မျက်လုံးမှုန်သူတွေအတွက်တကယ့်ကိုထိရောက်မှုရှိတဲ့ နည်းလမ်းလေးတွေအကြောင်း…
.
(၁) မြင်းခွာရွက်
(၂) ကွမ်းရွက်
(၃) မုန်လာဥနီ
(၄) အာလူး
(၅) ရေ
(၆) အားကစား
Unicode
.မျက်လုံးမှုန်တဲ့ ဝေဒနာကို ခံစားရနေသူ တစ်ယောက်ဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ဖြစ်အောင်ဖတ်ပါနော်… လူတစ်ယောက်နဲ့တစ်ယောက်
အမြင်အားရုံအားကောင်းတာခြင်းမတူသလို တစ်ချို့ကျပြန်တော့လည်း မွေးရာပါ အာရုံကြောအားနည်းတတ်သူတွေပါ။ အကြောအားနည်းတာ
မျိုးမဟုတ်ဘူးဆိုရင်တောင် ဖုန်းတွေElectronic ပစ္စည်းတွေကြောင့် မျက်ကြောထိခိုက်ပြီး မျက်လုံးမှုန်ဝါးစေပါတယ်။
မျက်လုံးမှုန်တဲ့ဘဝက သိပ်ကို သနားစရာဆိုတာ အချင်းချင်းပဲနားလည်နိုင်မှာပါ။ အပူစားရင်မျက်မှန်ချွတ်စားရတယ်၊ မျက်မှန်မပါတဲ့နေ့ဆိုလည်း
ရှေ့က နေကိုယ့်အမေဖြတ်သွားရင်တောင် သေချာမမြင်လိုက်ရတဲ့ဘဝ ၊ မျက်မှာမပါတဲ့နေ့ဆို ဘယ်သူကိုယ့်ကိုယ်ပြုံးလို့ပြုံးပြနေမှန်းမသိတဲ့
စိတ်ရှုပ်စရာအခြေနေမျိုးပါပဲ။
ဆိုတော့ကိုယ်ကမျက်မှန်သမား ၊ မျက်လုံးမှုန်တဲ့သူတစ်ယောက်ဖြစ်နေပြီဆိုရင် ကိုယ့်ရဲ့မျက်လုံးကိုတစ်ဖြည်းဖြည်းပြန်မြင်လာအောင်
ဘယ်လိုလေးတွေကြိုးစားကြည့်သင့်သလဲ? ဆေးသောက်ရင်ရမယ်လို့မထင်ပါနဲ့နော် ။ မျက်စိပါရကူ ဆရာဝန်ကြီးတွေကိုယ်တိုင်ပြောပြထားတာက အဝေးမှုန်မျက်စိအားနည်းသူတွေဟာ
ဆေးသောက်လို့သက်သာတယ်ဆိုတာ ဘူးဆိုတာပါပဲ..ဒါဆို ဘယ်လိုနည်းလေးတွေနဲ့ Try ကြည့်လို့ရအုံးမလဲ? တစ်ချို့နည်းလေးတွေကတော့တော်တော်များများ
သိထားကြမယ်လို့ထင်ပါတယ်…
(၁) မြင်းခွာရွက်
မြင်းခွာရွက် ကမျက်လုံးအတွက်တကယ်ကိုထိရောက်တဲ့ဆေးတစ်ခွက်ပါ ။ မြင်းခွာရွက်ကိုဖျော်ရည်လုပ်သောက်ရင်လည်းရသလို၊
ဟင်းချိုအနေနဲ့(ဒါမှမဟုတ်) အစိမ်းတို့စားတာ သုပ်စားတာမျိုးတို့ကို တစ်ပတ်ကိုသုံးကြိမ်လောက်တော့လုပ်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင်ရေနွေးနဲ့ပြုတ်ပြီးအစိမ်းတို့စားတာ
ကပိုပြီးထိရောက်မယ်ထင်ပါတယ်။
