Selfie ဓာတ်ပုံတစ်ပုံတင်ခဲ့ရာမှ ပရိသတ်တွေရဲ့ ဝေဖန်မှုများစွာခံခဲ့ရတဲ့ မင်းသမီးချော Lee Da Hae

My Girl ၊ Hotel King ၊ The Slave Hunters ၊ Green Rose စတဲ့ဇာတ်လမ်းတွဲတွေနဲ့ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားတဲ့ နာမည်ကျော်တောင်ကိုရီးယားမင်းသမီး Lee Da Hae ဟာ အခုလတ်တလောမှာ ပရိသတ်တွေရဲ့ဝေဖန်မှုများစွာခံနေရတယ်လို့သိရပါတယ်။

ပရိသတ်တစ်ချို့က မင်းသမီး Lee Da Hae ဟာ ခွဲစိတ်ပြုပြင်မှုလုပ်ထားတယ်ဆိုပြီး ဝေဖန်နေကြတာဖြစ်ပါတယ်။Lee Da Hae ဟာ မကြာသေးခင်တုန်းက
Selfie ဓာတ်ပုံတစ်ပုံကို သူမရဲ့ အင်စတာဂရမ်အကောင့်မှာတင်ပြီးတဲ့နောက် ပရိသတ်တွေက “သူမရဲ့မျက်နှာက အရင်နဲ့မတူတော့ဘူး” “နှာခေါင်းကို
ထပ်ပြင်ထားပြန်ပြီ” “မျက်နှာကိုပြုပြင်နေတာရပ်ပါတော့ အရင်ကမျက်နှာလေးက ပိုပြီးကြည့်ကောင်းပါတယ်” “သူမရဲ့ မျက်နှာမှာ တစ်ခုခုပြောင်းလဲနေတယ်”
“မျက်နှာကိုဒီထက်ပိုပြီးမဖျက်ဆီးပါနဲ့တော့”စသဖြင့် ရေးသားဝေဖန်ခဲ့ကြပါတယ်။

https://www.instagram.com/p/BxJmuC2BLgJ/?utm_source=ig_embed

ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး သူမရဲ့အေဂျင်စီ FN Entertainment က “Lee Da Hae ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘယ်လိုခွဲစိတ်ပြုပြင်မှုမျိုးမှမလုပ်ခဲ့ပါဘူး”လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

မင်းသမီး Lee Da Hae ဟာ ၂၀၁၈ တုန်းက Nice Witch ဇာတ်လမ်းတွဲကို မင်းသား Ryu Soo-young နဲ့တွဲဖက်ရိုက်ကူးခဲ့တာဖြစ်ပြီး အဲ့ဒီဇာတ်လမ်းတွဲဟာလည်းပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့ပါတယ်။အခုလက်ရှိမှာတော့ ဇာတ်လမ်းတွဲအသစ်ရိုက်ကူးခြင်းမရှိသေးပါဘူး။

Source:Allkpop

171 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.