တောင်ကိုရီးယားမင်းသား Jung Il Woo သဘောကျတဲ့မိန်းကလေးပုံစံက ဘယ်လိုမျိုးဖြစ်မလဲ?

မေလ ၂ရက်နေ့တုန်းက တောင်ကိုရီးယားမင်းသားချော Jung Il Woo ဟာ အင်တာဗျူးတစ်ခုဖြေကြားခဲ့တယ်လို့သိရပြီး အဲ့ဒီအင်တာဗျူးမှာ
သူဒိတ်ချင်တဲ့မိန်းကလေးပုံစံနဲ့အိမ်ထောင်ရေးအကြောင်းအနည်းငယ်ပြောပြသွားခဲ့တယ်လို့ Soompi မီဒီယာကနေဖော်ပြခဲ့ပါတယ်။Jung Il Woo လက်တွဲ
ချင်တဲ့မိန်းကလေးပုံစံက ဘယ်လိုမျိုးပါလိမ့်…

အင်တာဗျူးမေးသူက သူ့အချစ်ရေးနဲ့ပတ်သက်ပြီးမေးမြန်းကြည့်တဲ့အခါ Jung Il Woo က “ကျွန်တော် လူကောင်းတစ်ယောက်နဲ့တွေ့ဆုံရရင် ဒိတ်ချင်ပါတယ်။
ကျွန်တော် မသိနားမလည်တာတွေသင်ယူလို့ရတဲ့သူ ၊ ကျွန်တော့်ကိုနားလည်ပေးတဲ့သူ ၊ ကျွန်တော်နားလည်နိုင်တဲ့သူမျိုးပေါ့။နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ပေးနိုင်တာမျိုးလိုချင်ပါတယ်။ကျွန်တော်ငယ်ငယ်ကတော့ ရုပ်ရည်နဲ့တစ်ခြားအရာတွေကိုကြည့်ခဲ့တယ်။ဒါပေမဲ့ အခုတော့
တစ်ခြားသူတစ်ယောက်နဲ့ စိတ်ချင်း နှလုံးသားချင်းဆက်သွယ်နိုင်တဲ့သူကသာ ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်စဉ်းစားမိပါတယ်”လို့ပြောခဲ့ပါတယ်။

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြောခဲ့ပါတယ်။”လက်ထပ်ဖို့ကျ အရမ်းစောသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။အခု ကျွန်တော်အသက်
၃၀ရှိပါပြီ။လက်ထပ်မယ်ဆိုရင်လက်ထပ်လို့ရပြီဆိုပေမဲ့ မင်းသားတစ်ယောက်အတွက် လက်ထပ်ပြီးချိန်နဲ့ လက်မထပ်ရသေးချိန် လာကမ်းလှမ်းကြတဲ့
ဇာတ်ကောင်စရိုက်တွေက ကွဲပြားသွားမယ်လို့ ကျွန်တော်စဉ်းစားမိပါတယ်။ဒါကြောင့် လက်ထပ်ဖို့က ကျွန်တော့်အတွက်စောလွန်းနေပါသေးတယ်။
ပြီးတော့ လက်မထပ်ခင် ကျွန်တော့်ဘ၀ကို ဒီထက်မကပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်ပါသေးတယ်”လို့ပြောပြခဲ့တာပဲဖြစ်ပါတယ်။

မင်းသား Jung Il Woo ဟာ မကြာသေးခင်ကပဲ SBS ရဲ့ “Haechi” ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး အဲ့ဒီဇာတ်လမ်းတွဲဟာလည်းပရိသတ်အားပေးမှု
များစွာရရှိခဲ့ပါတယ်။မကြာခင်မှာလည်း ဂျပန်မှာ ပရိသတ်တွေ့ဆုံပွဲကျင်းပသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။

Source:Soompi

27 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.