတောင်ဖြစ်လာပါပြီ။ အသက်ရွယ် ကွာဟချက်တွေနဲ့ ထူးဆန်းစွာ ချစ်ကြိုးသွယ်ခဲ့မိတဲ့ ကိုရီးယားအနုပညာရှင်တွေဟာ ဘယ်သူတွေဖြစ်မလဲ.. ?

(၁) Lee Jung Jin နဲ့ Euaerin (၁၀နှစ်ကွာ)

Related image

Duel : Final Round and Trick ဇာတ်ကား သရုပ်ဆောင် Lee Jung Jin ဟာ အသက် (၃၉)နှစ်ရှိပြီဖြစ်ပြီး သူနဲ့အတူမေတ္တာမျှနေတဲ့ မိန်းကလေးကတော့ 9Muses အဖွဲ့ဝင် Euaerin ဟာ အသက် (၂၉)နှစ်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ မိတ်ဆက်ပေးရာကနေ သူတို့နှစ်ဦး ခင်မှုရင်းနှီးခဲ့ပြီး ၁၀နှစ်ကွာနေပေမယ့် ဒိတ်ခဲ့ကြပါတယ်။

(၂) Yang Hyung Suk နဲ့ Lee Eun Joo (၁၂နှစ်ကွာ)

Image result for Yang Hyun Suk and Lee Eun Joo

Lee Eun Joo အသက် (၃၇)နှစ်ဟာ Swi.T အဖွဲ့ ဝင်တစ်ယောက်ဖြစ်ပြီး Sechskies အဖွဲ့ဝင် Lee Jaejin ရဲ့ ညီမတစ်ယောက်လည်း ဖြစ်ပါတယ်။Yan Hyung Suk (၄၈)နှစ်မှာ သူမကို တစ်ဖက်သက်ကြိတ်ကြွေနေခဲ့တဲ့တာ ၃နှစ်လောက်ရှိပြီလို့သိရပါတယ်။ ၂၀၁၀ခုနှစ်မှာ သူတို့တရားဝင်  လက်မထပ်သေးခင်က ၉နှစ်လောက် ဒိတ်ခဲ့ကြောင်းသိရပါတယ်။ Yan Hyung Suk က အနုပညာလောကမှ အနားယူချင်ပြီဆိုတာကြောင့် သူတို့ နှစ်ယောက် မင်္ဂလာဆောင်ကို တောင် မကျင်းပခဲ့ဘူးလို့သိရပါတယ်။

(၃) Lee Byung Hun နဲ့ Lee Min Jeong (၁၂နှစ်ကွာ)

Image result for Lee Byung Hun and Lee Min Jeong

Lee Byung Hun (၄၇)နှစ်နဲ့ Lee Min Jeong (၃၆)နှစ်တို့ဟာ ဒိတ်နေတာ နှစ်လလောက်ရှိနေပြီလို့ ကောလဟာလတွေထွက်ပြီးနောက် ၂၀၁၃ ခုနှစ်မှာ တရားဝင်လက်ထပ်ပွဲကျင်းပခဲ့ပါတယ်။ နာမည်ကြီး အနုပညာရှင်တွေကြားမှာ သူတို့နှစ်ယောက် လျှို့ ဝှက်စွာ ဒိတ်လုပ်ခဲ့ပေမယ့် တရားဝင် ပရိသတ်တွေကို အသိမပေးခင်မှာပဲ သတင်းတွေပျံ့သွားခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာတော့ သားဦးလေးမွေးဖွားခဲ့ပါတယ်။

(၄) Lee Dong Wook နဲ့ Suzy (၁၃နှစ်ကွာ)

Image result for Lee Dong Wook နဲ့ Suzy

သရုပ်ဆောင် အသက် ၃၆နှစ် Lee Dong Wook နဲ့ အဆိုတော် ၊ သရုပ်ဆောင်Suzy ၂၃နှစ်တို့ ချစ်ကျွမ်းဝင်နေကြပြီဆိုတာကိုတော့ ရုတ်တရက်ပြီးခဲ့တဲ့ အပတ်ကမှ အတည်ပြုကြေငြာလိုက်တာဖြစ်ပါတယ်။ သူတို့နှစ်ယောက် ဒိတ်နေခဲ့တာ ဘယ်လောက်ရှိပြီလဲမသိရပေမယ့် အသက်ရွယ်က ၁၃နှစ်ကွာနေတာမို့ မင်းသား ပရိသတ်တွေနဲ့ မင်းသမီး ပရိသတ်တွေကပါ သတင်းတက်လာစကာမှပဲ အံ့သြသွားကြရပါတယ်။ ဒါပေမယ့် အခုတော့ ပြတ်သွားပါပြီနော်…

(၅) Ha Hyun Woo နဲ့ Heo Youngji (၁၃နှစ်ကွာ)

Image result for Ha Hyun Woo နဲ့ Heo Youngji

အဆိုတော် Ha Hyun Woo (၃၆)နှစ်နဲ့ Kara အဖွဲ့ဝင် Heo Youngji (၂၃)နှစ်တို့ဟာ နာမည်ကြီး တီဗီ ရှိုးတစ်ခုဖြစ်တဲ့ Shadow Singerမှာတွေ့ဆုံပြီး ချစ်ကြိုက်သွားခဲ့တာဖြစ်ပါတယ်။အသက်ရွယ် ၁၃နှစ်ကွာပေမယ့်လည်း သူတို့နှစ်ယောက်ကတော့ အခုချိန်ထိ ပျော်ရွှင်စွာလက်တွဲနေတုန်းပါပဲ။

 

324 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.