ဆံနွယ်တွေကို ကိုယ်တိုင်တောင် သတိမထားမိဘဲ ဖျက်ဆီးမိနေတဲ့ အမူကျင့်မှားတွေ

မိန်းကလေးတွေအတွက် ဆံကေသာလှပမှုဟာ အဓိကပါ။ မိမိဆံကေသာကို သေချာမထိန်းသိမ်းရင် ကိုယ်လိုချင်တဲ့ ဆံပင်ပုံစံမျိုး ဘယ်လောက်ညှပ်ညှပ် စိတ်တိုင်းကျမှာမဟုတ်ပါဘူး။ ဆံပင်ကျွတ် ၊ အရှည်နှေးခြင်းနဲ့ အခြားပြဿနာတွေ မကြုံချင်ရင် ခုတည်းက ပြုလုပ်နေကြ အပြုမူမှားတွေနဲ့ သူ့ရဲ့ ဆိုးကျိုးတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်တယ်နော်။

မှားယွင်းတဲ့ ကိုယ်နေဟန်ထား

Related image

ရေချိုးတဲ့အခါ ကိုယ်နေဟန်ထားပုံစံနဲ့ ပတ်သတ်ပြီး စဉ်းစားကြည့်ရအောင် ။ ကိုယ့်ရဲ့ နဂိုအမူကျင့်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်တွေထဲက မင်းသမီးတွေ ရေချိုးသလို ခန္ဓာကိုယ်ကို ဖြောင့်တန်းစွာရပ်ပြီး ခေါင်းကို အပေါ်မော့ရေချိုးတတ်တယ်ဆိုရင် ရပ်တန်းကရပ်လိုက်ပါ။ သက်တောင့်သက်သာဖြစ်စေတဲ့ အနေထားမှန်ပေမယ့် ခေါင်းငုံပြီး ခေါင်းလျှော်ပေးခြင်းက ပိုပြီးထိရောက်မှုကောင်းပါတယ်။ ခေါင်းငုံပြီး ခေါင်းလျှော်ပေးခြင်းက သင့်ဆံကေသာကို ထိခိုက်မှုနည်းစေပြီး ဆံပင်ကျွတ်တာကိုလည်း လျော့နည်းစေပါတယ်။ Hair Mask (သို့) ပျော့ဆေးသုံးတဲ့အခါလည်း ခေါင်းကိုငုံပြီး ဆံပင်ကိုအသာယာပေါင်းပေးပါ။ ခေါင်းကိုမော့ထားတဲ့အခါ ဆံပင်အရင်းတွေကို အောက်ကိုဆွဲချနေသလိုဖြစ်လို့ပါ။

Dryer သုံးတိုင်းလည်း မကောင်း

Related image

ခေါင်းလျှော်ပြီးတာနဲ့ မိန်းကလေးတွေအများစု လုပ်လေ့ရှိတဲ့ အမှားက dryer နဲ့ မှုတ်တာက စတာပါပဲ။ လေပူနဲ့ မှုတ်ထုတ်လိုက်ရင် သင့်ရဲ့ ဆံပင်တွေမြန်မြန်ခြောက်သွားစေပေမယ့် နောက်ဆက်တွဲဆိုးကျိုးက ဆံသားတွေ ထိခိုက်တာပါ။ Dryer မသုံးခင် ဆံပင်ကို တဘတ်နဲ့ ဖြည်းဖြည်းသုတ်ပြီး မခြောက်တခြောက်အချိန်လေးမှာ Dryer လေအပျော့နဲ့ပဲ ဆံပင်ကိုမှုတ်ပေးပါ။Dryer မသုံးပဲ တဘတ်ပဲသုံးမယ်ဆိုရင် ပိုးထည်အသားနဲ့လုပ်ထားတဲ့ တဘတ်နဲ့၊  ချည်သား တဘတ်ကိုသာအသုံးပြုဖို့ အကြံပေးချင်ပါတယ်။ ဆံသားအဖျားနှစ်ခွဖြစ်ခြင်းနဲ့ ပျက်စီးခြင်းကို သက်သာစေပါတယ်။

