ကျွန်ေတော်တို့ထင်မထားတဲ့လူချမ်းသာတွေရဲ့လျို့ဝှက်ချက်

လူချမ်းသာဆိုတာလွယ်လွယ်နဲ့ဖြစ်လာဖို့ဘယ်လိုမှမလွယ်ကူတာပါ။ သမာအာဇီဝဆိုရင်ပေါ့လေ…ဆိုတော့ကိုယ်တွေ သေချာသတိမထားမိသေးတဲ့လူချမ်းသာတွေရဲ့လုပ်လေ့ရှိတဲ့လုပ်ရပ်တွေဟာ ဘာတွေလဲဆိုတာ…
(၁) ချမ်းသာမှုကို မက်မောခြင်းမရှိ

ချမ်းသာတာကိုမမက်မောဘူး ချမ်းသာကြတဲ့သူတွေဟာချမ်းသာဖို့ကို ငွေရှာတာမဟုတ်ပါဘူး။ ချမ်းသာဖို့ထက်ဘ၀အတွက်လိုအပ်တဲ့နေရာတွေမှာလိုအပ်ရင်လိုအပ်သလို သုံးစွဲလို့ရအောင်ရှာတာဖြစ်တာကြောင့် ချမ်းသာဖို့ထက် တိုးတတ်ဖို့နဲ့လိုအပ်ရင်လိုရင်လိုအပ်သလို သုံးနိုင်ဖို့ဦးစားပေးပြီးရှာတာဖြစ်ပါတယ်။ နောက်တစ်ခုက ချမ်းသာဖို့ထက် ပညာတတ်ဖို့Professional ကျဖို့ကိုပိုပြီး လိုချင်ကြတဲ့သူတွေများပါတယ်။

(၂) ၀င်ငွေနဲ့ထွက်ငွေကိုမျှတအောင် သုံးစွဲတတ်

ဝင်ငွေထွက်ငွေကို အပိုလိုမရှိသုံးဆွဲတတ်တယ်ရှာသမျှထိုင်သုံးတတ်တယ်လို့ချမ်းသာတဲ့သူတိုင်းကို မစွပ်စွဲပါနဲ့။ကိုယ်တွေ မသိသေးတာက ရှာသမျှကို ၀င်ငွေနဲ့ထွက်ငွေမျှအောင်လုပ်ပြီး စနစ်တကျတွက်ချက်ပြီး မှ လိုအပ်ရင်လိုအပ်သလိုသုံးတတ်ကြတာဖြစ်ပါတယ်။

(၃) စုဆောင်းတယ်

 စုဆောင်းတယ်စုလို့ပိုမှသုံးတတ်ကြတာပါ။ ငါတို့ပိုက်ဆံဝင်နေတာပဲ မစုလည်းရတယ်ဆိုတာမျိုးမရှိပါဘူး။ ပိုက်ဆံရှိရှိ မရှိရှိ စုပြီးပိုမှသုံးတတ်တဲ့အမျိုးပါ။

(၄) ပင်စင်ဆိုတာမျိုးမရှိ

ပင်စင်ဆိုတာရယ်မရှိ အလုပ်နဲ့ပတ်သတ်လာရင် နားမယ်၊ ပင်စင်ယူမယ်ဆိုတာရယ် မရှိပါဘူး။ ကျန်းမာရေးမကောင်းလို့သာနားရင်နားမယ်  အလုပ်ကနေအနားယူဖို့ဆိုတာကိုပျင်းနေတတ်ကြတဲ့သူတွေပါ။

(၅) Detail လုပ်လေ့ရှိတယ်

Good Detailတွေကိုစောင့်လေ့ရှိတယ် ဘယ်ကိစ္စမဆို အပေါ်ယံနှိုင်းယှဉ်ချက်တွေကိုကြည့်ပြီးချက်ချင်းမဆုံးဖြတ်တတ်ကြဘူး။ စိတ်ရှည်လက်ရှည်နဲ့အသေးစိတ်သိအောင်လုပ်ပြီးမှ လုပ်ကိုင်တတ်ကြလို့ကိစ္စတော်တော်များများမှာနောင်တကင်းကြတယ်။

(၆) လိုမှဝယ်တယ်

 လိုအပ်မှဝယ်တယ်တကယ်ဝယ်မှရတော့မယ် တကယ်လိုအပ်တယ် ဆိုတဲ့ အချိန်ကြမှ ပစ္စည်းတွေကိုဝယ်လေ့ရှိတယ်။ မလိုအပ်ပဲ အပိုသဘောနဲ့လျှောက်ပြီး အများကြီးအသုံးဖြုန်းတတ်ကြဘူး။

(၇) ခိုင်မာတဲ့ပိုင်ဆိုင်မှုတွေကိုရင်းနှီးမြုပ်နှံတယ်

ခိုင်မာတဲ့ပိုင်ဆိုင်မှုတွေမှာရင်းနှီးတယ်အပိုတွေငွေကုန်ခံမဲ့အစား ခိုင်မာတဲ့ပိုင်ဆိုင်မှုတွေကို ဘ၀တစ်သက်စာ အတွက် စုဆောင်းဝယ်ယူလေ့ရှိကြတယ်။

(၈) Second Hand တွေသုံးလေ့ရှိတယ်

Second Handတွေသုံးလေ့ရှိတယ်သူဌေးတွေ မလို့Second Hand မသုံးဘူး၊ ကြားတောင်မကြားဘူးဘူး မထင်နဲ့တော်ရေ… ဒီလိုချမ်းသာတဲ့သူတွေတော်တော်များများကပဲ အသုံးဝင်လည်းဝင်သေးဈေးလည်းသက်သာတဲ့ တစ်ပတ်နွမ်းပစ္စည်းတွေကို Budget Save တဲ့အနေနဲ့ပြန်သုံးနေကြတာ အများကြီးပါ။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.