တစ်ခြားတစ်ယောက်ဆီက ဘယ်တော့မှ မမျှော်လင့်သင့်တဲ့အရာများ

အားလုံးမျှော်လင့်ချက်ကိုယ်စီရှိခဲ့ဖူးမှာပါ။ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာတွေအတွက် မျှော်လင့်ချက်ထားလို့ရပေမဲ့ တစ်ခြားသူတွေဆီကတော့
ဘယ်တော့မှမမျှော်လင့်သင့်တဲ့အရာတွေရှိပါတယ်။ဘာလို့လဲဆိုတော့ သူတို့က သင်မဟုတ်လို့ပါ။သင်မဟုတ်တဲ့အတွက် သင့်လိုမျိုးစိတ်ခံစားချက်၊သင့်လိုမျိုး
အတွေးတွေ ထပ်တူရှိမှာမဟုတ်ပါဘူး။ဒါဖြင့် သူများတွေဆီက မမျှော်လင့်ထားသင့်တဲ့အရာတွေက ဘာတွေဖြစ်မလဲ?

*သင်ပြောတဲ့အတိုင်း သူတို့လက်ခံမယ်လို့ မျှော်လင့်မထားပါနဲ့
အပေါ်မှာပြောခဲ့သလိုပဲ သူတို့က သင်မဟုတ်တဲ့အတွက် သင့်စိတ်၊သင့်အတွေးနဲ့ထပ်တူမကျနိုင်ပါဘူး။ဒါကြောင့် သူတို့လည်း သင်ပြောတဲ့အတိုင်း
သဘောတူမယ်။လက်ခံမယ်လို့ တထစ်ချမယူဆထားပါနဲ့။

*လူတိုင်း သင့်ကို သဘောကျဖို့ မမျှော်လင့်ပါနဲ့
သူများတွေသင့်ကို သဘောကျလာအောင်လုပ်ဖို့လည်းမလိုသလို အားလုံးသင့်ကိုသဘောကျလာဖို့လည်း မမျှော်လင့်ပါနဲ့။လူတိုင်းကတော့ သင့်ကို
သဘောမကျနိုင်ပါဘူး။သင့်မှာ သဘောကျတဲ့အချက်တွေလည်းရှိနိုင်သလို သဘောမကျစရာအချက်တွေလည်းရှိမှာပါပဲ။ဒါကြောင့် အားလုံးက ကိုယ့်ကို
ချစ်ခင်တယ်။သဘောကျတယ်လို့ မျှော်လင့်မထားပါနဲ့။

*ကိုယ်လိုချင်သလို သူတို့တွေဖြစ်လာဖို့လည်း မမျှော်လင့်ပါနဲ့
လူတိုင်းမှာသူ့တန်ဖိုးနဲ့သူ ၊သူ့ပုံစံနဲ့သူရှိပါတယ်။ကိုယ်က ဒီလိုပုံစံဖြစ်ချင်တိုင်းသူတို့လိုက်ပြီးပြောင်းလဲပေးမယ်လို့မျှော်လင့်ထားလို့မရပါဘူး။သူတို့မှာလည်း
သူတို့ရဲ့ဖြစ်တည်မှုသီးသန့်တည်ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။

*ကိုယ့်စိတ်ကိုဖတ်တတ်ဖို့ မမျှော်လင့်ပါနဲ့
လူတော်တော်များများက နှုတ်ကဖွင့်မပြောပဲနဲ့ ကိုယ့်စိတ်ကိုဖတ်တတ်စေချင်ကြတယ်။မပြောပဲသိစေချင်ပါတယ်ပေါ့။ဒါပေမဲ့လည်း ပုံသေတွက်ထားလို့မရပါဘူး။
တစ်ချို့က ကိုယ့်စိတ်ကို နားလည်ပေမဲ့ တစ်ချို့ကလည်းပွင့်ပွင့်လင်းလင်းပြောမှသိကြတာပါ။ဒါကိုလည်း မေ့မထားပါနဲ့။

*ပြောင်းလဲလာမှာပဲလို့ မမျှော်လင့်ပါနဲ့
မျှော်လင့်လို့မကောင်းတဲ့အရာတွေထဲမှာ ဒီတစ်ခုကလည်း အဓိကပါဝင်ပါတယ်။တစ်နေ့နေ့များပြောင်းလဲလာမလားဆိုပြီး မမျှော်လင့်ထားပါနဲ့။လူတိုင်းမှာ
ကိုယ့်အားသာချက်နဲ့ကိုယ် ၊ ကိုယ့်အားနည်းချက်နဲ့ကိုယ်၊ ကိုယ့်ယုံကြည်ကိုးကွယ်မှုနဲ့ ကိုယ်ရှိပါတယ်။ဒါကို ကိုယ်က အားမလို အားမရနဲ့ သူတို့
ပြောင်းလဲလာဖို့မျှော်လင့်နေလို့မရပါဘူး။

*ကိုယ်ချစ်တိုင်း သူပြန်ချစ်လာမယ်လို့ မမျှော်လင့်ပါနဲ့
နောက်ဆုံးမျှော်လင့်ချက်မထားသင့်တဲ့အရာကတော့ အချစ်ပါပဲ။ကိုယ်ပေးတိုင်း ပြန်မရနိုင်ပါဘူး။အချစ်ဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့
တိုက်တွန်းချက်နဲ့မှ မဟုတ်ပဲ သူ့အလိုလိုဖြစ်ပေါ်လာတဲ့ ဖြူစင်တဲ့အချစ်ပါ။ကိုယ်ချစ်တိုင်း သူပြန်ချစ်လာဖို့ မျှော်လင့်ထားလို့မရပါဘူး။ကိုယ့်ကိုယ့်ကိုယ်ထက်
သူများကိုပိုချစ်ရင်တောင် သူတို့ပြန်မချစ်ရကောင်းလားဆိုပြီးအပြစ်တင်လို့လည်းမရပါဘူး။ဒါက သူတို့အမှားမှမဟုတ်ပဲလေ။

ဒီလိုအချက်တွေကို တစ်ခြားသူတစ်ယောက်ဆီက ဘယ်တော့မှ မမျှော်လင့်မိပါစေနဲ့။

60 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.