အချိန်တိုအတွင်းအမာရွတ်တွေလျော့ပါးသက်သာသွားစေမယ့် သဘာဝနည်းလမ်းအသွယ်သွယ်

ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်၊အနာတရဖြစ်ပြီးကျန်ခဲ့တဲ့အမာရွတ်၊အရေပြားရောဂါတစ်ခုခုကြောင့်ကျန်ရစ်ခဲ့တဲ့အမာရွတ်စသဖြင့် အမာရွတ်ကျန်ခဲ့ရခြင်းအကြောင်းရင်းတွေအများကြီးရှိပါတယ်။ဘယ်လိုအမာရွတ်တွေပဲဖြစ်ဖြစ် ထင်းမနေပဲ လျော့ပါးပျောက်ကွယ်သွားဖို့သဘာဝနည်းလမ်းကောင်းတွေလည်းရှိတဲ့အတွက် Trend ပရိသတ်ကြီးကို ပြန်လည်မျှဝေပေးချင်ပါတယ်။ဘယ်လိုနည်းလမ်းကောင်းတွေလဲဆိုရင်…

*ကြက်သွန်နီ

အမာရွတ်တွေလျော့ပါးပျောက်ကွယ်သွားဖို့ ကြက်သွန်နီအနည်းငယ်ကိုကြိတ်ချေပြီးအရည်ကိုယူပါ။ရလာတဲ့အရည်ကို အမာရွတ်ပေါ်သုတ်လိမ်းပြီးခြောက်သွေ့အောင်ထားပါ။၁၅မိနစ်ကြာတဲ့အခါ ရေနဲ့ဆေးကြောသန့်စင်လိုက်ပါ။တစ်ကြိမ်လုပ်ရင် ၃ခါ၊တစ်ပတ်ကို ၂ကြိမ်၊၃ကြိမ် အမာရွတ်ပျောက်တဲ့အထိလုပ်ပေးနိုင်ပါတယ်။

*ပျားရည်နဲ့မုန့်ဖုတ်ဆိုဒါ

နောက်ထပ်နည်းလမ်းကတော့ ပျားရည်နဲ့မုန့်ဖုတ်ဆိုဒါကိုရောစပ်သုံးပေးရမှာပါ။နှစ်ခုကို ဆတူရောစပ်လိုက်ပြီးရလာတဲ့ခပ်ပျစ်ပျစ်အနှစ်တွေကို အမာရွတ်ပေါ် ၅မိနစ်ကြာလိမ်းပြီးနှိပ်နယ်ပေးပါ။ဒီနည်းလမ်းလေးကို တစ်နေ့ကို ၂ကြိမ် နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။

*သံပုရာရည်

သံပုရာရည်ကလည်း အရေပြားပေါ်မှာကျန်နေတဲ့အမာရွတ်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါ။သံပုရာရည်မှာ Alpha Hydroxy Acids  ပါဝင်တဲ့အတွက်  ဆဲလ်သေတွေဖယ်ရှားပေးပြီးအမာရွတ်ဒဏ်ရာတွေလျော့ပါးစေပါတယ်။သံပုရာရည်နဲ့နှင်းဆီရည်ကိုဆတူရောစပ်ပြီးသုံးပေးရင်တော့ ပိုကောင်းပါတယ်။အမာရွတ်ပေါ်မှာလိမ်းပေးပြီး ၁၀မိနစ်လောက်ထားပါ။ပြီးရင်တော့ ရေနဲ့ဆေးချလို့ရပါပြီ။ဒီနည်းလေးကိုလည်း တစ်နေ့ကို ၂ကြိမ် ၃ကြိမ်လုပ်ပေးနိုင်ပါတယ်။

*ရှားစောင်းလက်ပတ်

အိမ်မှာရှားစောင်းလက်ပတ်အပင်တစ်ပင်လောက်စိုက်ထားတာက မမှားသောရွေးချယ်မှုပါပဲ။ရှားစောင်းလက်ပတ်ဟာ အသားအရည်ပြဿနာ အမျိုးမျိုးဖြေရှင်းပေးနိုင်ပါတယ်။ရှားစောင်းလက်ပတ်အနှစ်ကို အမာရွတ်ပေါ်မှာ လိမ်းပေးပြီး ခြောက်သွေ့သွားတဲ့အထိ ညင်သာစွာနှိပ်နယ်ပေးပါ။ဒီနည်းကိုလည်း တစ်နေ့တည်းမှာတင် ၂ကြိမ် ၃ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။

*ဆီးဖြူသီး

ဆီးဖြူသီးကိုလည်း အမာရွတ်ပျောက်ကင်းစေဖို့သုံးပေးနိုင်ပါတယ်။ဗီတာမင်စီကြွယ်ဝတဲ့ဆီးဖြူသီးဟာ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီးဆဲလ်သစ်တွေပြန်လည်ဖြစ်ပေါ်စေကာ အသားအရည်ကိုပြန်လည်လှပလာစေပါတယ်။ဆီးဖြူသီးအမှုန့်နဲ့ သံလွင်ဆီကို အနည်းငယ်စီရောစပ်ပြီးလိမ်းပေးမယ်ဆိုရင်ပိုပြီးထိရောက်တဲ့ရလဒ်ကို မြင်တွေ့ရပါလိမ့်မယ်။ရောထားတဲ့အနှစ်တွေကို အမာရွတ်ပေါ်ထူထူလေးလိမ်းပေးပြီး မိနစ် ၂၀လောက်ကြာအောင်ထားပေးပါ။အချိန်ပြည့်ရင် ရေနဲ့ဆေးချပေးလိုက်ရုံပါပဲ။

*Tea Tree oil

Tea Tree Oil ကိုလည်း အမာရွတ်ပျောက်ကင်းဖို့သုံးပေးနိုင်ပါတယ်။Tea Tree oil နှစ်စက်သုံးစက်ကို သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီအနည်းငယ်နဲ့ရောစပ်ပြီး အမာရွတ်နေရာတစ်ဝိုက်လိမ်းပေးထားပါ။ပြီးရင်နှိပ်နယ်ပေးပြီးတစ်ညလုံးထားပါ။နောက်တစ်နေ့မှ ရေနဲ့ဆေးကြောသန့်စင်ပေးပါ။ညအိပ်ရာမ၀င်ခင် အမြဲတမ်းလုပ်ပေးမယ်ဆိုရင် အမာရွတ်တွေအမြန်ဆုံးပျောက်သွားပါလိမ့်မယ်။

ဒီထဲကလွယ်ကူတဲ့နည်းလမ်းတစ်ခုကို ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် အမာရွတ်ကြောင့်စိတ်ညစ်စရာမလိုတော့ပါဘူးနော်။

Source:.bodyandbeans.com

117 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.