ရေအလုံလောက်မသောက်ခြင်း

ရေကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် လိုအပ်နေတာပါပဲနော်။ ခန္ဓာရှိသရွေ့  ရေကိုလုံလုံလောက်လောက် သောက်သုံးနေရမှာပါ။ ရေသောက်ခြင်းက ဆံကေသာနဲ့လည်း အများကြီးဆက်စပ်နေတယ်လို့ သိရပါတယ်။ ရေက အမျိုးမျိုးသော ပြဿနာတွေကိုဖြေရှင်းပေးနိုင်တာ သိမှာပါ။ ရေများများသောက်ရင် ဆံပင်အရှည်များတယ်ဆိုတာ လူသိနည်းပါတယ်။ရေက သင့်ဆံပင်ကို ၁၅ရာခိုင်နှုန်းထိ ရှည်လာအောင် စွမ်းဆောင်နိုင်ပါတယ်။ ကဲ ဒါဆို နောက်တစ်နေ့မနက်ကစပြီး ရေကိုပျော်ပျော်ကြီး သောက်လိုက်ရအောင်လား.. ။

အေးစက်တဲ့နေရာရောက်ရင်

ရာသီဥတုနဲ့ပတ်သတ်တာလေးလည်း ပြောပြချင်ပါတယ်။ သင်ဟာ အရမ်းအေးမြတဲ့ နေရာဒေသမှာ နေထိုင်တယ်ဆိုရင် ဆံကေသာကို ကောင်းကောင်းထိန်းသိမ်းနိုင်ဖို့ အခွင့်ရေးတစ်ခုရှိပါတယ်။ အဓိက,ကတော့ သင်သုံးတဲ့ရေက အရေးကြီးဆုံးအပိုင်းပါ။ အေးစက်တဲ့ရေဟာ ဆံသားတွေကို ကျယ်ပြန့်လာစေပါတယ်။ ဆိုလိုတာက ဆံသားရှည်လာစေဖို့ ရာခိုင်နှုန်းများပါတယ်။ ဆံသားအတွင်းပိုင်း ကြေနေတာတွေလျော့နည်းစေပြီး ဆံပင်အဆီပြန်ခြင်းလည်း ကင်းဝေးပါတယ်။

စားသောက်မှု ပုံစံ

Image result for eating

လှပတဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ်စားသုံးတဲ့ အစားစာတွေဟာ ခန္ဓာကိုယ်အတွက် အကျိုးရှိမလား ၊ အာဟာရမဖြစ်တဲ့ အရာတွေလည်း သေချာဆန်းစစ်ပြီး စားပါ။ အရသာရှိပြီး အာဟာရမဖြစ်တဲ့ အစားစာတွေ ရှောင်တာအကောင်းဆုံးပါ။ အစားသောက်နဲ့ ဆံသားကလည်း တစ်မျိုးတစ်ဖုံတော့ ဆက်စပ်ထိရောက်နေပါတယ်။ Iron ဓာတ်နဲ့ ဗီတာမင် B7 များတဲ့ အစားစာတွေပိုစားပေးပါ။ ဒီအရာတွေက ဆံပင်အရှည်သန်စေပြီး ဆံသားကိုပြောင်လက်တောက်ပစေပါတယ်။ နေ့စဉ်စားသုံးပေးသင့်တဲ့ အစားသောက်တွေထဲမှာ Iron ဓာတ်နဲ့ Zincအများဆုံးပါတဲ့ ဆယ်လမွန်ငါး ၊ ထောပတ်သီး ၊ သစ်ကြားသီး ၊ ရွှေဖရုံစေ့ ၊ ပန်းဂေါ်ဖီ စိမ်းနဲ့ ဗာဒံစေ့တို့ စားပေးပါ။

ဒီအချက်လေးတွေကိုသာ သတိထားရှောင်ကျဉ်လိုက်ရင် မကြာမီအချိန်တွင်း လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

64 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.