ရေခဲရေသောက်လိုက်တိုင်းသင့်ခန္ဓာကိုယ်ကြီးဘာတွေဖြစ်နိုင်သလဲ?

အခုလိုပူအိုက်နေတဲ့ရာသီဥတုမှာ တစ်ချို့သောသူတွေဟာ ရေခဲရေကိုပိုပြီးသောက်တတ်ကြပါတယ်။တစ်ခါတစ်လေနည်းနည်းပါးပါးကတော့ OK မေမဲ့ ကိုယ့်ရဲ့စိတ်အလိုလိုက်ပြီးသောက်လိုက်မိတဲ့ရေခဲရေတစ်ခွက်ကြောင့်ဘယ်လိုဆိုးကျိုးတွေဖြစ်စေတတ်သလဲဆိုတာ…
(၁) အစာကြေမလွယ်ဘူး

အစာကြေမလွယ်ဘူးရေခဲရေ ဟာသာမန်ရေကျက်အေး(သို့)ရေနွေးလောက် အစာခြေဖျက်အားမကောင်းတာ အမှန်ပါပဲ။ အစားစားပြီးချိန်မှာရေခဲရေသောက်လိုက်ရင် သိပ်မကြာခင်မှာ ရင်ခေါင်းကြီးတောင့် ဗိုက်တွေအောင့်ပြီး အစာမကြေတာမျိုးကိုခံစားရတတ်ပါတယ်။

(၂) နှလုံးခုန်နှုန်းကိုမလိုအပ်ပဲမြန်စေတယ်

နှလုံးခုန်နှုန်းကိုမလိုအပ်ပဲမြန်စေတယ်ရေခဲရေသောက်ခြင်းဟာ ပုံမှန်ထက်ပိုပြီး နှလုံးခုန်မြန်စေပါတယ်။ နှလုံးခုန်နှုန်းက ပုံမှန်ထက်မလိုအပ်ပဲပိုမြန်နေရင်သွေးဆောင့်တက်တာမျိုး အမောဖောက်တာမျိုး ဦးနှောက်သွေးကြောပေါက်တာမျိုးဖြစ်တတ်တာကြောင့် အထူးသဖြင့်ပူပြင်းတဲ့ရာသီမှာ ရေခဲရေမသောက်သုံးသင့်ပါဘူး။

(၃) ဖျားနာရောဂါအလွယ်တကူဝင်စေတယ်

ဖျားနာရောဂါအလွယ်ဝင်တတ်ရေခဲရေဟာ ပုံမှန်ရေတွေထက်ပိုပြီးအေးတာကြောင့် ရေခဲရေများများသောက်လေ့ရှိတဲ့သူတွေဟာ နှာစေး ချောင်းဆိုးနဲ့ အဆုပ်ရောဂါ လို ဝေဒနာမျိုးကို အဖြစ်များစေပါတယ်။ ဒါတင်မကပဲ အပူကြောင့်ဖြစ်တဲ့ ချောင်းဆိုါ် ဖျားနားခြင်းတွေကို ဖြစ်စေနိုင်ပြီး အပူနာ တွေကိုပါပေါက်စေနိုင်ပါတယ်။

(၄) ဗိုက်အောင့်ဗိုက်နာ ၀မ်းပျက်ဝမ်းလျောဖြစ်တတ်တယ်

ဗိုက်အောင့်ဗိုက်နာ ၀မ်းပျက်ဝမ်းလျှောဖြစ်တတ်ရေခဲရေဟာ ရေကျက်အေးလောက်ပိုးမွှားမသန့်စင်ပါဘူး၊ ဒါကြောင့်သူ့မှာပါတဲ့ပိုးမွှားတွေဟာ ၀မ်းပျက်ဝမ်းလျှောရောဂါတွေကိုဖြစ်စေနိုင်ပြီး အူယောင်တာတွေထိပါဖြစ်ပွားစေပါတယ်။ နောက်တစ်မျိုးက ရေခဲရေကို ပဲအမြဲသောက်သုံးတတ်တဲ့သူတွေဟာ ဆီကျင်ခြင်းဝေဒနာတွေကိုပါခံစားရစေနိုင်တာမို့ရှောင်တာအကောင်းဆုံးပါပဲ။

(၅) အ၀လွန်တတ်တယ်

အ၀လွန်တတ်သေချာတာကတော့ ရေနွေးတွေ ရေကျက်အေးတွေထက် ရေခဲရေက ၀ိတ်တတ်တာပါပဲ။ သူ့ရဲ့အအေးဓာတ်က ခန္ဓာကိုယ်ထဲက တော်ရုံ အဆီတွေကို ခဲစေတာကြောင့် အစာချေ မမြန်ပဲ ၀ိတ်ပိုတတ်စေပါတယ်။ ဒါကြောင့် အထူးသဖြင့် အစားစားပြီးချိန်တစ်ချိန်မှာတော့ရေခဲရေကို ဝေးဝေးရှောင်သင့်ပါတယ်။

24 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.