နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ ၇၁ မြောက်မှာ Leonardo DiCaprio တစ်ယောက် ဂီတနောက်ခံသို့မဟုတ် ဟာသရုပ်ရှင်အမျိုးအစားရဲ့အကောင်းဆုံး သရုပ်ဆောင်အဖြစ်ဆုရရှိခဲ့တာဖြစ်ပါတယ်။
American Hustle ဇာတ်ကားက Christian Bale၊ Nebraska က Bruce Dern၊ Inside Llewyn Davis က Oscar Isaac နဲ့ Her ဇာတ်ကားက Jaoquin Phoenix တို့ကိုကျော်ဖြတ်ပြီး The Wolf of Wall Street ဇာတ်ကားထဲကသရုပ်ဆောင်မှုတွေနဲ့ ဒီဆုကိုရခဲ့တာပါ။
ဒါရိုက်တာ Martin Scorsese ရဲ့ The Wolf of Wall Street ဇာတ်လမ်းဟာ ဂီတနောက်ခံသို့မဟုတ် ဟာသရုပ်ရှင်အမျိုးအစားရဲ့အကောင်းဆုံးရုပ်ရှင်ကားဆုအတွက် အမည်တင်သွင်းခံခဲ့ရတာဖြစ်ပါတယ်။ အကျင့်ပျက် စတော့ရှယ်ယာ အရောင်းအ၀ယ်သမား Jordan Belfort ရဲ့ဇာတ်လမ်းဖြစ်ပြီး Jonah Hill, Margot Robbie, Matthew McConaughey နဲ့ Kyle Chandler အပါအ၀င် အခြားသရုပ်ဆောင်တွေလဲပါဝင်ထားတာဖြစ်ပါတယ်။ ဒါဟာ DiCaprio ရဲ့ဒုတိယမြောက် ရွှေကမ္ဘာလုံးဖြစ်ပြီး ပထမဆုံးကိုတော့ ၂၀၁၄ The Aviator ဇာတ်ကားနဲ့ရခဲ့တာဖြစ်ပါတယ်။
Ref:huffingtonpost