Tattoo အသစ်ထိုးလိုက်တဲ့ Rihanna

tattoo_rihanna.jpg

 

ဇန်န၀ါရီလ ၁၁ ရက်နေ့မနက်မှာ Rihanna တစ်ယောက် tattoo အသစ်ထိုးလိုက်ပါပြီ။

Body Art ပေါင်း ၂၀ ကျော် လုပ်ထားပြီးတဲ့ အဆိုတော်ဟာ Bang Bang Tattoo စတူဒီယိုကိုသွားပြီး ဒီဇိုင်းတွေခြံရံထားတဲ့ လက်ဝါးကပ်တိုင်ပုံ tattoo ကိုညာဘက်လက်ကောက်ဝတ်အတွင်းပိုင်းမှာ ထိုးခဲ့တာဖြစ်ပါတယ်။

MailOnline ရဲ့အဆိုအရ အသက် ၂၅ နှစ်အရွယ်အဆိုတော်ဟာ အဲဒီ့စတူဒီယိုကို ညသန်းခေါင်ကျော်မှာသွားခဲ့တာဖြစ်ပြီး မနက် ၅ နာရီအထိနေခဲ့ပါတယ်။ ပြီးတော့ tattoo ကိုကျေနပ်နေပုံရပါတယ်။

Barbados ဒေသခံ Rihanna မှာ အင်ဒီးယန်း ဟန်လွှမ်းမိုးတဲ့ Maori ဒီဇိုင်းအမှတ်အသားတွေလဲရှိပါသေးတယ်။

အဲဒီ့ tattoo ကိုတော့ သူမရဲ့အောက်တိုဘာ New Zealand ခရီးစဉ်အတွင်း လွန်စွာမှ နာကျင်စေတဲ့ Ta Moko ရိုးရာနည်းကိုအသုံးပြုပြီးထိုးခဲ့တာပါ။

၂၀၀၇ ခုနှစ်ကစပြီး Rihanna ဟာ New York ကအဲဒီ့ စတူဒီယိုမှာ tattoo တွေထိုးလာခဲ့တာပါ။

Tattoo ချစ်သူ Rihanna ရဲ့အခြား tattoo တွေကတော့ ပေါင်မှာထိုးထားတဲ့ သက္ကတဘာသာနဲ့ရေးထားတဲ့ ဆုတောင်းစာ၊ ဘယ်လက်လက်ရဲ့ လက်ခလယ်မှာထိုးထားတဲ့ love ဆိုတဲ့စကားလုံးတွေဖြစ်ပါတယ်။ အဲဒီ့ tattoo တွေမှာ စိတ်ပိုင်းဆိုင်ရာ အဓိပ္ပါယ်တွေရှိတယ်လို့လဲပြောပါတယ်။

Rihanna က “ကျွန်မရဲ့ tattoo တွေက spiritual ဆန်ပြီးတော့ ကျွန်မ ဘာသာတရားအပေါ်ထားတဲ့ခံစားမှုကိုပြသနေပါတယ်။ ကျွန်မမှာ အီဂျစ်သိမ်းဌက်တစ်ကောင်ရှိပြီးတော့ ဒါဟာဘုရားသခင်ကိုကိုယ်စားပြုတယ်လို့ ရည်ရွယ်ပါတယ်” လို့ အရင်တုန်းကပြောဖူးပါတယ်။

စတူဒီယိုကိုမသွားခင်သောကြာနေ့ညမှာ Rihanna တစ်ယောက် Lone Survivor ဇာတ်ကားကိုရုပ်ရှင်ရုံမှာသွားကြည့်ခဲ့ပါသေးတယ်။

Ref:starpulse

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.