အစားသောက်တွေကိုပူပူနွေးနွေးစားခြင်း(သို့)နွှေးစားခြင်းကဘာလိုအကျိုးရှိစေနိုင်သလဲ?…

ဘာစားစားပူပူနွေးနွေးလေးစားတတ်တဲ့အကျင့်လေးက သင်တို့အတွက်ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရှိတယ်ဆိုတာကိုသိပြီးကြပြီလား?…
အစားသောက်တွေကိုစားတဲ့အခါ တစ်ချို့က တော့ဘယ်လိုအခြေနေမျိုးပဲဖြစ်ဖြစ် အလွယ်တကူကောက်စားလိုက်ပင်မဲ့ တစ်ချို့ကျတော့
နွှေးပြီးစားရမှ၊ ပူတုန်းလေးစားရမှဆိုတဲ့ ခံစားချက်မျိုးရှိတတ်ကြပါတယ်။ ဒီလိုနွှေးစားတတ်တာလဲအလုပ်ရှု့ပ်တယ်ထင်ရပင်မဲ့ တကယ်တော့ လူ့ခန္ဓာကိုယ်အတွက်
ကောင်းမွန်တဲ့အလေ့အထလေးဆိုတာ ကို ကျွန်တော်တို့မေ့နေကြတာပါ။
ဘာကြောင့်ပူပူနွေးနွေးအစားစာတွေကိုစားသုံးသင့်သလဲ? ဒီလိုအစားစာတွေကသင့်ခန္ဓာကိုယ်အတွက်ဘယ်လိုကောင်းကျိုးတွေပေးနိုင်သလဲဆိုတာကို သိရအောင်
အနည်းငယ် Sharing လုပ်ပေးလိုက်ပါတယ်နော်…


– အစာကြေလွယ်ပါတယ်
ပူပူနွေးနွေးလေး စားသုံးပေးခြင်းက သင့်ရဲ့အစာခြေဖျက်အားကိုမြန်စေပြီး အစာမကြေမှာမစိုးရိမ်ရတော့ပါဘူး။ ခပ်အေးအေးအစားစာတွေကို
စားတာထက်စာရင် ပူပူနွေးနွေး လေးစားသုံးပေးခြင်းကအစာချေဖျက်အားကိုပိုကောင်းစေပါတယ်။
– ရောဂါပိုးတွေသေစေနိုင်တယ်
ပူပူလေးစားပေးခြင်းက အူထဲက ပိုးမွှားတွေကိုသေစေနိုင်ပြီး အန္တရာယ်ဖြစ်နိုင်တဲ့ ရောဂါပိုးမွှားတွေကိုသေစေနိုင်တယ်လို့သိရပါတယ်။
အအေးစာထက်စာရင် အပူစာတွေကို စားသုံးပေးခြင်းက ရောဂါပိုးမွှားတွေကို သေစေနိုင်တာတော့အမှန်ပါပဲ။
– လတ်ဆက်တဲ့အရသာကိုခံစားရတယ်
အစားစာပူပူလေးတွေကိုစားသောက်ပေးခြင်းက လတ်လတ်ဆတ်ဆတ်အစားစာလေးတွေကိုစားရသလိုခံစားရမှာပါ။ ချက်ခြင်းချက်ထားတဲ့ဟာမစားရင်တောင်နွှေးပြီး
စားပေးရင် ပူနွေးလတ်ဆတ်တဲ့အရသာကိုခံစားရမှာပါ။
– စိတ်ကိုလန်းဆန်းစေတယ်
အေးတဲ့အစားစားတွေစားမှ စိတ်လန်းတယ်ထင်ရပင်မဲ့ တစ်ခါတစ်လေ ပူပူနွေးနွေးလေးစားလိုက်ရမှာ ပွင့်ထွက်လန်းဆန်းသွားတာတွေရှိတတ်ကြပါတယ်။
ဒီလိုစားပေးခြင်းကြောင့်ချွေးထွက်အားကောင်းလာစေပြီး စိတ်ကိုပိုပြီးလန်းဆန်ကာ မလိုအပ်တဲ့ ဆဲလ်သေတွေကိုပါ ချွေးနဲ့အတူ ရောပါသွားစေနိုင်ပါတယ်။
– ခံတွင်းရောဂါဖြစ်ခြင်းမှကာကွယ်ဖို့အတွက်တစ်ဖက်တစ်လမ်းကနေအထောက်ကူပြုတယ်
ခံတွင်းထဲမှာ မမြင်နိုင်တဲ့ပိုးမွှားပေါင်းမြောက်မြားစွာရှိနေတတ်ပါတယ်။ ဒီလိုပူပူနွေးနွေးလေးစားပေးတဲ့အခါ ခံတွင်းထဲက ပိုးမွှားတွေကို အနည်းငယ်ဖြစ်ဖြစ်တော့
သေစေနိုင်တာမလို့ ပူပူလေးစားပေးလေ ကျန်းမာလေဖြစ်နေမှာပါပဲ။ ရှေးလူကြီးတွေပြောဖူးကြပါတယ် ထမင်းနွေးဟင်းနွေးနဲ့ဘယ်အရာမှ
မလဲနိုင်ဘူး…ဆိုတာ လေ။ ဒါကြောင့်ပူနွေးတဲ့အစားအစာက သင့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာအတွက်အကောင်းဆုံးအစားအစားပါပဲ..

