သတိထားရမယ့် ချစ်သူ။
ချစ်သူတွေရဲ့နာမည်ကို သစ်ပင်မှာထွင်းထားတာ တွေ့တော့၊ မမိုက်ပါဘူးလို့တွေးမိတယ်။ ဟုတ်တယ်လေ၊ ချိန်းတွေ့တဲ့သူဘယ်နှယောက်များ ဓားယူလာမှာလဲ။
ငလည်ဆင်ကြီး။
ဆင်ကြီး – အက္ခရာစဉ်ကို မင်းငါ့လောက်မြန်အောင် မရွတ်နိုင်ဘူးလို့ ငါလောင်းရဲတယ်။
မှည့်ကြီး – ဟုတ်ပြီ။ က ခ ဂ ဃ င ……….။
ဆင်ကြီး – “အက္ခရာစဉ်”
မှည့်ကြီး – ခွားမသေး။
စားတယ်ဟေ့။
လကမ္ဘာပေါ်ကို စဦးဆုံးခြေချခဲ့တဲ့ လူက Neil Armstrong တဲ့။ သူ့နာမည်ကို ပြောင်းပြန်လှန်ကြည့်လိုက်တာ Aliean (ဂြိုဟ်သား) တဲ့။ ……………………. ။ ခေါင်းစားတယ်ဟေ့။
နှစ်လုံးပေါင်းပြောရင် ရှော့ရှိတယ်။
သမီး – အမေ၊ သမီးမှာကိုယ်ဝန်ရှိနေပြီ။
အမေ – သမီးရယ်၊ အမေပြောထားတယ်လေ။ သားမြတ်ကို ထိရင် “don’t” (မလုပ်နဲ့) လို့ပြော။ ယောနိကို ထိရင် “stop” (ရပ်တော့) လို့ပြောပါလို့။
သမီး – ဒါမဲ့ သူကနှစ်ခုလုံး လာထိတာကိုး။ အဲ့တော့ don’t, stop, don’t stop လို့ပြောတာပေါ့။
နောက်တစ်ကြိမ် ဂရုစိုက်၊ ကြားလား။
လူသုံးယောက် အရက်မူးနေတယ်။ အငှားကားထဲဝင်လိုက်ကြတယ်။ ဒီလူတွေ မူးနေမှန်းသိတော့ ယာဉ်မောင်းက ကားစက်နိုးပြီး ပြန်ပိတ်လိုက်တယ်။ ပြီးတော့
ယာဉ်မောင်း – ခင်းဗျားတို့ သွားမယ့်နေရာ ရောက်ပါပြီခင်ဗျာ။
ပထမလူ – ငွေထုတ်ရှင်းတယ်။
ဒုတိယလူ – ကျေးဇူးပဲဗျာ။
တတိယလူ – ကားသမားကို ပါးသွားရိုက်တယ်။ (သူသိသွားပြီထင်ပြီ ယာဉ်မောင်းဟာ အတော်လေး ထိတ်လန့်သွားတယ်။)
ယာဉ်မောင်း – ခင်ဗျား ကျွန်တော့်ကို ဘာလို့ရိုက်တာလဲ။
တတိယလူ – နောက်တစ်ခါ ကားမောင်းရင် မဟားတရားမမောင်းနဲ့။ ခင်ဗျားလုပ်တာနဲ့ ကျွန်တော်တို့ သေတော့မလို့။
Ref:kissasshumor