အသားရည်ခြောက်တတ်သူတွေအတွက် အကောင်းဆုံး ရေဓာတ်ဖြည့်ဆေးလေး

အသားရည်ခြောက်လို့ပဲ ဖြစ်ဖြစ် ၊ အဆီပြန်ရင်ပဲဖြစ်ဖြစ် မျက်နှာအသားရည်မကောင်းရင်
ဘာလိမ်းလိမ်းအဆင်မပြေပါဘူး။ အခုတော့ အသားရည်ခြောက်တဲ့သူတွေအတွက် အကောင်းဆုံး
ရေဓာတ်ဖြည့်ပေးမယ့် skin care တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။

ဒါကတော့ ကိုရီးယား skin care brand တစ်ခုဖြစ်တဲ့ LANEIGE ပါ။

Related image

LANEIGE ရဲ့ထုန်ကုန်တော်တော်များများဟာ အသားရည်ရေဓာတ်ဖြည့်ဆည်းပေးဖို့ကို ဦးစားပေးထားတာကြောင့်
အသားရည်ကို healthy ဖြစ်စေပါတယ်။

Related image

LANEIGE ရဲ့နာမည်ကြီး Water Sleeping Mask လေးဟာ တော်တော်များများ ကြိုက်ကြတဲ့
ပစ္စည်းလေးပါ။ သူ့ရဲ့လုပ်ဆောင်ချက်တွေက ညအိပ်နေချိန် ဒီ Water Sleeping Mask ကို
လိမ်းအိပ်ရင် မျက်နှာကို တစ်ညလုံး ရေဓာတ်ဖြည့်ပေးနေပြီး တစ်နေကုန်ပင်ပန်းထားသမျှ
ဖိစီးမှုတွေကို လျော့ချပေးနိုင်ပါတယ်။

Image result for laneige moisture essence

မိတ်ကပ်မလိမ်းခင် LANEIGE ရဲ့ moisture essence ဟာ ချွဲကျိမနေပဲ မျက်နှာပေါ်ရောက်တာနဲ့
အေးမျှတဲ့ခံစားမှုနဲ့အတူ သင်းပျံတဲ့ရနံ့လေးက သင့်ကို စိတ်ကြည်လင်မှုပေးစွမ်းနိုင်မှာပါ။ အဲ့ဒါလေး
လိမ်းပြီး မိတ်ကပ်ထပ်လိုက်ရင် မိတ်ကပ်သားညက်စေပြီိး အစိုဓာတ်ကြောင့် မျက်နှာလေး
ကြည်လင်ဝင်းမွတ်စေပါတယ်။

Related image

ဒီပစ္စည်းနှစ်ခုတည်းနဲ့တင် သင့်အသားရည်ကို လုံလောက်တဲ့အစိုဓာတ်ကိုဖြည့်စွမ်းပေးနိုင်မှာ
ဖြစ်ပါတယ်။ LANEIGE ကို အွန်လိုင်းတွေမှာတော့ ဝယ်ယူလို့ရနေပါပြီ။ ပစ္စည်းအတု ၊ အစစ်တွေ
ကိုတော့ သေချာစစ်ဆေးပြီးမှ ဝယ်ယူပါလို့ အကြံပေးလိုက်ပါရစေ…

71 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.