ကိုယ်သင်းနံ့မကောင်းခြင်းနဲ့ ကျန်းမာရေးဆိုင်ရာလက္ခဏာများ

ကိုယ်သင်းနံ့မကောင်းခြင်းဟာ လူကြားသူကြားထဲသွားရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းစေပါတယ်။ ဒါပေမယ့်လည်း ဒါဟာ လူတိုင်းမှာဖြစ်တတ်တဲ့ သဘာဝပါ ။ လေ့လာမှုများအရ အမေရိကန်လူမျိုး ၉၀ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ ပင်ကိုယ် ကိုယ်သင်းနံ့ ပျောက်ကင်းစေဖို့အတွက် ချွေးတိတ်ဆေး (သို့) ချွေးနံ့ ပျောက်ဆေးတွေကို အသုံးပြုကြပါတယ်။  ဒါပေမယ့် ကိုယ့်ဆီက ဒီလိုချွေးနံ့ဆိုးဆိုးကြီးတွေ ထွက်တဲ့အခါ စိတ်ညစ်ရသလို၊ ကျန်းမာရေးနဲ့ပတ်သတ်ပြီး ပြဿနာတစ်ချို့ ရှိနေပြီဆိုတာလည်း သတိထားသင့်ပါတယ်။

ဒါဆို ဒီလိုဖြစ်တတ်တဲ့ လူတွေအနေနဲ့ ဘာလုပ်သင့်လဲ ?

ဆံသားတွေကို သန့်ရှင်းစေပြီး အမွှေးနံ့စွဲစေမယ့် ခေါင်းလျှော်မျိုးသုံးပါ။ တစ်ချို့ ခေါင်းလျှော်ရည်တွေက ဦးရေပြားကိုပါ အားဖြည့်ပေးပြီး ဆံပင်ကျွတ်သက်သာစေကာ ၊ ခေါင်းချွေးထွက် အဆီပြန်တာတို့ကိုလည်း သက်သာစေပါတယ်။ အစားသောက်ကိုလည်း ဆင်ခြင်ပါ။ တစ်ချို့ အစားစာတွေက ဘတ်တီးရီးယားနဲ့ မှိုတွေပိုပေါက်ပွားအောင် အားပေးနိုင်ပါတယ်။

ချိုင်းချွေးနံ့ ပြဿနာ

Image result for body odor

လူတိုင်း ချွေးထွက်ခြင်း ပြဿနာနဲ့ ကြုံရပါတယ်။ ချွေးထွက်ခြင်းမှာ တစ်ချို့ က အနံ့သိပ်မပြင်းပေမယ့် တစ်ချို့ အနံ့တွေက တော်တော်ဆိုးတယ်။ ကိုယ့်ရဲ့ ချိုင်းကနေ မကောင်းတဲ့ချွေးနံ့ ဆိုးဆိုးကြီးတွေထွက်လာတဲ့နေ့က တစ်နေ့တာဖြတ်သန်းရတဲ့ စိတ်ကို မယိုးမယွဖြစ်စေတယ်။ ‘‘eccrine glands’’ လို့ခေါ်တဲ့ အကျိတ်ဟာ ချွေးထွက်စေပေမယ့် အနံ့သက်ဆိုးဝါးတာမျိုးတော့ မဖြစ်ပါဘူး။ တစ်ခါတစ်လေ လူတွေရဲ့ ချိုင်း ၊  ရင်ဘတ်နားတစ်ဝှိက်နဲ့ ပေါင်ခြံတွေမှာဖြစ်တတ်တဲ့ ‘‘Apocrine glands’’ လို့ခေါ်တဲ့  အကျိတ်ဟာ ချွေးထွက်များစေတဲ့အပြင် စိတ်အားငယ်ခြင်းနဲ့ စိတ်ဖိစီးမှုများစွာကို ဖြစ်စေပါတယ်။ အရေပြားပေါ်မှာ ဘတ်တီးရီယားတွေများလေ ချွေးအနံ့ကပိုဆိုးလေပါ။ ဒီတော့ သင့်စိတ်ထွေပြား ၊ ဖိစီးနေချိန် မကောင်းတဲ့ ကိုယ်သင်းနံ့ထွက်လာရင် ဒါတွေကြောင့်ဆိုတာ သတိထားမိနိုင်တာပေါ့။ နေ့တိုင်း ရေ၀၀ ချိုးပါ။ ပိုးမွှားတွေသန့်စင်နိုင်တဲ့ ကိုယ်တိုက်ဆပ်ပြာတွေရှိပါတယ်။ အဓိက ချွေးအထွက်အများဆုံးနေရာကို ဆပ်ပြာများများတိုက်ပါ။

