ဟောလိဝုဒ်ဇာတ်ကားမှာ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်အကြောင်းပြောပြလာတဲ့ Ma Dong Seok

၇၂ကြိမ်မြောက်ကျင်းပခဲ့တဲ့ Cannes Flim Festival ကို တက်ရောက်ခဲ့တဲ့ Ma Dong Seok ဟာ
ဟောလိ​ဝုဒ်ရုပ်ရှင်မှာ ပါဝင်လာမယ့် သူ့ရဲ့ဇာတ်ရုပ်အကြောင်းကို ပြောပြခဲ့ပါတယ်။
Marvel Studio က အသစ်ထွက်ရှိမယ့် ”The Eternals” ရုပ်ရှင်အတွက် လတ်တလော
ဆွေးနွေးနေတုန်းလို့ သိရပါတယ်။

သူ့ရဲ့ “The Gangster, the Cop, the Devil ” ရုပ်ရှင်ဟာ ဟောလိဝုဒ်ထိတောင် ထိုးဖောက်နိုင်ခဲ့
တာမို့ ပရိတ်သတ်တွေကလည်း ဒီသတင်းနဲ့ပတ်သတ်ပြီး ရင်ခုန်နေကြပါတယ်။

“The Eternals ” နဲပတ်သတ်ပြီး ကျွန်တော်တို့ စကားပြောနေတုန်းပဲရှိပါသေးတယ်။
ဒီဇာတ်ကားအတွက် ကျွန်တော့်ကို ကမ်းလှမ်းထားတာတော့ အမှန်ပါ။ နောက်တစ်ချိန် ကျွန်တော်တို့
ဆွေးနွေးရဦးမှာပါ။ ဘယ်လို ဇာတ်ရုပ်မျိုးဖြစ်မလဲတော့ သေချာမသိသေးဘူးပေါ့ ”

” ဟောလိ​၀ုဒ်ဇာတ်ကားမှာ သရုပ်ဆောင်ရတော့မယ်ဆိုရင် အင်္ဂလိပ်ဘာသာစကားအပြင် သူတို့ဆီ
က သရုပ်ဆောင်ပညာကိုပါ ကျွန်တော်ထပ်သင်ယူရဦးမှာပါ။ ဒီလိုနာမည်ကြီး “Marvel Cinematic Universe” နဲ့ အလုပ်အတူတွဲလုပ်ရလို့လည်း ကျွန်တော် ဝမ်းသာတယ်။ ” – Ma Dong Seok

72nd Cannes Film Festival ကို “The Gangster, the Cop, the Devil ” ရုပ်ရှင်နဲ့ ဖိတ်ကြားခြင်းခံခဲ့ရတာပါ။ ဒီအတွက်လည်း ပရိတ်သတ်တွေအားလုံးက ဂုဏ်ယူချီးကျုးနေကြပါတယ်။
premiere က ပိုအရေးကြီးတယ်… Cannes ကို ကျေးဇူးတင်ပါတယ်လို့ ထပ်မံပြောကြားသွားပါ
တယ်။ မေလ ၁၅ရက်နေ့ဆို “The Gangster, the Cop, the Devil” ကို အကြိုပြသသွားမှာဖြစ်ပါ
တယ်။

83 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.