စားသုံးနေတဲ့အစားစာတွေနဲ့ပတ်သတ်ပြီး ဘာတွေကိုဘယ်လိုရှောင်ကျဉ်ကာကွယ်မလဲ?

အင်တာနက်မှာတွေ့သမျှအရာတိုင်းဟာ သိပ္ပံပညာရှင်များရဲ့  သုတေသနာပြုမူအပေါ် အခြေခံထားတာမဟုတ်တဲ့အတွက် ယုံနေလို့မသင့်ပါဘူး။ကိုယ်ယုံမှတ်ထားတာနဲ့ အပြင်လက်တွေ့က တကယ့်အာဟာရဖြစ်စေတဲ့ အစားစာတွေရဲ့ အကျိုးသက်ရောက်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

Related image

(၁) Diet လုပ်ခြင်းနဲ့ပတ်သတ်သမျှ

Diet လုပ်ခြင်းဟာ သင့်ခန္ဓာကိုယ်အတွက် အင်အားမဖြစ်စေဘူးလို့ တစ်ချို့ ရေးသားချက်တွေမှာဖော်ပြထားပါတယ်။ တကယ်တော့ သိပံ္ပပညာရှင်များရဲ့ လေ့လာချက်များမှာ Diet တိုင်းဟာ ခန္ဓာကိုယ်ကို အကျိုးသက်ရောက်မှုမဆိုးဝါးစေပါဘူး။ ဥပမာ Mediterranean diet ဆို ထိရောက်မှုကောင်းပါတယ်။ ဒီdiet က အသီးရွက်၊ သစ်သီးဝလံ ၊ ပင်လယ်စာ ၊ ပဲတောင့် နဲ့ သံလွင်ဆီတို့ပေါ်အခြေခံထားတာဖြစ်ပါတယ်။ ဒီလိုမျိုးအာဟာရဓာတ်ဟာ ပရော့စတိတ် ကင်ဆာကို ၁၀ရာခိုင်နှုန်း ၊ ရင်သားကင်ဆာ (၁၅)ရာခိုင်နှုန်း ၊ အူမကြီးကင်ဆာ ၂၅ရာခိုင်နှုန်း လျော့ချပေးနိုင်ပါတယ်။

(၂) နွားနို့သောက်ခြင်းက အရိုးတွေသန်မာစေနိုင်

Image result for milk

နွားနို့မှာ ကယ်စီယမ်ဓာတ်တွေပါဝင်တဲ့အတွက် သွားနဲ့ အရိုးများကို သန်မာကြံ့ခိုင်စေတယ်။ အရိုးကျိုးခြင်းမှလည်း ကာကွယ်ပေးနိုင်တယ်လို့ အများစုကပြောကြပါတယ်။ နှစ် (၂၀)အတွင်း လူပေါင်း ၁.၂ မီလီလျံကို လေ့လာကြည့်ရာ နေ့တိုင်း နွားနို့သောက်ပေးခြင်းက သင့်အရိုးအဆစ်တွေကို ကြံ့ခိုင် သန်မာမှုမပေးနိုင်ပါဘူး။ အရိုးကျိုးခြင်းနဲ့ အရိုးပွရောဂါကိုလည်း မကာကွယ်ပေးနိုင်တာတွေ့ရပါတယ်။ အရိုးပွရောဂါမဖြစ်အောင် ဗီတာမင်ဒီ ၈၀၀ – ၁၀၀၀ မီလီဂရမ် စားသုံးပေးသင့်ပါတယ်။ ဗီတာမင်ကသာ နွားနို့ထက် သင့်အရိုးအဆစ်တွေကို ပိုမိုသန်မာကြံ့ခိုင်အောင် စွမ်းဆောင်ပေးနိုင်ကြောင်း သိရပါတယ်။

(၃) ကော်ဖီအရမ်းသောက်ရင်

ကော်ဖီတွေအရမ်းသောက်ရင် ကျန်းမာရေးထိခိုက်စေနိုင်ပြီး ရေဓာတ်ခန်းခြောက်စေတယ်လို့ သိရပါတယ်။ အမှန်က တစ်နေ့ကို အများဆုံး ကော်ဖီသုံးခွက်လောက်သောက်ပေးခြင်းက စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်းကို ၂၅ ရာခိုင်နှုန်း လျော့ချပေးနိုင်ပြီး ၊ တစ်နေ့ကို ကော်ဖီငါးခွက်သောက်ရင် အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကဖင်းဓာတ်မှာ Neuroprotective လုပ်ဆောင်မှုတွေဖြစ်တဲ့ စိတ်ကျရောဂါကိုလျော့နည်းလာစေခြင်း နဲ့ မှတ်ဥာဏ်အားကို ပိုကောင်းစေပါတယ်။ ကော်ဖီက သင့်ကိုရေဓာတ်မခန်းခြောက်စေဘူးလို့ သိပံ္ပပညာရှင်များ ရေးသားဖော်ပြထားပါတယ်။ တစ်နေ့ကို ကော်ဖီ (၄)ခွက်လောက်သောက်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှ ရေဓာတ်တွေကိုလည်း ထိန်းသိမ်းပေးနိုင်ကြောင်းသိရပါတယ်။ တကယ်တော့ ကော်ဖီကောင်းတစ်ခွက်ဟာ ဦးနှောက်စွမ်းရည်ကို မြင့်တင်ပေးနိုင်တဲ့အပြင် ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။