(၂) က ွမ်းရွက်
ကွမ်းရွက်ကအပူကိုစုပ်ယူပေးနိုင်တဲ့နေရာမှာဆရာကြီးပါ။ မျက်လုံးဝေ၀ါးတဲ့သူတွေဆိုတာလည်း အပူများတာရယ်ာရုံကြောအားနည်းတာရယ်ကြောင့်သာဖြစ်တတ်တာမလို့
ကွမ်းရွက်ကို ရေစင်အောင်စစ်ပြီး မျက်လုံးနစ်ဖက်ကို တစ်ဖက်စီ အုံပေးထားပါ။ ညအိပ်ယာဝင်ခံနီးတိုင်းလုပ်ပေးမယ်ဆိုရင် တစ်လောက်အကြာသိသာလာနိုင်ပါတယ်။
(၃) မုန်လာဥနီ
မုန်လာဥနီကို အစိမ်းပဲတို့တို့ ၊ ရေခဲသေတ္တာထဲထည့်ပြီးအေအေးလေးပဲကိုက်စားစား ၊ ဖျော်ပဲသောက်သောက် ကြော်ပဲစားစား
အားလုံးအိုကေတာမလို့ ရှည်ရှည်ဝေးဝေးဘယ်လိုလုပ်စားပါတော့ပြောမနေတော့ပါဘူး။ မုန်လာဥနီရဲ့အစွမ်းကလည်းတစ်ချို့မျက်မှန်အထူကြီးဘဝကနေ
မျက်မှန်ကျွတ်တဲ့ဘဝ ကိုရောက်တာပါပဲ။
(၄) အာလူး
အာလူးကိုခပ်ပါးပါးလေးလှီးပြီး အပေါ်မှာ ပြောတဲ့ကွမ်းရွက်ကပ်နည်းအတိုင်းပဲကပ်ကြည့်ပါ။ အားလူးတစ်လှည့်ကွမ်းရွက်တစ်လှည့်ပေါ့။ အာလူးကလည်း
အပူကိုတော်တော်လေးစုပ်ပေးနိုင်တဲ့အရာမလို့ မျက်လုံးအတွက်အသုံဝင်နဲ့ ဆေးတစ်လက်ပါပဲ။
(၅) ရေ
မနက်နိုးနိုးခြင်းမျက်နှာ သစ်တော့မယ်လို့စဉ်းစာလိုက်တာနဲ့ မျက်လုံးကိုေ ရခွက်ထဲနှစ်ပြီးပုတ်ခတ်ပုပ်ခတ် (10) ကြိမ်သုံးကြော့လောက်
လုပ်ပေးပါ။ မျက်သားကို အေးစေပြီး မျက်လုံးအာရုံကြောကို လေ့ကျင့်ခန်းလုပ်ပေးသလိုဖြစ်စေနိုင်ပါတယ်။
(၆) အားကစား
မျက်လုံးဆရာဝန်တစ်ချို့နဲ့ မျက်လုံးမှုန်ခြင်းဝေဒနာကိုခံစားခဲ့ရသူတစ်ချို့ရဲ့ပြောပြပုံအရ အဝေးမှုန်သမားတွေအတွက်ပါ၀ါကျစေနိုင်တဲ့
အရာကတော့ လေ့ကျင့် ခန်းလုပ်ခြင်း၊ အားကစားလုပ်ခြင်းပါတဲ့။ ဘာဖြစ်လို့လဲဆိုရင် အားကစားလုပ်များလို့ချွေးထွက်များတဲ့ သူတစ်ယောက်က သူ့မျက်
လုံးရဲ့ပါ၀ါ တွေကို ကျစေနိုင်တယ်ဆိုလို့ပါ။ တစ်ချို့အားကစားသမားတစ်ချို့ရဲ့ ပြောပြချက်အရ ပါ၀ါလွတ်အောင်အားကစားလုပ်တာမျိုးမဟုတ်ပင်မဲ့ အားကစားလုပ်ပြီးနောက်ပိုင်းမှာတော့
ပါ၀ါက ပိုပြီးကျသွားတယ်လို့ ဆိုထားကြပါတယ်။
918 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.