စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွဲသစ်နဲ့ ပြန်လည်မြင်တွေ့ရဦးမယ့် Rain

တောင်ကိုရီးယားရဲ့နာမည်ကျော်မင်းသားအဆိုတော်တစ်လက်ဖြစ်တဲ့ Rain ကို မကြာခင် စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွဲတစ်ခုမှာ ပြန်လည်မြင်တွေ့ရ
ပါတော့မယ်။MBC က ရိုက်ကူးထုတ်လွှင့်မယ့် “Welcome 2 Life” ဇာတ်လမ်းတွဲသစ်မှာ Rain ကခေါင်းဆောင်မင်းသားအဖြစ်ပါဝင်လာမှာဖြစ်ပြီး
သူနဲ့အတူ မင်းသမီး Lim Ji Yeon ၊ Kwak Si Yang တို့ကလည်းတွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Welcome 2 Life ဇာတ်လမ်းမှာ Rain ကို အရည်အချင်းအစွမ်းအစအပြည့်ရှိပေမဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ရှေ့နေတစ်ယောက်၊ကိုရီးယားရဲ့ထိပ်တန်း
ရှေ့နေရုံးငါးရုံးမှာ တစ်ရုံးအပါအ၀င်ဖြစ်တဲ့ JK Law Firm ရဲ့ အတော်ဆုံးရှေ့နေ Lee Jae Sang အဖြစ်မြင်တွေ့ရမှာပါ။ဒါပေမဲ့ မတော်တဆမှုတစ်ခုကြုံတွေ့ရပြီးတဲ့နောက်မှာတော့ တစ်ခြားကမ္ဘာတစ်ခုမှာပိတ်မိနေပြီး အဲ့ဒီကမ္ဘာမှာ ရိုးသားဖြောင့်မတ်တဲ့တရားသူကြီးဖြစ်သွားတဲ့ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်အပြည့်နဲ့
ကြည့်ရှုရမှာဖြစ်ပါတယ်။မင်းသမီး Lim Ji Yeon ကတော့ Rain ရဲ့ချစ်သူဟောင်း အတွေးထက် လက်ပိုမြန်တဲ့ စုံထောက်မလေးအဖြစ်မြင်တွေ့ရမှာပါ။
မင်းသား Kwak Si Yang ကိုတော့ ရဲအရာရှိ Goo Dong Taek အဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီစိတ်ဝင်စားစရာဇာတ်လမ်းတွဲသစ်လေးဟာ မင်းသား Rain ရဲ့ အက်ရှင်ဇာတ်လမ်းတွဲ Sketch အပြီး ဒုတိယမြောက် comeback ဇာတ်လမ်းတွဲ
ဖြစ်ပါတယ်။ပရိသတ်တွေစိတ်ဝင်တစားစောင့်ကြည့်ရမယ့် ဒီဇာတ်လမ်းတွဲသစ်ကို Partners for Justice ဒုတိယအစီအစဉ်အပြီး ဇူလိုင်လကုန်လောက်မှာ
ပြသဖို့စီစဉ်ထားတယ်လို့လည်းသိရပါတယ်။

37 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.