အောင်မြင်တိုးတက်ကြသူတွေရဲ့ အတုယူစရာအမူအကျင့်တွေဆိုတာ…

လူတစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့အကျင့်စရိုက်တွေ၊အမူအကျင့်တွေကစလို့ အောင်မြင်ကြီးပွားသူနဲ့မကြီးပွားသူဆိုပြီးကွဲပြားခြားနားသွား
တတ်ကြပါတယ်။ဒါကြောင့် ကျွန်တော်က အောင်မြင်ချမ်းသာတဲ့သူတွေဆီမှာရှိတဲ့အမူအကျင့်တွေအကြောင်း ပြန်လည်မျှဝေပေးချင်ပါတယ်။ဘာတွေလဲဆိုတာ
ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦး

*စကားများများပြောတာထက် နားထောင်ပေးတတ်ခြင်း

တစ်ခြားသူတွေထက်စကားပြောတဲ့အခါ ကိုယ်ကစကားများများပြောနေတာထက် သူတို့ပြောတာကို နားထောင်ပေးတာက သူတို့ဘာလိုချင်တာလဲဆိုတာသိပြီး
ကိုယ်ဘာလုပ်ပေးနိုင်လဲဆိုတာပိုပြီးမြင်လာပါတယ်။ဒါကစီးပွားရေးလုပ်ငန်းလုပ်မယ့်သူတွေအတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။စီးပွားရေးလုပ်တဲ့အခါ
လူမှုဆက်ဆံရေးကလည်းအရေးကြီးပြီး သူတစ်ပါးပြောတာကိုနားထောင်ပေးတတ်ခြင်းဟာလည်း လူမှုဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်တဲ့တစ်စိတ်တစ်ပိုင်း
ဖြစ်ပါတယ်။

*သူငယ်ချင်းကောင်းတွေရွေးချယ်တတ်ခြင်း
ကိုယ့်ဘ၀ထဲမှာမလိုအပ်တဲ့သူငယ်ချင်းတွေကိုဖယ်ထုတ်ပြီး ကိုယ့်ကို အကောင်းဆုံးအားပေးနှစ်သိမ့်ပေးနိုင်တဲ့၊လမ်းမှန်ပြပေးနိုင်တဲ့၊အခက်အခဲကြုံလည်း
အတူရင်ဆိုင်ပေးနိုင်တဲ့ သူငယ်ချင်းကောင်းတွေကို ဘ၀ထဲမှာထားတာက သင့်ဘ၀ကိုပိုပြီးအောင်မြင်တိုးတက်စေမှာအမှန်ပါပဲ။

*ဘယ်အချိန်မှာရပ်တန့်ရမလဲဆိုတာသိခြင်း

အမြဲတမ်းမရပ်မနားကြိုးစားနေတာထက် ကိုယ်ဘယ်နေရာမှာရပ်နေလဲဆိုတာ သိခြင်းက သင့်ကိုအောင်မြင်ချမ်းသာတဲ့သူတစ်ယောက်ဖြစ်စေပါတယ်။
လူတွေက ပိုကောင်းအောင် ပိုခမ်းနားအောင်ကြိုးစားနေကြပေမဲ့ ဘယ်နေရာမှာရပ်တန့်ရမလဲ၊ဘယ်အချိန်မှာနောက်ပြန်ဆုတ်သင့်လဲဆိုတာမသိကြပါဘူး။
ကိုယ့်ကိုယ်ကိုယ် အရမ်းတွန်းအားပေးနေတာမျိုး၊နေ့မအိပ်ညမအိပ်ကြိုးစားနေတာမျိုး၊ပိတ်ရက်လည်းမနားမနေအလုပ်တွေဖိလုပ်နေတာမျိုးဟာ သင့်ကို
အောင်မြင်သူတစ်ယောက်မဖြစ်စေပါဘူး။

*အမြဲတမ်းသင်ယူလေ့လာနေခြင်း
ပညာရပ်တွေက သင်ယူလေ့လာလို့မကုန်ပါဘူး။ကိုယ့်ရဲ့အားလပ်ချိန်လေးမှာ ခဏတာအချိန်ယူပြီး ဘ၀အတွက်လိုအပ်တဲ့သင်တန်းတွေ၊ပညာရပ်တွေကို
ကြိုးစားသင်ယူထားသင့်ပါတယ်။ဒါတွေက သင့်ဘ၀အတွက် အထောက်အကူဖြစ်စေမှာသေချာပါတယ်။

*အချိန်ကိုတန်ဖိုးထားတတ်ခြင်း

ဆိုရှယ်မီဒီယာသုံးစွဲတာတွေလျှော့ပြီး တစ်ခြားကိုယ့်အတွက်အကျိုးရှိစေမယ့်အရာတွေအပေါ် အချိန်ပိုပေးတာက သင့်ဘ၀ကို ပိုပြီးတိုးတက်စေပါလိမ့်မယ်။

*ကိုယ့်ကိုယ့်ကိုယ်ဂရုစိုက်ခြင်း
အောင်မြင်တိုးတက်တဲ့သူတစ်ယောက်ဖြစ်ဖို့လိုသလို အဲ့ဒီလိုလူမျိုးဖြစ်လာဖို့အတွက် ကိုယ်ကလည်းကျန်းမာနေဖို့လိုအပ်ပါတယ်။နေ့တိုင်း ကျန်းမာရေးနဲ့
ညီညွတ်မျှတစွာစားမယ်။ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်မယ်။ကိုယ်မသိသေးတဲ့ပညာရပ်တွေလေ့လာမယ်။အချိန်မှန်အိပ်စက်မယ်။အဲ့ဒီလိုဆိုရင် ကျန်းမာရေး
ကောင်းဖို့ တကူးတကကြီးနေထိုင်စရာမလိုတော့ပါဘူးနော်။

*ကြိုတင်အစီအစဉ်ချတတ်ခြင်း

ကြိုတင်အစီအစဉ်ချမှတ်ထားတာက အချိန်ကုန်လည်းသက်သာစေပြီး လူလည်းပင်ပန်းသက်သာပါတယ်။အစီအစဉ်မချပဲ လုပ်မယ်ဆိုရင်လွဲချော်တာမျိုးတွေ
ရှိတတ်တဲ့အတွက် Plan A နဲ့ အဆင်မပြေရင် Plan B အသင့်ရှိနေဖို့လိုအပ်ပါတယ်။ဒါကြောင့် အရေးကြီးကိစ္စတွေဆောင်ရွက်စရာရှိမယ်ဆိုရင်
အစီအစဉ်ကြိုဆွဲထားသင့်ပါတယ်။

ကဲ ဒီအချက်လေးတွေကတော့ သင့်ကိုပိုပြီးအောင်မြင်တိုးတက်အောင်ကူညီပေးနိုင်မယ့်အချက်လေးတွေပဲဖြစ်ပါတယ်။

48 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.