ရင်ပူရင်ဆာ ခဏခဏဖြစ်နေတယ်ဆိုရင်….

ရင်ပူရင်ဆာဖြစ်ခြင်းကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။ ရာသီဥတုပူရတဲ့အထဲ ရင်ထဲကပါပူနေရင် နေရတာ သက်တောင့်သက်သာမရှိပါဘူး။အမေရိကန်လူမျိုး အများစုမှာ တစ်လကို အနည်းဆုံးတစ်ခေါက်တော့ ရင်ပူရင်ဆာဖြစ်နေပြီး ညဘက်တွေဆိုရင် ဘယ်လိုမှပြန်အိပ်လို့မရကြောင်းသိရပါတယ်။ ရင်ပူရင်ဆာဖြစ်ခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကတော့….

Image result for heartburn

အိပ်စက်ပုံစံအနေအထား

Image result for sleep

ရင်ပူရင်ဆာဖြစ်ခြင်းက သင့်ရဲ့ အိပ်ပုံအိပ်နည်းနဲ့အများကြီး သက်ဆိုင်ပါတယ်။ ဒီဝေဒနာကိုခံစားနေရသူအများစုအတွက် ဘယ်ဘက်ခြမ်းကိုစောင်းအိပ်ခြင်းက ပုံစံအမှန်ဖြစ်ပြီး သင့်ရဲ့ အစာခြေစနစ်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။နောက်ထပ် အိပ်စက်နည်းတစ်ခုကတော့ အပေါ်ပိုင်းခနာကိုယ်ကို အနည်းငယ်မြှင့်ပြီး အိပ်စက်ခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအိပ်စက်ခြင်းက အစာအိမ်အချဉ်ပေါက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တာမို့ပါ။ တစ်ခုသတိထားရမှာက သင့်ခေါင်းအုံးကိုမြှင့်အိပ်ပေးခြင်းက အကူညီဖြစ်မှာမဟုတ်ပါဘူး။ ခနာကိုယ်အပေါ်ပိုင်း တစ်ပိုင်းလုံးကို ပုံမှာပြထားတဲ့အတိုင်း အိပ်ယာမှ ၆လက်မအကွာ မြှင့်အိပ်ပေးမှ သက်သာပါမယ်။

စားသောက်မှုပုံစံ

Image result for eat

အဆီစိမ့်များတဲ့ အစားစာတွေကို ရှောင်ရှားတာက သင့်ကိုရင်ပူရင်ဆာဖြစ်ခြင်းမှ အကောင်းဆုံးကာကွယ်ပေးတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ရှောင်သင့်တဲ့ အစားစာတွေထဲမှာ သံပုရာသီး၊ ရှောက်သီး ၊ ကော်ဖီ ၊ လူကိုလန်းဆန်းစေတဲ့ ဖျော်ရည်များ (အထူးသဖြင့် ဆိုဒါ) ၊ ပူရှိန်း သကြားလုံး ၊ ခရမ်းချဉ်သီး ၊ အရက် (အထူးသဖြင့် ၀ိုင်နီ) ၊ ချောကလက်၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နဲ့ အစပ်တွေ ပါဝင်ပါတယ်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ သရေစာမုန့်တွေကိုလည်း ရှောင်ရှားပါ။ အရည်သွေးပြည့်မှီတဲ့ အစားစာတွေကိုစားမှ ခနာကိုယ်က ဒါတွေကို ကောင်းကောင်းအစာခြေဖျက်နိုင်မှာဖြစ်ပါတယ်။

အစားသောက် စားရာမှာ မလောပါနဲ့။ ဖြည်းဖြည်းနဲ့ပုံမှန် အစာကိုကြေညက်အောင် ၀ါးစားပါ။ ဗိုက်ဆာတယ်၊ ဟင်းကောင်းတယ်ဆိုပြီး ဗိုက်အရမ်းလေးသွားအောင် မစားလိုက်ပါနဲ့။ ကိုယ်ဗိုက်ကလက်ခံနိုင်သလောက်ပဲ စားပါ။ အစားသောက်က အရမ်းပူနေရင် (သို့) အရမ်းအေးနေရင်လည်း အလောတကြီး မစားလိုက်ပါနဲ့။

