သင်အကြိုက်ဆုံးအရောင်ဟာ အဝါရောင်ဖြစ်နေတယ်ဆိုရင်…

အဝါရောင်ဆိုပေမယ့် ပိတောက်ခြောက်ရောင်ဘက်ပိုရောက်တဲ့ အရောင်လေးတွေက အခုခေတ်
မှာ ပိုခေတ်စားနေတာ သိကြမှာပါ။ ဒီအရောင်လေးတွေက လူတိုင်းနဲ့လည်း လိုက်တယ်လို့ ထင်ရတယ်။

Image result for yellow girl

တကယ်လို့ အဝါရောင်က သင်အကြိုက်ဆုံးအရောင်ဖြစ်နေတယ်ဆိုရင် အောက်ကိုဆက်ဖတ်ကြည့်လိုက်ပါဦး…
အဝါရောင်ကြိုက်တဲ့သင်ဟာ ဘယ်လိုအခြေအနေမှာမဆို ပျော်အောင်နေတတ်တဲ့ သူမျိုးဖြစ်ပါ
တယ်တဲ့။ ဖန်တီးနိုင်စွမ်းရှိသလို မကြာခဏလည်း အိုင်ဒီယာသစ်တွေ ထုတ်နေတတ်တဲ့သူမျိုးပါ။
အိုင်ဒီယာထုတ်နိုင်တယ်ဆိုပြီး သူများအကြံဥာဏ်တွေကိုလည်း နားမထောင်တဲ့သူမျိုးမဟုတ်ပါဘူး
တဲ့။ အများရဲ့အိုင်ဒီယာတွေကို နားထောင်ပြီး လက်တွေ့ကျအောင်လုပ်နိုင်လားဆိုတာပဲ
အဖြေရှာနေကြတဲ့သူတွေပါ။

အရာရာတိုင်းကို အသေးစိတ်လုပ်တတ်တဲ့အကျင့်ကြောင့် သင့်အတွက် ကောင်းကျိုးပြုစေပါတယ်။
တစ်ခါတစ်လေ လူတွေရဲ့သဘောသဘာဝအတိုင်း ဖြစ်တတ်တဲ့ပုံစံလေးတွေတော့ ရှိတာပေါ့။
စိတ်ပင်ပန်း ၊ ဒေါသထွက် ၊ စိတ်မြန်လက်မြန်အခြေအနေမျိုးတွေလည်း သူတို့မှာဖြစ်တတ်ကြပါတယ်။

Related image

အမှီခိုကင်းကင်းနဲ့ ရပ်တည်ချင်သူမို့ စိတ်ဓာတ်သန်မာတဲ့ သူဖြစ်တယ်။ ဆိုရှယ်ကျကျနေပြီး
အပေါင်းသင်းတွေများတာထက် ရင်ဘတ်ချင်းနီးတဲ့ သူငယ်ချင်းတွေနဲ့သာ အေးဆေးလေးသာ
နေချင်ကြတယ်။ နောက်ပြီး ခံစားချက်တွေကိုလည်း အရှိကိုရှိတိုင်း ထုတ်မပြတတ်ကြပါဘူး။
ဥာဏ်ရည်ထက်မြက်သလို ပညာရေးကိုလည်း အမြဲအဆက်မပြတ်လေ့လာနေသူမို့
ဗဟုသုတတွေလည်း မသိတာမရှိအောင် သိုမှီးနေသူဖြစ်ပါတယ်။

အချစ်ရေးကတော့ ဘဝမှာ အချစ်ဆိုတာ အသေးမွှားလို့ပဲ ခံယူထားသတဲ့။ အဝါရောင်ကြိုက်သူ
တွေဟာ ချစ်တာထက် ကိုယ်နဲ့အံကိုက်တဲ့သူမျိုး ၊ အဆင်ပြေနိုင်တာကိုသာ ရွေးချယ်ကြပါ
တယ်။ ဒါကတော့ အဝါရောင်ကြိုက်သူတွေအတွက် ခန့်မှန်းထားတဲ့ personality ဖြစ်ပါတယ်…
အခြားအရောင်လေးတွေနဲ့ပတ်သတ်ပြီးတော့လည်း မကြာမီပြောပြပေးသွားမယ်နော်….

83 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.