ထမင်းစားတိုင်းဇွန်းမသုံးပဲ လက်နဲ့စားတတ်တဲ့အကျင့်က မှန်ရဲ့လား?…




စားဖို့အကြံပြုပါရစေ…တစ်ခါတစ်လေလက်နဲ့စားသုံးလိုက်တာ ဟာ ဘာမှတော့ကိုယ့်ကျန်းမာရေးကိုမထိခိုက်နိုင်စေပင်မဲ့ အမြဲလိုလိုတော့

Unicode

ကျွန်တော်တို့လို မြန်မာလူမျိုးတွေတော်တော်များများကတော့ ထမင်းစားပြီဆို ပယ်ပယ်နယ်နယ်ပဲလက်နဲ့နယ်စားရတာ အားရတတ်ကြသူတွေ
ပါ…ဒီလိုစားမှလည်းခံတွင်းက မြိန်သကိုး… လက်နဲ့အားရပါးရစားတာက အရသာတော့ ရှိကောင်းရှိနိုင်ပင်မဲ့ ခန္ဓာကိုယ်အတွင်းမှာတော့
ရောဂါပေါင်းသောင်းခြောက်ထောင် ဝင်ရောက်နိုင်တယ်ဆိုတာလည်းမမေ့ပါနဲ့။ ဒါဆိုရင်မေးစရာဖြစ်လာပြီ ကျွန်တော်တို့ အဖိုးဖွားတွေဘိုးဆင်ဘောင်ဆက်
စားလာတာ လက်နဲ့နယ်ပယ်ပြီးတော့ပါပဲဟ..သူတို့ တုန်းကကြတော့ဒီလို ရောဂါတွေမဝင်ပါ့လားလို့ ထင်ကြပါလိမ့်မယ်…ဒါကဒီလိုပါ…

ကျွန်တော်တို့ဘိုးဘွားတွေခေတ်က တိုင်းပြည်ကြီးလည်းဒီလောက်မတိုးတတ်သေးသလိုနည်းပညာတွေလည်းဒီလောက်မမြင့်မားခဲ့ကြပါဘူး။ဒါ့အပြင် ဓာတုဗေဒပစ္စည်းတွေနဲ့ဆိုတာလည်းထိတွေ့
ဖို့ကရာခိုင်နှုန်းတော်တော်နေကြပြီး လူဦးရေကလည်းအခုလိုထူထပ်မ နေသေးပါဘူး။ ဒါကြောင့်ပိုမွှားတွေလက်ကတစ်ဆင့်ကူးစက်ဖို့ဆိုတာ လည်း တော်ရုံမဖြစ်နိုင်တော့ပါဘူး။
အရင်ကလက်ကို ဆပ်ပြာနဲ့ဆင်ရုံ လက်သည်းထဲချေးမရှိတာနဲ့တင် ထမင်းကိုလက်နဲ့စားလို့အဆင်ပြေပင်မဲ့ အခုလိုလူနေထူထပ် နေရာတကာ ပိုးမွှားတွေပေါကြွယ်ဝနေတဲ့ ခေတ်ကြီးမှာ
လက်ကို ဆပ်ပြာလေးဆေး လက်သည်းလေးညှပ်ထားပြီးလက်နဲ့စားတာတောင် လက်ထဲရောဂါပိုးမပါဘူးလို့မပြောနိုင်ပါဘူး။ တစ်နေ့တစ်နေ့ကားပေါ်မှာ ၊ လမ်းထဲမှာ နေရာတကာမှာ ထိတွေ့ကိုင်တွယ်ရတဲ့ဒီလက်
ဟာ ပိုးမွှားအများဆုံးနေရာပါပဲ။
ဒါကြောင့် လူတိုင်းကို ဆေးပညာကျွမ်းကျင်သူများက ယနေ့ခေတ်မှာ ထမင်းစားတိုင်းဇွန်းကို အသုံးပြုပြီးပဲစားစေချင်ကြတော့တာပါ။
၆လလောက် စစ်တမ်းကောက်ပြီးလေ့လာကြည့်မယ်ဆိုရင် ဇွန်းနဲ့စားတဲ့သူနဲ့လက်နဲ့စားတဲ့သူနှစ်ဦးမှာ လက်နဲ့စားတဲ့သူထက် ဇွန်းနဲ့စားတဲ့သူက
ပိုပြီးသက်လုံပိုင်းကို ကောင်းစေပြီး ဖျားနာရောဂါတောင်အဖြစ်နည်းတယ်လို့သိရပါတယ်။
ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင် ဇွန်း၊တူ တို့ကိုအသုံးပြုပြီးအစားစားပါ …မဖြစ်မနေလက်နဲ့ကိုင်စားရမယ်ဆိုခဲ့ရင်တောင် လက်ကို နှစ်ထပ်သုံးထပ်လောက်ဆေးကြောပြီးမှ
စားဖို့အကြံပြုပါရစေ…တစ်ခါတစ်လေလက်နဲ့စားသုံးလိုက်တာ ဟာ ဘာမှတော့ကိုယ့်ကျန်းမာရေးကိုမထိခိုက်နို်င်စေပင်မဲ့ အမြဲလိုလိုတော့
လက်နဲ့မစားဖြစ်အောင်အကျင့်လုပ်ထားနိုင်ကြပါစေ…

496 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.