နာမည်ကျော် ကလေးသရုပ်ဆောင်လေးတွေကြီးလာတဲ့အခါ

ရုပ်ရှင်တွေထဲမှာ ကြည့်ခဲ့ရတဲ့ကလေးလေးတွေ အပြင်မှာ ဒီလောက်အရွယ်ကြီးတွေရောက်နေ
မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ တကယ်ပဲ
သူတို့လေးတွေ ကြီးပြင်းလာခဲ့ပါပြီ။ အခုဆို အောင်မြင်တဲ့ သရုပ်ဆောင်ကောင်း သရဖူတွေတောင်
ဆောင်းနိုင်ကြပြီ။ ကဲ.. ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင် …

Nicholas Hoult

12 Famous Children Who Grew Up to Rock Our World
Nicholas Hoult က အခု အသက် ၂၉နှစ်ရှိပါပြီ။ သူ့ရဲ့အောင်မြင်မှုက တစ်နှစ်ထက်တစ်နှစ်
အောင်မြင်နေဆဲပါပဲ။ သူ့ရဲ့အန်တီက နာမည်ကြီး မင်းသမီး Dame Anna Neagle ပါ။
မွေးတည်းက အနုပညာသွေးတွေနဲ့ကြီးပြင်းလာသူဖြစ်တဲ့အလျှောက် ၁၉၉၆မှာ သူ့ရဲ့
ပထမဆုံး ရုပ်ရှင် Intimate Relations မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ X-Men ကားထဲမှာ
သူ့ကို ကောင်းကောင်းမှတ်မိနေမယ်ထင်ပါတယ်။

Kristen Stewart

12 Famous Children Who Grew Up to Rock Our World
အမေရိကန် မင်းသမီး Kristen Stewart ဟာ မော်ဒယ်၊ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။
အသက် ၈နှစ်တည်းက သရုပ်ဆောင်လောကထဲ ဝင်ရောက်ခဲ့တာပါ။ Disney Channel Tv-series မှာ အသက် ၁၃နှစ်က စသရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့အနုပညာတန်ကြေးက ဒေါ်လာ
၎.၃ဘီလီလျံရှိပါတယ်။ ၂ဝ၁၂ ခုနှစ်တုန်းက တန်ကြေးအမြင့်ဆုံး မင်းသမီးတစ်လက်အဖြစ်
ရပ်တည်ခဲ့ပါတယ်။

Thomas Brodie-Sangster

12 Famous Children Who Grew Up to Rock Our World
၁၉၉ဝ မေလ ၁၆ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Thomas Brodie-Sangster လေးကို မှတ်မိနေကြဦး
ထင်ပါတယ်။ Game of Thrones စီးရီးနဲ့ သူ့ကိုကောင်းကောင်းသိမှာပါ။
Love Actually (2003), Nanny McPhee (2005) နဲ့ The Last Legion (2007) ဇာတ်ကားတွေ
နဲ့ ပရိတ်သတ် အားပေးမှုကို တစ်ခဲနက်ပိုင်ဆိုင်ခဲ့တဲ့ Thomas လေးဖြစ်ပါတယ်။

Jaden Smith

12 Famous Children Who Grew Up to Rock Our World
The Karate Kid (2010) မှာထဲက Jaden Smith လေးကိုကြည့်ပြီး သရုပ်ဆောင်ကောင်း
တစ်ယောက်ဖြစ်လာနိုင်တယ်လို့ ပရိတ်သတ်တွေထင်ကြေးပေးပြီးသားပါ။ အခုဆို သူဟာ
တေးရေး ၊ တေးဆို နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေပါပီ။ Jada Pinkett Smith နဲ့ Will Smith တို့ရဲ့သားချောလေး Jaden ဟာ အခုဆို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ပါ
ပါဝင်ကူညီအားဖြည့်နေပါပြီ။

Emma Watson

12 Famous Children Who Grew Up to Rock Our World
Emma Watson ဟာ အခုဆို အောင်မြင်တဲ့မင်းသမီးတစ်ယောက်ဖြစ်နေပါပြီ။ ပဲရစ်မှာမွေးဖွားပြီး
Dragon School မှာ ကျောင်းတက်ခဲ့ပါတယ်။ Oxford branch တစ်ခုဖြစ်တဲ့ Stagecoach Theatre Arts မှာ သရုပ်ဆောင်သင်တန်းတက်ခဲ့ပါတယ်။ ကလေးတစ်ယောက်အနေနဲ့ Harry Potter မှာ Hermione Granger အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူမဟာ တကယ်ကို
ပရော်ဖက်ရှင်နယ်ဆန်ခဲ့ပါတယ်။ သူမရဲ့အနုပညာတန်ကြေးဟာ ဒေါ်လာ ၆ဝမီလီလျံရှိပါတယ်။

126 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.