အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ စိတ်ကျရောဂါ လက္ခဏာတွေ

လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ကျရောဂါဟာ အရင်တုန်းကတော့ သိပ်မသိသာပေမယ့် နိုင်ငံကျော် အနုပညာရှင်တွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ကိစ္စတွေပြီးနောက်မှာ ဒီစိတ်ကျရောဂါဟာ လူငယ်တွေကြား တော်တော်ကူးစက်လာတယ်။ သူများနိုင်ငံတွေမှာတော့ စိတ်ကျရောဂါကို မတွန်းလှန်နိုင်လို့ သတ်သေသွားကြတဲ့ လူတွေမနည်းပါဘူး။ အခြားရောဂါတွေလိုပဲ စိတ်ကျရောဂါကို ဆေးဝါးတွေနဲ့ သေချာကုသပေးနိုင်တယ်လို့ ဆရာဝန်တွေကတော့ ပြောထားပါတယ်။ ဘာပဲလုပ်လုပ် ကိုယ်ကျန်းမာ ၊ စိတ်ကျန်းမာမှ ဘ၀ကြီးက နေပျော်စရာမဟုတ်လား ။ တစ်ခါတစ်လေ စိတ်ကျရောဂါဖြစ်နေတယ်ဆိုတာ ကိုယ်တိုင်တောင် သတိမထားမိကြပါဘူး။ ဒါဆို ကိုယ့်မှာ စိတ်ကျရောဂါ ခံစားနေရပြီလားဆိုတာ ဘယ်လိုလက္ခဏာတွေကြည့်ပြီး သိနိုင်လဲ…

လမ်းပျောက်နေသလို ခံစားရ

Image result for lonely

ရက်တော်တော်ကြာ အင်အားတွေမရှိသလို ခံစားနေရပြီး မနက်မိုးလင်းတိုင်း စိတ်လန်းဆန်းမှုမရှိ ၊ သင်ဟာ အသုံးမ၀င်တော့ဘူးလို့ စတွေးမိလာလိမ့်မယ်။ ၀မ်းနည်းခြင်း ၊ အားငယ်ခြင်း ၊ စိတ်တိုခြင်း စတဲ့ ခံစားချက်တွေပေါင်းစုံ ၀င်လာမယ်။ ဘာအတွက် ရှင်သန်နေရမှန်းမသိတော့တဲ့အခါ သေခြင်းတရားကို ထပ်တလဲလဲတွေးမိပြီး သေရမှာလည်း မကြောက်တော့သလို ဖြစ်လာပါလိမ့်မယ်။

အာရုံစူးစိုက်နိုင်စွမ်းမရှိ၊ မှတ်ဥာဏ်ပျောက်ဆုံး

အရေးကြီးတဲ့ကိစ္စတွေ စပြီးမေ့လာမယ်။ ဖုန်းခေါ်ထားတာတွေ ၊ နာမည်တွေနဲ့ နံပါတ်တွေ မမှတ်မိတော့သလို ဖြစ်လာတယ်။ တစ်ယောက်ယောက် စကားပြောတာကို နားထောင်နေရင် ၊ စာအုပ်ဖတ်နေရင် အာရုံစိုက်လို့မရ အတွေးတွေ တောင်ရောက် ၊ မြောက်ရောက်နဲ့ ရှုပ်ထွေးနေပါလိမ့်မယ်။

အိပ်စက်ခြင်း ပြဿနာ

Image result for not sleeping

ညပေါင်းများစွာ အချိန်အတန်ကြာတဲ့အထိ အိပ်မပျော်နိုင်ဖြစ်လာမယ်။ အိပ်မပျော်နိုင်တာကလည်း စိတ်တွေ ကယောက်ကယက်ဖြစ်ပြီး အတွေးပေါင်းများစွာထဲ နစ်မြောနေလို့ ညဉ့်နက်တဲ့အထိ အိပ်မပျော်နိုင် ၊ မနက်ထတော့ စိတ်မကြည် ။ တစ်နေ့လုံး မသာမယာဖြစ်ပြီး ဒါနဲ့ပဲ သံသရာလည်နေဦးမှာပါ။

ဘယ်အရာကမှ သင့်ကိုပျော်ရွှင်မှုမပေးနိုင်

ဘာပဲလုပ်လုပ် ၊ ဘယ်ပဲသွားသွား စိတ်ထဲမပျော်ဘူး။ အရင်က ဘ၀မှာ အကြိုက်ဆုံးဆိုတဲ့ အရာတွေနဲ့ ထိတွေ့နေရင်တောင် မပျော်တော့ဘူး။ ငြီးငွေ့လာမယ် ၊ ပင်ပန်းလာမယ် ။ ၀ါဿနာပါရာ အလုပ်မှာလည်း စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးလာတယ်။ သူငယ်ချင်းတွေနဲ့လည်း မတွေ့ချင်တော့။

ကျန်းမာရေး ထိခိုက်လာ

Image result for ill

စိတ်ကျရောဂါဖြစ်လာရင် ခန္ဓာကိုယ်ကိုလည်း ထိခိုက်ပါတယ်။ ခေါင်းကိုက် ၊ ခြေတွေ လက်တွေနာ ၊ အကြောတွေ  တောင့်တင်း ၊ နေလို့ထိုင်လို့မကောင်း မအီမသာနဲ့ အစာခြေစနစ်မှာပါ ပြဿနာဖြစ်လာပါလိမ့်မယ်။ ဒါတွေဟာ ပုံမှန်ဆေးနဲ့ သက်သာအောင်လုပ်လို့ရပေမယ့် သင့်ရဲ့ စိတ်အခြေအနေက ဒီလိုပဲ ဆက်ဖြစ်နေဦးမယ်ဆိုရင် ထိရောက်မှာမဟုတ်ပါဘူး။ စိတ်နဲ့ကိုယ်က ဆက်စပ်နေတာမို့လို့ ဒီလိုလက္ခဏာတွေ သင့်မှာဖြစ်နေပြီလားဆိုတာ ဆန်းစစ်ပါ။

ကိုယ့်ရဲ့ မိသားစုဝင် (သို့) သူငယ်ချင်းမှာ ဒီလိုမျိုးလက္ခဏာတွေ တွေ့နေရပြီဆိုရင် မပေါ့ပါနဲ့။ ဆရာဝန်နဲ့ တွေ့ပြီး သေချာဆွေးနွေးပါ။Therapy တွေကတော့ အမျိုးမျိုးရှိပါတယ်။ သင့်တော်ရာကို ဆရာဝန်တွေက အကြံပေးပြီး ဆွေးနွေးပေးတာဆိုတော့ ဒါဟာ ပြန်ကောင်းနိုင်တဲ့အခြေအနေပါ။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လက်ကမ်း ကူညီမယ့်သူတွေအများကြီး ရှိနေတယ်ဆိုတာ အမှတ်ရပါ။

 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.