(၄) အစာအိမ်ကို ထိခိုက်စေတဲ့ အစပ်အစားစာများ

Image result for spicy

အစပ်တွေက အစာအိမ်ကိုထိခိုက်စေနိုင်တာမို့ အများကြီးမစားဖို့ လူကြီးတွေအမြဲသတိပေးကြမှာပါ။ မှန်ပါတယ်… မသန့်ရှင်း၊ မလတ်ဆတ်တဲ့ မှိုတက် ငရုတ်သီးမှုန့်တွေက သင့်ကို အစာအိမ်ထိခိုက်စေရုံမက ကင်ဆာရောဂါဖြစ်သည်အထိပါ ထိခိုက်မှုတွေပေးနိုင်ပါတယ်။ ဒီမှာ သိပံ္ပပညာရှင်များအကြံပြုထားတဲ့ အစပ်ဆိုတာက လတ်ဆက်တဲ့ ငရုပ်သီးစိမ်းတောင့်ဖြစ်ပါတယ်။ ငရုတ်သီးစိမ်းတောင့်ဟာ အဆီတွေကို ခြေဖျက်ပေးနိုင်ပြီး အ၀လွန်ခြင်း ၊ အဆီပိတ်ရောဂါ ၊ သွေးတိုးရောဂါ နဲ့ ဆီးချိုရောဂါအမျိုးစား (၂)မျိုးလုံးတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ငရုတ်သီးစိမ်း အရမ်းစားတဲ့အခါ မျက်လုံးတွေမှုန်လာတဲ့အထိတော့ဖြစ်နိုင်ပါတယ်။

(၅) ကျန်းမာရေးအတွက်မကောင်းတဲ့ ပြောင်းဖူးပေါက်ပေါက်

ပြောင်းဖူးပေါက်ပေါက်ရဲ့ ကယ်လိုရီက အာလူးကြော်မှာပါဝင်တဲ့ ကယ်လိုရီနဲ့ညီမျှတယ်လို့ ကြားဖူးပါတယ်။တကယ်က လတ်ဆတ်တဲ့ ပြောင်းဖူးပေါက်ပေါက်မှာ antioxidant ကိုတိုးပွားစေတဲ့ polyphenol ဓာတ်တွေများစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်မှ atherosclerosis ၊ ဆီးချိုရောဂါ နဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးနိုင်ပါတယ်။ ပြောင်းဖူးပေါက်ပေါက်မှာ အသီးရွက်နဲ့ သစ်သီးတွေထက်ပိုကောင်းတဲ့ antioxidants တွေများစွာပါဝင်တာမို့ စိတ်ချစွာသုံးဆောင်နိုင်ပါတယ်။

(၆) အုန်းဆီက အခြားဆီများထက်ပိုကောင်း

Image result for coconut oil

အုန်းဆီမှာ မကျေလွယ်သော အဆီဓာတ်တွေများစွာပါဝင်ပါတယ်။ သင့်မျက်စိရှေ့မှာမြင်နေရတဲ့ ထောပတ်တို့ ၊ အမဲသားနဲ့ ၀က်သားတွေမှာက အဆီဓာတ်တွေဟာ ၆၄ရာခိုင်နှုန်းနဲ့ ၄၀ရာခိုင်နှုန်းကြားမှာပဲရှိပါတယ်။ အဲ့ဒီထက်ပိုပြီး အဆီဓာတ်များသွားတဲ့အခါ သင့်ကျန်းမာရေးကို ထိခိုက်လာပါလိမ့်မယ်။ နှလုံးသွေးကြောစနစ်နဲ့ အုန်းဆီကြားမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆယ်နွယ်မှုရှိ၊ မရှိ သိပံ္ပပညာရှင်များမှ သေချာ အထောက်ထားပြထားခြင်းမရှိတဲ့အတွက် အများကြီး မစားသုံးတာအကောင်းဆုံးပါပဲ။

(၇) Green Tea သောက်တဲ့အခါ

Image result for green tea

Green Tea က အမျိုးစုံသော ကင်ဆာရောဂါတွေကိုကာကွယ်ပေးနိုင်တဲ့အတွက် ကိုယ်သောက်ချင်သလောက် သောက်လို့ရနိုင်ကြောင်း တစ်ချို့ ကပြောကြပါတယ်။ တစ်ချို့ အရည်အသွေးကောင်းတဲ့ Green tea တွေတော့ ထိခိုက်မှုမရှိနိုင်ပေမယ့် ကိုယ်သောက်နေတဲ့ green tea မှာ ဓာတုပစ္စည်းတွေပါလာတဲ့အခါ ထိုအရာတွေက သင့်အသည်းကို အဆိပ်တောက်ဖြစ်စေပါတယ်။ တစ်နေ့ကို (၄)ခွက်ထက်ပိုပြီးတော့ မသောက်သုံးသင့်ပါဘူး။ Green tea ဟာ ရောဂါအားလုံးကို မပျောက်ကင်းစေနိုင်တဲ့အတွက် ရေအစား သူ့ကိုအများကြီးသောက်သုံးတာမျိုးရှောင်ကျဉ်သင့်ပါတယ်။

ဒါကြောင့် တစ်ချို့ အစားစာတွေဟာ သူများတွေပြောသလောက် အကျိုးသက်ရောက်မှု ဆိုးဝါးတာမျိုးမရှိတာကြောင့် စာဖတ်သူများအနေနဲ့ ကိုယ်ကြိုက်နှစ်သက်တာကို စိတ်ချ လွတ်လပ်စွာစားသုံးနိုင်ပါတယ်။ “တန်ရင် ဆေး  လွန်ရင် ဘေး”  ဆိုတဲ့စကားအတိုင်း ဘာပဲဖြစ်ဖြစ် ကိုယ်စားတဲ့အခါ ကြိုက်လို့ဆိုပြီး အလွန်အကျွံမစားမိဖို့တော့လိုတာပေါ့။

18 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.