Kim Jae Wook (Ryan Gold) ရဲ့ ပရိသတ် နှုတ်ခမ်းနီမလေးတွေသိဖို့…

“Every fangirl needs a Ryan Gold” ဆိုတဲ့ စကားလေးက အခုလတ်တလော ကေဒရာမာချစ်သူတွေကြားမှာရေပန်းစားနေပါတယ်။သင်သာ
ကိုရီးယားဇာတ်လမ်းတွဲတွေကို အမြဲမပြတ်စောင့်ကြည့်အားပေးနေသူဆိုရင်တော့ Ryan Gold ကိုသိမှာပါပဲ။

Ryan Gold လို့နာမည်ကြီးနေသူကတော့ မင်းသား Kim Jae Wook ပဲဖြစ်ပါတယ်။အခုလတ်တလော ပြသနေဆဲ “Her Private Life” ဇာတ်လမ်းတွဲမှာ မင်းသား Kim Jae Wook ကို နာမည်ကျော်အဆိုတော်တစ်ယောက်ကို သဘောကျနေတဲ့ Fan Girl လေးကိုချစ်မိပြီး နောက်ကွယ်ကနေ ကူညီပေးနေတဲ့ ပြခန်းဒါရိုက်တာအဖြစ်မြင်တွေ့ရပါတယ်။ဒါကြောင့်ပဲ “Every fangirl needs a Ryan Gold” ဆိုတဲ့စကားလေးက ပေါ်လာခဲ့တာဖြစ်ပါတယ်။အစပျိုးနေတာလည်း တော်တော်ရှည်သွားပြီဆိုတော့ အခုမင်မင်က ယူတို့အတွက် မင်းသားချောလေး Kim Jae Wook ရဲ့ အကြောင်းလေးကို ပြောပြပါတော့မယ်။သူ့ရဲ့ စိတ်ဝင်စားစရာအကြောင်းလေးတွေကို ဖတ်ကြည့်လိုက်ပါဦး

* သရုပ်ဆောင်လောကထဲကို ခြေမချခင် သူက Walrus ဆိုတဲ့ဂီတအဖွဲ့မှာပါဝင်ခဲ့ပါတယ်။သူတို့ရဲ့ အယ်လ်ဘမ်ကို ၂၀၁၁ တုန်းက ဖြန့်ချီခဲ့ပြီး ဆယ်နှစ်ကြာအောင်သူတို့အဖွဲ့က အတူရှိခဲ့ပါတယ်။နောက်ပိုင်းမှ အဖွဲ့ကွဲသွားပြီး Kim Jae Wook ဟာ မော်ဒယ်လ်နဲ့သရုပ်ဆောင်ဘက်ပိုင်းကို ပိုပြီးဦးစားပေးအာရုံစိုက်ခဲ့တာဖြစ်ပါတယ်။

*ဂီတလောကထဲကနေ အနုပညာလောကထဲအပြောင်းမှာ သူဟာ မော်ဒယ်လ်ဘ၀နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။အောင်မြင်တဲ့မော်ဒယ်လ်တစ်ယောက်အဖြစ်
နာမည်ကျော်အမှတ်တံဆိပ်တွေ၊ဖက်ရှင်ရှိုးပွဲတွေမှာ လျှောက်ခဲ့ဖူးပါတယ်။

