အောင်မြင်တိုင်းလည်း အမြဲပျော်နေရတာမဟုတ်ဘူးလို့ ၀န်ခံလာတဲ့ ကေပေါ့ အနုပညာရှင်များ

ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီး အနုပညာရှင်တွေကတော့ အောင်မြင်မှုတွေ တပွေ့တပိုက်ကြီး ရရှိထားပေမယ့် တောက်ပြောင်တဲ့အပြုံးတွေရဲ့ နောက်ကွယ်က သူတို့ရဲ့ ခံစားချက်တွေကိုတော့ အရိုးသားဆုံးဝန်ခံသွားခဲ့ပါတယ်။

Taeyeon

Image result for Taeyeon

Girl’s Generation အဖွဲ့ဝင် Taeyeon ကတော့ အဆိုတော်တစ်ယောက်ဖြစ်ရတာ ကမ္ဘာပေါ်မှာ အထီးကျန်ဆုံးအလုပ်တစ်ခုကို လုပ်နေရသလိုပဲလို့ ဖွင့်ဟလာပါတယ်။ စင်ပေါ်ကနေပြန်ဆင်းလာတဲ့အချိန်တိုင်း သူမစိတ်ထဲ အရမ်းဟာတာတာဖြစ်နေသလိုခံစားရပြီး အထူးသဖြင့် သူမ လနဲ့ချီပြီး ကြိုတင်ပြင်ဆင်ခဲ့တဲ့အရာတွေကို ပရိတ်သတ်တွေကို မချပြနိုင်တဲ့အခါ ပိုပြီး စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။ ထောင်ပေါင်းချီတဲ့ ပရိတ်သတ်တွေကိုဖျော်ဖြေပြီးသွားလို့ ဘာမှမရှိတဲ့ ဟော်တယ်အခန်းထဲကို ပြန်သွားရတဲ့အချိန်တိုင်း သူမအရမ်းအထီးကျန်သလို ခံစားရတယ်လို့ ဆိုပါတယ်။

G- Dragon

Image result for G- Dragon

G-Dragon ကလည်း ဖျော်ဖြေပွဲကြီးပြီးဆုံးသွားတဲ့အခါ စိတ်ထဲမှာ အရမ်းအထီးကျန်နေသလိုခံစားရတယ်လို့ ဆိုပါတယ်။ Happy Together ဆိုတဲ့ ရိုက်ကူးရေးအစီစဉ်အတွက် ခရီးတွေသွားလို့လည်းပြီးရော Bigbang အဖွဲ့ဝင်တွေအားလုံး ကိုယ်စီအခန်းထဲကို ပြန်သွားရတဲ့အချိန်မှာ ၀မ်းနည်းသလိုခံစားခဲ့ရပါတယ်တဲ့ ။ ‘‘ဖျော်ဖြေပွဲကြီးပြီးတော့လို့ အခန်းထဲကို ပြန်သွားရတဲ့အချိန်မှာ အရမ်းအထီးကျန်တယ်။ လူအများစုက ကျွန်တော်တို့ပွဲပြီးသွားရင်လည်း ပျော်စရာကောင်းတဲ့ ပါတီတွေပေးဦးမှာလို့ တွေးထင်ကြတယ်။ တကယ်တမ်းလက်တွေ့ကျတော့ ဒီလိုမဟုတ်ပါဘူး။’’ လို့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် G-Dragon က ပြောပြခဲ့ပါတယ်။

Sungkyu

Image result for Sungkyu

Infinite အဖွဲ့ဝင် Sungkyu ကအနုပညာရှင်တစ်ယောက်ဖြစ်ရတာ အနာဂတ်ကိုကြိုမမြင်ဘဲ စမ်းတ၀ါးဝါးလမ်းလျှောက်နေသလို ခံစားရတယ်လို့ ဖွင့်ဟလာပါတယ်။ သူ့ရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး အမြဲတမ်း စိုးရိမ်ထိတ်လန့်နေရသလိုခံစားရတယ် ၊ သူ့မှာ အားပေးနေတဲ့ပရိတ်သတ်တွေကို အများကြီးပိုင်ဆိုင်ထားရပေမယ့်လည်း စိတ်ထဲမှာကြောက်လန့်နေတယ်လို့ဆိုပါတယ်။ ‘‘ ကျွန်တော့်ပရိတ်သတ်တွေအတွက် ဖျော်ဖြေမှုပြီးသွားတိုင်း သူတို့ကျွန်တော့်ကို ခုလိုစိတ်ထက်သန်စွာ အားမပေးတော့မှာကို ဘာလို့တွေးပူမိနေမှန်းမသိဘူး’’ ၀န်ခံလာပါတယ်။

Suzy

Related image

Suzy သူငယ်ချင်းတွေနဲ့ရယ်မောနေချိန် ရုတ်တရက် ထပြီးငိုမိတဲ့အခါ သူမမှာ စိတ်ကျရောဂါဝင်နေပြီဆိုတာ သတိထားမိခဲ့တယ်လို့ ဖွင့်ပြောလာပါတယ်။ သူငယ်ချင်းတွေကလည်း သူမကို ခံစားနေရသမျှ ဖွင့်ထုတ်လိုက်ဖို့ ၊ ဘာမှ ရင်ထဲမှာမသိမ်းဆည်းထားဖို့ ၊ ဒါမှ သူမခံစားရတာတွေ သက်သာသွားမှာလို့ နှစ်သိမ့်ပါတယ်။ သူမတစ်ယောက်တည်းရှိနေတာထက်စာရင် သူငယ်ချင်းတွေနဲ့အတူ စကားပြော၊ ရယ်မောလိုက်တာက ပိုပြီး စိတ်သက်သာရာရစေတာကိုလည်း သိသွားခဲ့ပါတယ်။ ရင်ထဲမှာ အထီးကျန်နေတာတွေလည်း တဖြည်းဖြည်းလျော့လာတယ်လို့ ဆိုပါတယ်။

IU

Related image

Healing Camp ရိုက်ကူးရေးအစီစဉ်ပြီးနောက် IU က စိတ်ဖိစီးတဲ့အခါ အစားတွေ တတွတ်တွတ်စားတတ်တဲ့ အကျင့်ရှိကြောင်း ၊ အရမ်းစိတ်ညစ်လာရင် မွန်းကြပ်တာတွေ မပျောက်မချင်း သောက်တတ်တယ်လို့လည်း ပရိတ်သတ်တွေကို ၀န်ခံလာပါတယ်။

‘‘တစ်ခါတစ်လေ ကျွန်မကိုယ်ကျွန်မ မယုံတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း မုန်းလာတယ်။ ဟိုးအောက်ဆုံးကို ထိုးကျသွားသလိုလည်း ခံစားရတယ်။’’ လူတွေနဲ့ကင်းဝေးသွားချိန် တစ်ယောက်တည်း အထီးကျန်သလိုခံစားရနေတာ အတော်ကြာပြီလို့ဆိုပါတယ်။

 

345 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.