2PM အဖွဲ့ဝင် Junho အတွက် လက်ဆောင်ပို့ပေးခဲ့တဲ့ မင်းသမီးချော Song Ji Hyo

မေလ ၈ရက်နေ့က မင်းသမီးချောလေး Song Ji Hyo ဟာ သူမရဲ့ သူငယ်ချင်းဖြစ်သူ 2PM အဖွဲ့ဝင် Junho ရဲ့ ရိုက်ကွင်းကိုကော်ဖီကားတစ်စီး
လက်ဆောင်ပို့ပေးခဲ့တယ်လို့သိရပါတယ်။

Junho ကလည်းသူတို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကိုပြသတဲ့အနေဲ့ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ “အစ်မဂျီဟိုရေ ကျွန်တော်ကော်ဖီကောင်းကောင်းသောက်ခဲ့ရပါတယ်။အခု ကျွန်တော်တို့ အပိုင်း ၁၆ရိုက်ကူးနေတုန်းဆဲပါ။ဆက်ပြီးစောင့်မျှော်အားပေးပါဦး”ဆိုတဲ့ Caption လေးနဲ့ ကော်ဖီကားရှေ့ရိုက်ထားတဲ့ပုံတော်တော်များများကိုတင်ခဲ့တာမြင်တွေ့ရပါတယ်။

Junho ဟာ အခုလက်ရှိမှာ “Confession” ဆိုတဲ့ဇာတ်လမ်းတွဲရိုက်ကူးနေတာဖြစ်ပါတယ်။Song Ji Hyo က ကော်ဖီကားလက်ဆောင်ပို့ပေးခဲ့ပြီး Confession ဇာတ်လမ်းတွဲရိုက်ကူးနေတဲ့အနုပညာရှင်တွေရော၊လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေရောကော်ဖီသောက်ပြီးအားတင်းထားကြဖို့ ချစ်စရာစာလေးရေးသားခဲ့သေးတယ်လို့သိရပါတယ်။

Song Ji Hyo ကတော့ ၂၀၁၈ အတွင်းမှာ Lovely Horribly ဇာတ်လမ်းတွဲကိုမင်းသား Park Si Hoo နဲ့တွဲဖက်ရိုက်ကူးထားပြီး အခုလတ်တလောမှာတော့
ဇာတ်လမ်းတွဲအသစ်လက်ခံထားတာမျိုးမရှိသေးပါဘူး။မကြာသေးခင်ရက်ပိုင်းကလည်း Song Ji Hyo ဟာ မင်းသား Hong Jong Hyun အတွက် ကော်ဖီကားလက်ဆောင်ပို့ပေးခဲ့သေးတယ်လို့သိရပါတယ်။

Source:Soompi

253 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.