ကိုယ္႔ကိုယ္ကိုယ္စိတ္ခ်မ္းသာေအာင္ထားနည္း…

ေခါင္းစဥ္ေလးကရိုးရွင္းသလုိ လုပ္ေဆာင္ရမဲ႔ အလုပ္ေလးေတြကလည္းရိုးရိုးေလးပါပဲ…စိတ္ခ်မ္းသာနည္းမေျပာခင္မွာ လူေတြေတာ္ေတာ္မ်ားမ်ားက
ဘာေျကာင္႔စိတ္ညစ္ျကတာလဲ ဘာ ေျကာင္႔စိတ္ပင္ပန္းျကတတယ္ဆုိတာ အေျဖရွာျကည္႔ရေအာင္? တစ္ေန႕တစ္ေန႕ လူ႕ေလာကျကီးထဲမွာ က်င္လည္ေနသမ်ွေတာ႔
ေကာင္းတဲ႔ကိစၥေတြရွိသလို မေကာင္းတာေတြလည္းရွိတာ ေျကာင္႔စိတ္ညစ္ျကရတာပါ။ ရွင္းရွင္းေျပာရရင္ တစ္ေယာက္ေယာက္ကစိတ္ညစ္တယ္၊ စိတ္ပင္ပန္းတယ္လုိ႕ဆိုေနသမ်ွေတာ႔ သူက
ေလာကဓံကို အရွင္းသားမျမင္ေသးလုိ႕ပါပဲ။ ဒီလုိျမင္ေအာင္ျကည္႔ဖို႕ကလည္းကိုယ္တုိင္ကလြဲရင္ ဘယ္သူမွေျပာင္းလဲေပးလုိ႕မရျပန္ဘူး။

ဒါဆိုရႈပ္ေထြးပူေလာင္လွတဲ႔လူ႕ေလာကျကီးထဲမွာ အသက္ရြယ္ပိုင္းျခားမရြယ္ကိုယ္႔ကိုယ္ကုိယ္ဘယ္လိုေပ်ာ္ေအာ္ထားသင္႔လဲ? သင္႔စိတ္က ေလး
ေနေပ်ာ္ေအာင္ ဘယ္လုိ အေတြးေခၚမ်ိဳးေတြလုိအပ္သလဲ? … တကယ္ေတာ႔ကိုယ္႔ကိုယ္ကိုယ္စစ္မွန္စြာေပ်ာ္ရႊင္ရေအာင္လုပ္ဖုိ႕ကမခက္ပါဘူး လုပ္ဖုိ႕
သတိၱမရိွတာေျကာင္႔ရယ္ တကယ္တမ္းမေပ်ာ္ေသးခ်င္တာေျကာင္႔ရယ္၊ တကယ္႔ေပ်ာ္ရႊင္ေအးခ်မ္းမႈကဘာလည္းဆုိတာကိုမသိတာရယ္
ေျကာင္႔ပါ…


– ခြင္႔လႊတ္နုိင္ရင္ခြင္႔လႊတ္ ၊ မခြင္႔လႊတ္နုိင္ရင္စြန္႔လႊတ္ပါ
ရွင္းရွင္းေလးပါပဲ။ တစ္စံုတစ္ေယာက္ကကိုယ္႔အေပၚမေကာင္းနုိင္ဘူးဆုိတာ သိရင္လက္လႊတ္လိုက္မလား၊ လက္လႊတ္မခံနုိင္ပါဘူးဆုိတာ ေသခ်ာရင္ သူလုပ္သမ်ွကို
သည္းခံခြင္႔လႊတ္ေနဖုိ႕ပဲရွိတယ္။ ဒါကို အပူတျပင္းနဲ႕စိတ္ညစ္ေနစရာမလုိပါဘူး။ ကိုယ္စိတ္ကတကယ္ခ်မ္းသာမဲ႔ထင္တဲ႔နည္း
လမ္းကိုေရြးတတ္ဖို႕ပဲလုိပါတယ္။
– အားက်ပါ အားမငယ္ပါနဲ႕
ကိုယ္ထက္သာတယ္ ၊တတ္တယ္လို႕ထင္တဲ႔သူေတြကို အားက်ပါ၊ But ဒီလူေတြကို ထုိင္ပဲျကည္႔ေနျပီးသူတုိ႕က်ဘာျဖစ္တယ္ ငါက်မျဖစ္ဘူး