ခန္ဓာကိုယ်ကို ဂရုစိုက်

ဆေးလိပ် ၊ အရက်သောက်ခြင်းကို အပြီးပိုင်နှုတ်ဆက်လိုက်ပါ။ ခနာကိုယ်ဟာ ယေဘုယျအားဖြင့် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်နဲ့ သွေးလေလည်ပတ်မှုဟာ ကောင်းမွန်နေဖို့ပဲလိုအပ်တာပါ။ မကြာသေးခင်က လေ့လာမှုတစ်ခုမှာ ၀ိတ်အရမ်းချလွန်းရင်လည်း ရင်ပူရင်ဆာဖြစ်စေတယ်လို့သိရပါတယ်။ အခြားနေထိုင်မှုပုံစံတွေက ရင်ပူရင်ဆာဖြစ်ခြင်းကို မသက်သာစေဘူးဆိုရင်တော့ ဆရာဝန်ဆီမှာ သင့်ရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး သွားရောက်တိုင်ပင်ကြည့်ပါ။

တင်းကြပ်တဲ့ အ၀တ်စားတွေရှောင်သင့်

အရမ်းတင်းကြပ်လွန်းတဲ့ အ၀တ်အစားတွေဟာ ၀မ်းဗိုက်ကြွက်သားတွေကို ဖိအားများစေပြီး အစာအိမ်အတွင်း အချဉ်ဓာတ်ပမာဏာတွေမြင့်တက်လာနိုင်ပါတယ်။ ခနာကိုယ်နဲ့ ကွက်တိကျမယ့်  အကျီ င်္မျိုးကိုဝတ်ဆင်တာ ဘာမှမဖြစ်ပေမယ့် အမြဲတမ်း တင်းကြပ်တဲ့အကျီ င်္တွေကို ၀တ်ဆင်မယ်ဆိုရင် ရင်ပူရင်ဆာဖြစ်နိုင်ပါတယ်။ နောက်ပြီး လူကိုသက်တောင့်သက်သာလည်းမရှိစေပါဘူး။ ကျန်းမာစွာနေထိုင်ခြင်းနဲ့ ကြည်လင်လန်းဆန်းတဲ့ စိတ်ခံစားချက်ရှိမှသာ သင်ဟာ စစ်မှန်တဲ့အလှတရားကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုအဆင့်ကို လျော့ချ

Image result for stress out

စိတ်ဖိစီးတာနဲ့ ရင်ပူရင်ဆာဖြစ်ခြင်းက ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ သက်သေမပြနိုင်သေးပေမယ့် ဒါဟာ နောက်ထပ် ခနာကိုယ်ကို တစ်မျိုးမျိုးအကျိုးသက်ရောက်မှုရှိစေမယ်ဆိုတာ သိပံပညာရှင်များလည်း သိနေပါတယ်။ သီအိုရီတစ်ခုမှာတော့ စိတ်ဖိစီးမှုက ခနာကိုယ် အစိတ်အပိုင်းတော်တော်များများကို မသက်သာဖြစ်စေပြီး အစာပြွန်အတွင်း အက်ဆစ်ဓာတ်တွေတိုးပွားစေပါတယ်။

ဒါဆို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိပ်စက်မှု၊ စားသောက်မှုနဲ့ နေထိုင်မှုစနစ်ကိုသာ ဂရုစိုက်ဆင်ခြင်မယ်ဆိုရင် ရင်ပူရင်ဆာဖြစ်လို့ ညဘက်ကောင်းကောင်းအိပ်မရတာတွေလည်း မရှိတော့ဘူးပေါ့။

147 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.