YG မှ ဖျက်သိမ်းခံခဲ့ရတဲ့ BigBang သီချင်းများ

အယ်ဘမ်တစ်ခု ထုတ်လုပ်ဖို့ပြင်ဆင်ရာမှာ တစ်ချို့ မလိုအပ်ဘူးလို့ထင်တဲ့အရာတွေကို ဖယ်သင့်ရင်ဖယ်ရပါတယ်။ အကျိုးဆက်ကောင်းလာဖို့ ၊ ပရိတ်သတ်အားပေးမှု အများဆုံးရရှိနိုင်ဖို့အတွက် အကောင်းဆုံးဖြစ်နေအောင် ပြင်ဆင်ပါတယ်။

အယ်ဘမ်ရဲ့ အယူအဆနဲ့ မကိုက်ညီတာမျိုးရှိရင် (သို့) သူဌေးက မကြိုက်ရင်ပဲဖြစ်ဖြစ် သီချင်းတစ်ပုဒ်ကို ဖန်တီးဖို့ခက်ခဲရတဲ့ အကြောင်းပြချက်များစွာရှိပါတယ်။ ပရိတ်သတ်များ နှစ်သက်သဘောကျရတဲ့ နာမည်ကြီးအဆိုတော်တွေတောင် ဖျက်သိမ်းခံရတဲ့ သီချင်းတွေအများကြီးပဲရှိခဲ့ဖူးပါတယ်။ တောင်ကိုရီးယားရဲ့  နာမည်ကြီး Big Bang အဖွဲ့ ရဲ့  ပရိတ်သတ်ရှေ့ ပြသခွင့်မရလိုက်တဲ့ သီချင်းတွေကတော့ ….

Bad Boy

Image result for bad boy bigbang

YouTube မှာ ကြည့်ရှုသူ သန်း၁၀၀ကျော်ခဲ့တဲ့ ဒီသီချင်း ဖျက်သိမ်းခံရတယ်ဆိုတော့ ယုံဖို့တော်တော်ခက်သွားပါလိမ့်မယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ထုတ်လုပ်ခွင့်မရခဲ့ဘူး။ Bad Boy သီချင်းက Big Bang ရဲ့ ငါးကြိမ်မြောက် အယ်ဘမ် Alive ထဲကဖြစ်ပြီး သီချင်းဗီဒီယိုကို နယူးယော့က အဓိကလမ်းတွေမှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Bae Bae

Image result for Bae Bae

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Made M အယ်ဘမ်ထဲက သီချင်းဖြစ်ပါတယ်။ လုံးဝထုတ်လုပ်ခွင့်မရခဲ့ပါဘူး။ သီချင်းပုံစံကို ရင်ခုန်စိတ်လှုပ်ရှားစရာ မူးယစ်နူးညံ့တဲ့ ပုံစံအသွင်ဖန်တီးပေမယ့် အဖွဲ့ဝင်တွေ အားလုံးရင့်ကျက်တဲ့ version မျိုးနဲ့ သရုပ်ဖော်ထားတဲ့ သီချင်းဗီဒီယိုက မထင်မှတ်ဘဲ နာမည်ကြီးသွားခဲ့ပါတယ်။

Wedding Dress

Image result for wedding dress song big bang

ဒီသီချင်းလေးကိုတော့ ပရိသတ်အားလုံးရင်းနှီးနေမယ်ထင်ပါတယ်။ ပထမဆုံး ဒီသီချင်းနဲ့ Taeyang ကို လူတွေစသိခဲ့တယ်ဆိုလည်း မမှားပါဘူး။ သီချင်းထဲက သရုပ်ဆောင်ကွက်၊ သံစဉ် ၊ စာသား အားလုံးဟာ လိုက်ဖက်ညီပြီး ဆွေးမြည့်မြည့်ပုံစံလေးဆိုတော့ အဖီးလ်သမားတွေအတွက် သီချင်းကောင်းတစ်ပုဒ်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးရဲ့  သီချင်းကောင်းလေးလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။ ဘာအကြောင်းပြချက်ကြောင့်မှန်း မသိပေမယ့် Yang Hyun Suk က ဒီသီချင်းကို လုံးဝမထုတ်ချင်ဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။

Take it Slow

Image result for Take it Slow big bang

ဒီသီချင်းက မြတ်နိုးစွာချစ်ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို လှပစွာ ဖော်ကျူးထားတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ သီချင်းခေါင်းစဉ်အတိုင်းပဲ သံစဉ်စာသားတွေကို စီးချက်ကျကျ Taeyang က အသံချိုချိုလေးနဲ့ ဆိုသွားပါတယ်။ နှုတ်ခမ်းနီမလေးတွေ ကြွေဆင်းရတဲ့ သီချင်းဖြစ်ပေမယ့်လည်း မထုတ်လုပ်ချင်ရတဲ့ အကြောင်းပြချက်ကို ထူးဆန်းစွာ မသိရပါဘူး။ ပရိတ်သတ်ကလက်ခံသော်လည်း ဘယ်လိုစည်းမျဉ်းတွေကြောင့် မထုတ်နိုင်လည်းဆိုတာ ကာယံကရှင်များလွဲရင် ဘယ်သူမှမသိနိုင်ပါဘူး။

Love you To Death

Image result for Love you To Death big bang

Love you To Death သီချင်းလေးက ခပ်မြူးမြူးသံစဉ်လေးတွေနဲ့ နားထောင်သူတိုင်းကို စိတ်ဓာတ်တက်ကြွစေတဲ့ ပုံစံမျိုးပါ။ Big Bang က သူတို့ရဲ့ သီချင်းတွေနဲ့ အားလုံးကို ပျော်ရွှင်ကြည်နူးအောင် အမြဲဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ကောင်းကောင်း ၊ ပရိတ်သတ်တွေ ဘယ်လိုပဲလက်ခံပါစေ Yang Hyun Suk ကတော့ ဒီသီချင်းကို ပရိတ်သတ်တွေနဲ့ ဝေးရာဆီကို တွန်းထုတ်ခဲ့တယ်။

81 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.