ဆုိတာမ်ိဳးနဲ႕အခ်ိန္ကုန္ရင္ စိတ္ပ်က္စရာေကာင္းပါတယ္။ ဒါေျကာင္႔ကိုယ္လုပ္စရာရွိတာကို လုပ္ျပီးအားက်ပါ ကိုယ္႔ကိုယ္ကိုယ္အားမငယ္ပါ
နဲ႕။
– ကူညီပါ၊ စိတ္မပူပါနဲ႕
ကိုယ္ခ်စ္တဲ႔သူ ကိုယ္တြယ္တာမိတဲ႔သူ (သုိ႕) တစ္စံုတစ္ခုေပၚကို အျကီးက်ယ္စိတ္ပူပင္တာမ်ိဳးက မေအးခ်မ္းပါဘူး။ ဒါေျကာင္႔
လုိအပ္ရင္တတ္နုိင္တဲ႔ဘက္က ေနလက္ေတြ႕ကူညီေပးလုိက္ပါ။ စိတ္နဲ႕အတင္းျကီးအေသးစိတ္ကအစလုိက္ပူပန္လိုက္ေသာကမ်ားေနတာဟာ
သင္႔ကိုအိုမင္းေစပါတယ္။
– ျကိုးစားပါ …စိတ္ပါတဲ႔အလုပ္ေတာ႔ျဖစ္ပါေစ
ျကိုးစားပါ။ ကိုယ္၀ါသနာရာလမ္းေျကာင္း၊ ကိုယ္တုိးတတ္ခ်င္တဲ႔ အရာမ်ိဳးမွာ စြမ္းစြမ္းတမံေပ်ာ္ေပ်ာ္ရႊင္ရႊင္ျကိုးစားပါ။ ဒါကလည္းသင္႔
ဘ၀ကို ေနေပ်ာ္ေအာင္လုပ္ေပးတဲ႔ ယံုျကည္မႈတုိးေစတဲ႔ ျကိုးစားျခင္းပါပဲ။
– ခ်စ္ခင္ပါ မစြဲလမ္းပါနဲ႕
ခ်စ္ခင္ပါ။ ဘယ္သူ႕ကိုမဆို ခ်စ္ခင္လုိ႕ရပါတယ္။ ဒါပင္မဲ႔လူတစ္ေယာက္ကို ဘ၀ျကီးတစ္ခုသဖြယ္သတ္မွတ္ထားျပီးသူနဲ႕ ေတြ႕ေနရမွ သူနဲ႕ထိေတြ႕ရမွ
သူန႕ဲေျပာဆိုေနရမွ ငါ႔ဘ၀ဆုိတာမိ်ဳးထိေတာ႔အျဖစ္မခံပါနဲ႕။ တစ္ဖက္ကမ္းေရာက္စြဲလမ္းစိတ္ကသင္႔ကိုေပ်ာ္ခြင္႔မေပးပါဘူး။
– လုိခ်င္ရင္ရေအာင္ျကိုးစားပါ မပိုင္ဆုိင္ရလည္းျဖစ္တယ္ဆုိတဲ႔စိတ္ေလးရွိပါေစ
ဘယ္အရာမဆိုကိုယ္လုိခ်င္ရင္နည္းမွန္လမ္းမွန္နဲ႕ျကိုးစားပါ။ ဒါပင္မဲ႔ ကံျကမၼာရဲ႕အလွည္႔ေျပာင္းကိုလည္းနားလည္ေပးနုိင္ပါေစ။
ျကုိးစားပင္မဲ႔လည္းတုိက္ရိုက္ျကီးျဖစ္ခ်င္မွျဖစ္လာမွာပါ။ ဒီလိုခ်ိန္မွာ တင္းတိမ္ေရာင္႔ရဲစိတ္ေလးနဲ႕ေျဖသိမ္႔နုိင္ပါေစ။
ဒီအခ်က္ေလးေတြကိုသာ က်င္႔သံုးေပးမယ္ဆုိရင္ လူ႕ဘ၀ျကီးက တကယ္ကိုစိတ္ေက်နပ္စရာျကီးပါပဲ။ ကိုယ္တကယ္စစ္မွန္တဲ႔ေပ်ာ္ရႊင္မႈမ်ိဳးကို
လိုလားေတာင္းတတယ္ဆုိရင္ ကိုယ္တိုင္ပဲ စိတ္ကို ထားတတ္ေအာင္အရင္ဆံုးလုပ္သင္႔ပါတယ္…ကိုယ္႔ကိုယ္ကိုယ္ေပ်ာ္ေအာင္ထားနုိင္ျကပါေစ…

Unicode