ပါးစပ်အနံ့ဆိုးခြင်း

Related image

သွားတိုက်ပုံ တိုက်နည်းမမှန်တဲ့အခါ ၊ အကြွင်းကျန်အစားစာတွေနဲ့ တစ်နေ့ကိုပုံမှန် သွားမတိုက်ခြင်းတို့က ပါးစပ်အနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ပါးစပ်အနံ့မကောင်းသလို ခံစားနေရတယ်ဆိုရင် ဒီလိုအခြေအနေတွေကြောင် ဖြစ်နိုင်ပါတယ်။

  • ကြက်သွန်နီ/ဖြူ ၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ အရက်တွေက ပါးစပ်အနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အနံ့ဆိုးကို သက်သာစေတဲ့ ဟင်းနုနွယ်နဲ့ ဆလတ်ရွက်တို့ကို ထမင်းစားတိုင်း ထည့်စားကြည့်ပါ။ gree tea နဲ့ နွားနို့သောက်ပေးခြင်းကလည်း ပါးစပ်အနံ့ဆိုးတာကို လျော့ကျစေပါတယ်။
  • တစ်ချို့ ကင်ဆာရောဂါနဲ့ ပုံမှန်မဟုတ်တဲ့ ဇီဝဖြစ်စဉ်တွေကြောင့်လည်း ပါးစပ်အနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။

ရေများများသောက် ၊ အစားစားပြီး ပလုတ်ကျင်း ၊ မနက်တစ်ခါ ညတစ်ခါ သွားတိုက်ပေးပါ။ သွားတိုက်တဲ့အခါ စနစ်ကျဖို့လိုပါတယ်။ ပုံစံမမှန်ရင် သွားကြားမှာ အစားစာတွေကျန်ခဲ့ပြီး ပါးစပ်အနံ့ကို ဆိုးစေပါတယ်။ အပ်ချည်မျှင်နဲ့ အစားအကြွင်းကျန်တွေကို ဖယ်ထုတ်နိုင်ပါတယ်။ သွားတိုက်တဲ့အခါ လျှာကိုလည်း တိုက်ပေးပါ။ ဆက်တိုက် အနံ့ဆိုးနေတယ်ဆိုရင် ဆရာဝန်နဲ့ သွားရောက် ဆွေးနွေးပါ။

 

အပေါ့သွားတဲ့အခါ

Image result for going toilet

ဆီးသွားရင် အနံ့ကောင်းတယ်လိုတော့ မရှိပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ အနံ့ပြင်းတာမျိုးက ဘာမှမဖြစ်ပေမယ့် ဆက်တိုက် အပေါ့သွားတိုင်း ကိုယ်အနံ့ကိုယ်တောင် မခံနိုင်တော့တာမျိုး ၊ ဆီးသွားတိုင်း နာကျင်သလို ၊ ကျိန်းစပ်စပ်ဖြစ်နေရင် ဆရာဝန်နဲ့သွားပြပါ။ urinary tract infection (UTI) ဆိုတဲ့ ရောဂါဖြစ်နိုင်ချေများပါတယ်။ ဆီးချိုဖြစ်တဲ့အခါ ဆီးသွားရင် အနံ့က သိသာတယ်နော်။. သင်စားသောက်တဲ့ အစားစာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရေသာ များများသောက်ပါ။ ဘာပဲဖြစ်ဖြစ် ရက်ဆက်တိုက် အနံ့မကောင်းရင်၊ ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး တစ်ခုခုထူးခြားနေပြီဆိုရင် တွေဝေ တုံ့ဆိုင်းမနေပဲ ဆရာဝန်နဲ့သွားပြပါ။ ကျန်းမာရေးကသာ အဓိကပါ။ ကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာပါ။

80 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.