Unicode

.ဘာစားစားပူပူနွေးနွေးလေးစားတတ်တဲ့အကျင့်လေးက သင်တို့အတွက်ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရှိတယ်ဆိုတာကိုသိပြီးကြပြီလား?…
အစားသောက်တွေကိုစားတဲ့အခါ တစ်ချို့က တော့ဘယ်လိုအခြေနေမျိုးပဲဖြစ်ဖြစ် အလွယ်တကူကောက်စားလိုက်ပင်မဲ့ တစ်ချို့ကျတော့
နွှေးပြီးစားရမှ၊ ပူတုန်းလေးစားရမှဆိုတဲ့ ခံစားချက်မျိုးရှိတတ်ကြပါတယ်။ ဒီလိုနွှေးစားတတ်တာလဲအလုပ်ရှု့ပ်တယ်ထင်ရပင်မဲ့ တကယ်တော့ လူ့ခန္ဓာကိုယ်အတွက်
ကောင်းမွန်တဲ့အလေ့အထလေးဆိုတာ ကို ကျွန်တော်တို့မေ့နေကြတာပါ။
ဘာကြောင့်ပူပူနွေးနွေးအစားစာတွေကိုစားသုံးသင့်သလဲ? ဒီလိုအစားစာတွေကသင့်ခန္ဓာကိုယ်အတွက်ဘယ်လိုကောင်းကျိုးတွေပေးနိုင်သလဲဆိုတာကို သိရအောင်
အနည်းငယ် Sharing လုပ်ပေးလိုက်ပါတယ်နော်…
– အစာကြေလွယ်ပါတယ်
ပူပူနွေးနွေးလေး စားသုံးပေးခြင်းက သင့်ရဲ့အစာခြေဖျက်အားကိုမြန်စေပြီး အစာမကြေမှာမစိုးရိမ်ရတော့ပါဘူး။ ခပ်အေးအေးအစားစာတွေကို
စားတာထက်စာရင် ပူပူနွေးနွေး လေးစားသုံးပေးခြင်းကအစာချေဖျက်အားကိုပိုကောင်းစေပါတယ်။
– ရောဂါပိုးတွေသေစေနိုင်တယ်
ပူပူလေးစားပေးခြင်းက အူထဲက ပိုးမွှားတွေကိုသေစေနိုင်ပြီး အန္တရာယ်ဖြစ်နိုင်တဲ့ ရောဂါပိုးမွှားတွေကိုသေစေနိုင်တယ်လို့သိရပါတယ်။
အအေးစာထက်စာရင် အပူစာတွေကို စားသုံးပေးခြင်းက ရောဂါပိုးမွှားတွေကို သေစေနိုင်တာတော့အမှန်ပါပဲ။
– လတ်ဆက်တဲ့အရသာကိုခံစားရတယ်
အစားစာပူပူလေးတွေကိုစားသောက်ပေးခြင်းက လတ်လတ်ဆတ်ဆတ်အစားစာလေးတွေကိုစားရသလိုခံစားရမှာပါ။ ချက်ခြင်းချက်ထားတဲ့ဟာမစားရင်တောင်နွှေးပြီး
စားပေးရင် ပူနွေးလတ်ဆတ်တဲ့အရသာကိုခံစားရမှာပါ။
– စိတ်ကိုလန်းဆန်းစေတယ်
အေးတဲ့အစားစားတွေစားမှ စိတ်လန်းတယ်ထင်ရပင်မဲ့ တစ်ခါတစ်လေ ပူပူနွေးနွေးလေးစားလိုက်ရမှာ ပွင့်ထွက်လန်းဆန်းသွားတာတွေရှိတတ်ကြပါတယ်။
ဒီလိုစားပေးခြင်းကြောင့်ချွေးထွက်အားကောင်းလာစေပြီး စိတ်ကိုပိုပြီးလန်းဆန်ကာ မလိုအပ်တဲ့ ဆဲလ်သေတွေကိုပါ ချွေးနဲ့အတူ ရောပါသွားစေနိုင်ပါတယ်။
– ခံတွင်းရောဂါဖြစ်ခြင်းမှကာကွယ်ဖို့အတွက်တစ်ဖက်တစ်လမ်းကနေအထောက်ကူပြုတယ်
ခံတွင်းထဲမှာ မမြင်နိုင်တဲ့ပိုးမွှားပေါင်းမြောက်မြားစွာရှိနေတတ်ပါတယ်။ ဒီလိုပူပူနွေးနွေးလေးစားပေးတဲ့အခါ ခံတွင်းထဲက ပိုးမွှားတွေကို အနည်းငယ်ဖြစ်ဖြစ်တော့
သေစေနိုင်တာမလို့ ပူပူလေးစားပေးလေ ကျန်းမာလေဖြစ်နေမှာပါပဲ။ ရှေးလူကြီးတွေပြောဖူးကြပါတယ် ထမင်းနွေးဟင်းနွေးနဲ့ဘယ်အရာမှ
မလဲနိုင်ဘူး…ဆိုတာ လေ။ ဒါကြောင့်ပူနွေးတဲ့အစားအစာက သင့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာအတွက်အကောင်းဆုံးအစားအစားပါပဲ….

108 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.