ခေါင်းစဉ်လေးကရိုးရှင်းသလို လုပ်ဆောင်ရမဲ့ အလုပ်လေးတွေကလည်းရိုးရိုးလေးပါပဲ…စိတ်ချမ်းသာနည်းမပြောခင်မှာ လူတွေတော်တော်များများကဘာကြောင့်စိတ်ညစ်ကြတာလဲ ဘာ ကြောင့်စိတ်ပင်ပန်းကြတတယ်ဆိုတာ အဖြေရှာကြည့်ရအောင်? တစ်နေ့တစ်နေ့ လူ့လောကကြီးထဲမှာ ကျင်လည်နေသမျှတော့ကောင်းတဲ့ကိစ္စတွေရှိသလို မကောင်းတာတွေလည်းရှိတာ ကြောင့်စိတ်ညစ်ကြရတာပါ။ ရှင်းရှင်းပြောရရင် တစ်ယောက်ယောက်ကစိတ်ညစ်တယ်၊ စိတ်ပင်ပန်းတယ်လို့ဆိုနေသမျှတော့ သူကလောကဓံကို အရှင်းသားမမြင်သေးလို့ပါပဲ။ ဒီလိုမြင်အောင်ကြည့်ဖို့ကလည်းကိုယ်တိုင်ကလွဲရင် ဘယ်သူမှပြောင်းလဲပေးလို့မရပြန်ဘူး။ဒါဆိုရှုပ်ထွေးပူလောင်လှတဲ့လူ့လောကကြီးထဲမှာ အသက်ရွယ်ပိုင်းခြားမရွယ်ကိုယ့်ကိုယ်ကိုယ်ဘယ်လိုပျော်အော်ထားသင့်လဲ? သင့်စိတ်က လေးနေပျော်အောင် ဘယ်လို အတွေးခေါ်မျိုးတွေလိုအပ်သလဲ? … တကယ်တော့ကိုယ့်ကိုယ်ကိုယ်စစ်မှန်စွာပျော်ရွှင်ရအောင်လုပ်ဖို့ကမခက်ပါဘူး လုပ်ဖို့သတ္တိမရှိတာကြောင့်ရယ် တကယ်တမ်းမပျော်သေးချင်တာကြောင့်ရယ်၊ တကယ့်ပျော်ရွှင်အေးချမ်းမှုကဘာလည်းဆိုတာကိုမသိတာရယ်ကြောင့်ပါ…- ခွင့်လွှတ်နိုင်ရင်ခွင့်လွှတ် ၊ မခွင့်လွှတ်နိုင်ရင်စွန့်လွှတ်ပါရှင်းရှင်းလေးပါပဲ။ တစ်စုံတစ်ယောက်ကကိုယ့်အပေါ်မကောင်းနိုင်ဘူးဆိုတာ သိရင်လက်လွှတ်လိုက်မလား၊ လက်လွှတ်မခံနိုင်ပါဘူးဆိုတာ သေချာရင် သူလုပ်သမျှကိုသည်းခံခွင့်လွှတ်နေဖို့ပဲရှိတယ်။ ဒါကို အပူတပြင်းနဲ့စိတ်ညစ်နေစရာမလိုပါဘူး။ ကိုယ်စိတ်ကတကယ်ချမ်းသာမဲ့ထင်တဲ့နည်းလမ်းကိုရွေးတတ်ဖို့ပဲလိုပါတယ်။- အားကျပါ အားမငယ်ပါနဲ့ကိုယ်ထက်သာတယ် ၊တတ်တယ်လို့ထင်တဲ့သူတွေကို အားကျပါ၊ But ဒီလူတွေကို ထိုင်ပဲကြည့်နေပြီးသူတို့ကျဘာဖြစ်တယ် ငါကျမဖြစ်ဘူးဆိုတာမျိုးနဲ့အချိန်ကုန်ရင် စိတ်ပျက်စရာကောင်းပါတယ်။ ဒါကြောင့်ကိုယ်လုပ်စရာရှိတာကို လုပ်ပြီးအားကျပါ ကိုယ့်ကိုယ်ကိုယ်အားမငယ်ပါနဲ့။- ကူညီပါ၊ စိတ်မပူပါနဲ့ကိုယ်ချစ်တဲ့သူ ကိုယ်တွယ်တာမိတဲ့သူ (သို့) တစ်စုံတစ်ခုပေါ်ကို အကြီးကျယ်စိတ်ပူပင်တာမျိုးက မအေးချမ်းပါဘူး။ ဒါကြောင့်လိုအပ်ရင်တတ်နိုင်တဲ့ဘက်က နေလက်တွေ့ကူညီပေးလိုက်ပါ။ စိတ်နဲ့အတင်းကြီးအသေးစိတ်ကအစလိုက်ပူပန်လိုက်သောကများနေတာဟာသင့်ကိုအိုမင်းစေပါတယ်။- ကြိုးစားပါ …စိတ်ပါတဲ့အလုပ်တော့ဖြစ်ပါစေကြိုးစားပါ။ ကိုယ်ဝါသနာရာလမ်းကြောင်း၊ ကိုယ်တိုးတတ်ချင်တဲ့ အရာမျိုးမှာ စွမ်းစွမ်းတမံပျော်ပျော်ရွှင်ရွှင်ကြိုးစားပါ။ ဒါကလည်းသင့်ဘဝကို နေပျော်အောင်လုပ်ပေးတဲ့ ယုံကြည်မှုတိုးစေတဲ့ ကြိုးစားခြင်းပါပဲ။- ချစ်ခင်ပါ မစွဲလမ်းပါနဲ့ချစ်ခင်ပါ။ ဘယ်သူ့ကိုမဆို ချစ်ခင်လို့ရပါတယ်။ ဒါပင်မဲ့လူတစ်ယောက်ကို ဘဝကြီးတစ်ခုသဖွယ်သတ်မှတ်ထားပြီးသူနဲ့ တွေ့နေရမှ သူနဲ့ထိတွေ့ရမှသူနဲ့ပြောဆိုနေရမှ ငါ့ဘဝဆိုတာမျိုးထိတော့အဖြစ်မခံပါနဲ့။ တစ်ဖက်ကမ်းရောက်စွဲလမ်းစိတ်ကသင့်ကိုပျော်ခွင့်မပေးပါဘူး။- လိုချင်ရင်ရအောင်ကြိုးစားပါ မပိုင်ဆိုင်ရလည်းဖြစ်တယ်ဆိုတဲ့စိတ်လေးရှိပါစေဘယ်အရာမဆိုကိုယ်လိုချင်ရင်နည်းမှန်လမ်းမှန်နဲ့ကြိုးစားပါ။ ဒါပင်မဲ့ ကံကြမ္မာရဲ့အလှည့်ပြောင်းကိုလည်းနားလည်ပေးနိုင်ပါစေ။ကြိုးစားပင်မဲ့လည်းတိုက်ရိုက်ကြီးဖြစ်ချင်မှဖြစ်လာမှာပါ။ ဒီလိုချိန်မှာ တင်းတိမ်ရောင့်ရဲစိတ်လေးနဲ့ဖြေသိမ့်နိုင်ပါစေ။ဒီအချက်လေးတွေကိုသာ ကျင့်သုံးပေးမယ်ဆိုရင် လူ့ဘဝကြီးက တကယ်ကိုစိတ်ကျေနပ်စရာကြီးပါပဲ။ ကိုယ်တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုမျိုးကိုလိုလားတောင်းတတယ်ဆိုရင် ကိုယ်တိုင်ပဲ စိတ်ကို ထားတတ်အောင်အရင်ဆုံးလုပ်သင့်ပါတယ်…ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားနိုင်ကြပါစေ…

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.