မနက်နေမွန်းတည့်မှ အိပ်ယာထတဲ့လက္ခာဟာ သင့်မှာစိတ်ဖိစီးမှုတွေများနေကြောင်းပြောနေ

အိပ်ပုံအိပ်နည်းနဲ့ ပတ်သတ်ပြီး နှစ်မျိုးခွဲခြားထားပါတယ်။ မိုးစွေငှက်နဲ့ ဇီးကွက်ဆိုပြီးတော့ပါ။
စောစောထတဲ့လူက မိုးစွေငှက်ပေါ့ ။ နောက်ကျမှ မျက်လုံးပြူးနေတဲ့သူတွေက ဇီးကွက်လို့
တင်စားကြတယ်။ စိတ်အခြေအနေအရ လူတွေဟာ မနက်ခင်းမှာ နိုးထတဲ့အချိန်တွေ
ပြောင်းလဲနိုင်ပါတယ်။ သင်ဟာ အိပ်ရာနောက်ကျမှ အမြဲထနေတဲ့သူဆိုရင် ဒီအရာတွေ သင့်မှာဖြစ်နေပါပြီ။

Waking Up at Dawn May Mean You’ve Reached Your Stress Breaking Point

မနက်မိုးလင်းတိုင်း စိတ်ကကြည်လင်မနေပဲ ငြီးစိစိကြီးဖြစ်နေမယ်ဆိုရင် သင့်မှာ စိုးရိမ်ပူပန်ကိစ္စ
တွေအရမ်းများနေတယ်။ သင့်ရဲ့စိတ်ဖိစီးမှုတွေကို ဖွင့်ထုတ်ဖို့ လိုအပ်နေပါတယ်။ ဒီဖိစီးမှုတွေကို
သင်ကြာကြာမထိန်းထားနိုင်ပါဘူး။ မသက်သာတဲ့စိတ်အခြေအနေဟာ တစ်နေ့လုံး ဘာလုပ်လုပ်
သင့်ကိုပျော်ရွှင်စေတော့မှာ မဟုတ်ပါဘူး။

နေ့စဉ်ဖြတ်သန်းနေရတဲ့ အခြေအနေတွေထဲမှာ ပျော်တဲ့အချိန်တွေရှိသလို စိတ်ညစ် ၊ စိတ်ရှုပ်ရတဲ့
အချိန်တွေဆိုတာ ရှိတယ်။ အလုပ်ကလူနဲ့ နားလည်မှုလွဲပြီး ပြဿနာတွေတက်လာတယ်။
ဘာလုပ်လုပ် အာရုံနောက်ရပါတယ်။ မရပ်တန့်နိုင်တဲ့အတွေးတွေက ခေါင်းထဲကမထွက်မှတော့
စိတ်ထဲမှာ အရမ်းကို အကုသိုလ်များရတယ်။

Waking Up at Dawn May Mean You’ve Reached Your Stress Breaking Point

စိတ်တွေတိုနေပြီဆိုရင် သင်ကောင်းကောင်းအိပ်ပျော်မှာမဟုတ်ဘူး။ ထိန်းချုပ်မှုတွေ လျော့နည်း
နေမယ်။ ညဘက်တွေ နောက်ကျမှအိပ်ပျော်ပြီး မနက်မိုးလင်းတဲ့ထိ အဲ့ကိစ္စကို မကျေမအေးနိုင်ဖြစ်နေသေးတာမျိုးပေါ့။

ဒီအချိန်မှာ မကောင်းမြင် ၊ အပြစ်တင်နေတဲ့ ကိုယ့်ရဲ့အတွေးတွေကို ရပ်တန့်လိုက်ပါ။
ငါဘာငါ စိတ်ချမ်းသာအောင်နေရမယ်။ စိတ်ချမ်းသာမှ အေးချမ်းမယ်။ စိတ်ကမပြေနိုင်သေးရင်
စိတ်သက်သာစေမယ့် စာအုပ်လေးဖတ် ။ ကိုယ်ကြိုက်တဲ့ အစားစာတွေ တစ်ဝကြီးစားပစ်လိုက်
စမ်းပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကိုထိခိုက်စေပါတယ်။ နှလုံးရောဂါ ၊ ဆီးချို ၊ ပန်းနာရောဂါတွေကိုလည်း ဖြစ်ပွားစေပါတယ်။

Waking Up at Dawn May Mean You’ve Reached Your Stress Breaking Point

ုအခြားအရာတွေမှာ အာရုံစိုက်နိုင်ဖို့အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်၊ ကိုယ့်ကိုကိုယ် လှအောင်နေ။
အတတ်ပညာတွေ အဆက်မပြတ်ဆည်းပူးပါ။ လူဆိုတာ ဘဝမှာ ကိုယ်လုပ်ချင်တာလုပ်နေရရင်
ပျော်နေကြတာမဟုတ်လား။ ဒါကြောင့် အရေးကြီးဆုံးက ပျော်အောင်နေတတ်ဖို့ပါပဲ။
စိတ်ဖိစီးမှုကင်းဝေးပြီး ညတွေကောင်းကောင်းအိပ်ပျော်နိုင်ပါစေ…

154 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.