ဇာတ်လမ်းတွဲအသစ်မှာ တွဲဖက်မြင်တွေ့ရနိုင်ဖွယ်ရှိတဲ့ မင်းသား Cha Seung Won နဲ့ Lee Kwang Soo

ပရိသတ်တွေရဲ့အသည်းစွဲမင်းသားချောလေး Lee Kwang Soo ကိုမကြာခင်ဇာတ်လမ်းတွဲသစ်တစ်ခုမှာ ထပ်ပြီးမြင်တွေ့ရနိုင်ဖွယ်ရှိပါတယ်။

မေလ ၉ရက်နေ့မနက်ပိုင်းက Lee Kwang Soo နဲ့ အတွင်းသိရင်းနှီးသူ ရုပ်ရှင်လောကသားတစ်ယောက်က Lee Kwang Soo ဟာ “Water Hole” လို့ယာယီနာမည်ပေးထားတဲ့ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်ဖြစ်ဖို့များတယ်လို့ပြောပြခဲ့ပါတယ်။

“Water Hole” ဇာတ်လမ်းတွဲသစ်ဟာ အသစ်ဆောက်ထားတဲ့ အဆောက်အဦးတစ်ခု ရုတ်တရက်ပြိုကျပြီးငှားရမ်းနေထိုင်သူတွေပါ အဆောက်အဦးထဲပိတ်မိနေတဲ့အဖြစ်အပျက်အကြောင်းရိုက်ကူးပုံဖော်သွားမယ့်ပုံစံဖြစ်ပါတယ်။ဒါရိုက်တာ Kim Ji Hoon ရိုက်ကူးမှာဖြစ်တယ်လို့သိရပြီး ဒီဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ဖို့ မင်းသား Cha Seung Won ကိုလည်းကမ်းလှမ်းထားတယ်လို့သိရပါတယ်။

ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး Lee Kwang Soo ပါဝင်သရုပ်ဆောင်မယ်လို့အတည်ပြုထားခြင်းတော့မရှိသေးပါဘူး။မင်းသား Lee Kwang Soo ဟာအခု
နှစ်တွေမှာ“The Accidental Detective 2: In Action” ၊ “Collective Invention” ၊ “Inseparable Bros” စတဲ့ဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတဲ့အပြင် မကြာခင်သူ့ရဲ့ “Tazza 3” ဆိုတဲ့ဇာတ်လမ်းတွဲသစ်ဟာလည်း ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

“Water Hole” အတွက် သရုပ်ဆောင်တွေအားလုံးအတည်ပြုရွေးချယ်ပြီးသွားရင် ဒီနှစ်ဝက်ကျော်လောက်မှာစတင်ရိုက်ကူးသွားမှာဖြစ်တယ်လို့သိရပါတယ်။မင်းသား Lee Kwang Soo ရော မင်းသား Cha Seung Won ရော ဒီဇာတ်လမ်းတွဲမှာပါဝင်ဖို့လက်ခံလိုက်ပြီဆိုရင်တော့ ပရိသတ်တွေသဘောကျနှစ်သက်ကြတဲ့မင်းသားနှစ်လက်ကို ဇာတ်လမ်းတွဲတစ်ခုတည်းမှာမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။

Source:Soompi

160 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.