Webtoon ကို အခြေခံပြီး ရိုက်ကူးမယ့် ရုပ်ရှင်သစ်မှာ သူတို့နှစ်ယောက်ကို တွေ့မြင်ရတော့မှာလား

SF9 က Rowoon ကို ဇာတ်ကားသစ်လေးထဲမှာ တွေ့မြင်ရတော့မှာဖြစ်ပါတယ်။
ဒီကနေ့ မေလ ၁ဝရက်နေ့မှာ MBC drama မှ ထုတ်လွှင့်မယ့် ”July Found By Chance”
ဇာတ်ကားမှာ ပါဝင်မယ့်သရုပ်ဆောင်တွေကို ရွေးချယ်ခဲ့ပါတယ်။

SF9’s Rowoon And Kim Hye Yoon In Talks To Lead New Webtoon-Based Drama

ရွေးချယ်ခဲ့ရသူ အဓိကဇာတ်ဆောင်နှစ်ယောက်ကတော့ Kim Hye Yoon နဲ့ Rowoon တို့ပဲ
ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို အခုမှ ကမ်းလှမ်းထားတုန်းပါ။ အခုထိတော့ ရိုက်ဖြစ်မယ်လို့
အတည်မပြုရသေးပါဘူး။

Related image

ဒီရုပ်ရှင်လေးဟာ ပျော်စရာ အချစ်ကျောင်းဇာတ်လမ်းမျိုးဖြစ်ပါတယ်။ “SKY Castle” နဲ့
ပရိတ်သတ်အားပေးမှု ရရှိထားတဲ့ Kim Hye Yoon ကို ဒီဇာတ်ကားသစ်မှာရော မြင်ရဦးမှာလား
ဆိုတာ အားလုံးက ရင်ခုန်စောင့်မျှော်နေကြပါတယ်။

Image result for Kim Hye Yoon

Rowoon သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ “School 2017,” “About Time,” “Where Stars Land ” ပါ။ ဒီရုပ်ရှင်ကို လက်ခံမယ်ဆိုရင်တော့ အဓိကမင်းသားနေရာ တွေ့မြင်ရ
မှာဖြစ်ပါတယ်။

”July Found By Chance” ကို ဒါရိုက်တာ Kim Sang Hyup က ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ၂ဝ၁၉ နှစ်ဝက်လောက်ဆို ထွက်ရှိမယ်လို့ သိရပါတယ်။

49 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.