ဒရာမာဇာတ်ကားအသစ်အတွက် ဇာတ်ညွှန်းဖတ်နေကြပြီဖြစ်တဲ့ Yeon Woo Jinနဲ့ Kim Sejeong

KBS2 ရဲ့ဇာတ်ကားသစ်လေး “Let Me Hear Your Song” ဟာ mystery romantic comedy
အမျိုးစားဖြစ်ပြီး ဒါရိုက်တာ Lee Jung Mi နဲ့ ဇာတ်ညွှန်း Kim Min Joo တို့ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ပါဝင်သရုပ်ဆောင်မယ့် အနုပညာရှင်တွေကတော့ Yeon Woo Jin, Kim Sejeong, Song Jae Rim, Jiyeon, Lee Si Won, Yoon Joo Hee, JBJ95’s Sanggyun, Yoo Gun, Park Chan Hwan, Yoon Bok In တို့ပဲဖြစ်ပါတယ်။

ဇာတ်ညွှန်းမဖတ်ခင် Yeon Woo Jin က ” ဒီ ၂ဝ၁၉နှစ်လေးကတော့ အားလုံးအတွက်
ထူးခြားမယ့်နှစ်လေးဖြစ်မယ်ထင်တယ်” လို့ ပြောသွားပါတယ်။ ရုပ်ရှင်တစ်ကားအတွက်
အတူတူအလုပ်လုပ်ရတော့မယ့်သူတွေ ပထမဆုံးတွေ့ဆုံခြင်းဆိုတော့ အချင်းချင်း နှုတ်ဆက်ကျ
နဲ့ ပျော်စရာကောင်းခဲ့ပါတယ်။

“Let Me Hear Your Song” ကို ဇူလိုင်လထဲမှာ အကြိုပြသသွားမယ်လို့ သိရပါတယ်။

21 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.