*မော်ဒယ်လ်ဘ၀ကနေ သရုပ်ဆောင်လောကထဲကူးပြောင်းချိန်မှာလည်း Kim Jae Wook ဟာ အရမ်းကြိုးစားခဲ့ပါတယ်။သူ့ကို အခုနောက်ပိုင်းအချစ်ဇာတ်လမ်းတွဲတွေမှာ မြင်တွေ့လာရတယ်ဆိုပေမဲ့လည်း သူဟာ တစ်မူထူးခြားတဲ့ဇာတ်ကောင်စရိုက်တွေမှာလည်း အံဝင်ခွင်ကျဖြစ်ခဲ့သူတစ်ယောက်ပါ။
သူဟာ Gay တစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးသလို ဗီလိန်ဇာတ်ရုပ်တွေမှာလည်းသရုပ်ဆောင်ခဲ့ဖူးပါတယ်။သူပထမဆုံးသရုပ်ဆောင်ရတဲ့
ဇာတ်လမ်းတွဲဟာ ၂၀၀၂ တုန်းကထွက်ရှိခဲ့တဲ့ Ruler of your own World ဖြစ်ပြီး အဲ့ဒီဇာတ်လမ်းတွဲမှာသူလုပ်ဆောင်ရတဲ့ဇာတ်ကွက်ကသိပ်မရှိခဲ့ပါဘူး။
သူဟာ သရုပ်ဆောင်ရတာအရမ်းခက်ခဲကြောင်းသိခဲ့ပြီး နောက်ထပ် ၅နှစ်ကြာတဲ့အထိ အနုပညာလောကနဲ့အဆက်အသွယ်ဖြတ်ထားခဲ့ပါတယ်။၂၀၀၇ ခုနှစ်
မှ သရုပ်ဆောင်လောကထဲပြန်ဝင်လာခဲ့ပြီး Dalja’s Spring  ၊ Coffee Prince ၊ Voice ၊ The Guest  စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှု ပိုပြီးရရှိလာခဲ့တာဖြစ်ပါတယ်။

*Kim Jae Wook ဟာ ကိုရီးယားစကားအပြင် ဂျပန်စကားလည်းပြောတတ်ပါတယ်။

*သရုပ်ဆောင်နာမည်က Kim Jae Wook ဖြစ်သလို သူ့ကို  JJ ၊ Jayden ၊ Jae ဆိုပြီးလည်း ခေါ်ကြပါတယ်။

*သူ့ကို ၁၉၈၃ ခုနှစ် ဧပြီ ၂ရက်နေ့ ဆိုးလ်မြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး အစ်ကိုတစ်ယောက်ရှိပါတယ်။သူ့ရဲ့အဖေက ဂျာနယ်လစ်စ်တစ်ယောက်ဖြစ်လို့ သူအသက် ၇နှစ်အရွယ်ထိ ဂျပန်မှာနေခဲ့တာဖြစ်တယ်လို့သိရပါတယ်။သူ အသက် ၈နှစ်မှ ကိုရီးယားကိုပြန်လာခဲ့တာဖြစ်ပါတယ်။

*ဂီတနဲ့သရုပ်ဆောင်အပြင် စာအုပ်တွေဖတ်ရတာ၊ဘတ်စကတ်ဘောကစားရတာ၊ဘောလုံးကစားရတာကိုသဘောကျနှစ်သက်ပါတယ်။ထူးခြားတဲ့
ဝါသနာတစ်ခုကတော့ သူပျင်းလာတိုင်းသန့်ရှင်းရေးလုပ်တာပါ။သူ့အခန်းနေရာကို သန့်ရှင်းရေးလုပ်တာတင် ၄နာရီ ၅နာရီကြာပါတယ်တဲ့။

အခုလက်ရှိမှာတော့ ယူတို့ရဲ့ အိုပါးက အသက် ၃၆ နှစ်ရှိနေပြီဖြစ်ပြီး အချစ်ရေးသတင်းကတော့ မကြားရသေးပါဘူး။သူသဘောကျတဲ့မိန်းကလေးပုံစံကို
သေချာပြောပြထားတာမျိုးမရှိပေမဲ့ သူ့ရဲ့ အရင် relationship တွေအရ သူဟာ ကိုရီးယားသူလေးတွေထက် ဂျပန်မလေးတွေကိုပိုပြီးစိတ်ဝင်စားတယ်လို့ယူဆ
ရပါတယ်။သူ့ရဲ့ရည်းစားဟောင်းအများစုဟာ ဂျပန်မိန်းကလေးတွေဖြစ်တယ်လို့သိရပါတယ်။

ဒီလောက်ဆိုရင် Kim Jae Wook ရဲ့ ပရိသတ်မလေးတွေကျေနပ်လိမ့်မယ်ထင်ပါတယ်နော်။

Source:annyeongoppa.com/miner8.com

43 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.