ညစ်ညစ်ပတ်ပတ်ကြီးလို့ထင်ရပင်မဲ့ ကောင်းမွန်နေတဲ့အ လေ့ထ တွေက…

တစ်ချို့သောအလေ့အထတွေကညစ်ညမ်းကြမ်းတမ်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းတော့ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာအတွက်ပဲဖြစ်ဖြစ်ကောင်းမွန်နေတာမျိုးတွေဖြစ်နေတတ်ပါတယ်။ ဆိုတော့ လူတွေအထင်မှားနေတဲ့မကောင်းဘူးဆိုတဲ့အရာတွေက ကောင်းနေတတ်တာလဲဆိုတာ…
(၁) ရေချိုးရင်းအ ပေါ့သွားတာ

 ရေချိုးရင်းအပေါ့သွားတာရေချိုးရင်းအပေါ့အပါးသွားတာကိုတစ်ချို့သူတွေကရွံစရာကောင်းတယ် ညစ်ညမ်းတယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာကောင်းမွန်တဲ့ အလေ့ထတစ်ခုပါ။ရေချိုးရင်းအပေါ့သွားတာကြောင့် သွားတဲ့သူရဲ့ ခြေထောက်ပေါ်ကို ကျင်ငယ်တွေပေသွားတတ်ပါတယ်။ ဒီလိုပေသွားတဲ့အခါကျင်ငယ်မှာပါတဲ့ Acid ကြောင့်မှို ကြောင့်ဖြစ်ပေါ်လာတတ်တဲ့အရေပြားရောဂါတွေကို သက်သာပျောက်ကင်းစေတာမလို့ ရေချိုးရင်း အပေါ့သွားတာဟာကောင်းတဲ့အလေ့ထတစ်ခုပါပဲ။

(၂)တံတွေး ထွေးတာ

တံတွေးထွေးတာ လူသွားများတဲ့ Public Area မျိုးမှာ တံတွေးထွေးတာဟာ ကြည့်ရဆိုးတဲ့ အလေ့ထတစ်ခုပါ။ ဒါပင်မဲ့လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာတော့လေကောင်းလေသန့်ရတဲ့နေရာမျိုးမှာ တံတွေးထွေးခြင်းဟာ တကယ်ကောင်းတဲ့ အလေ့ထတစ်ခုပါ။ လူတော်တော်များများဟာ အသက်ရှုတဲ့အခါ မှာ ပုံမှန်ချိန်ဆို နှာခေါင်းနဲ့ရှုကြတာများပြီး လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာတော့ ပါးစပ်ပေါက်နဲ့ရူကြတာများပါတယ်။ ဒီလိုအချိန်မှာတံတွေးထွေးလိုက်တာကြောင့် အသက်ရှုစနစ်ပိုမိုကောင်းမွန်လာစေပြီးခန္ဓာကိုယ်ထဲကိုလေကောင်းလေသန့်တွေပိုဝင်လာစေနိုင်တာကြောင့် ဖြစ်ပါတယ်။

(၃) လေလည်တာ

လေလည်တာ လူတော်တော်များများရှက်ကြောက်တတ်ကြပြီး ညစ်ညမ်းတဲ့ကိစ္စကြီးလို့ထင်တတ်ကြတဲ့အရာပါ။ လူကြားထဲမှာ ၊ အစားသောက်ဝိုင်းဖွဲ့စားသောက်နေစဉ်မှာတော့ မလုပ်သင့်တဲ့အရာပေမဲ့ တစ်နေရာကိုထွက်သွားပြီး အသံကျယ်ကျယ် လွတ်လွတ်လပ်လပ်လေလည်ဖို့ကိုဝန်မလေးပါနဲ့။ လေလည်ခြင်းဟာ အစာကြေခြင်းရဲ့လက္ခဏာဖြစ်တာကြောင့် လေလည်တာကိုချုပ်တည်းထားရင် ခန္ဓာကိုယ်က Gas တွေကအပေါ်ကိုကန်တတ်ပြီး အစာမကြေတာမျိုးလေတစ်အေ့အေ့တတ်တာမျိုး၊ လေချုပ်တာမျိုးဖြစ်လာတတ်တာမို့ လူရှင်းတဲ့တစ်နေရာကိုသွားပြီး မရှက်မကြောက်အားရပါးရလေလည်တတ်ပါစေ။

(၄) လက်သည်းကိုက်တာ

လက်သည်းကိုက်တာလက်သည်းကိုက်တာက ရွံစရာကြီး ညစ်ညစ်ပတ်ပတ်ကြီး ၊ ရောဂါရတတ်တဲ့အရာကြီးလို့လူတိုင်းကထင်တတ်ကြပါတယ်။ တကယ်တော့ လက်သည်းကိုကိုက်ပေးရင်းလက်သည်းအောက်ကပိုးမွှားတွေကပါးစပ်ကတစ်ဆင့်ဝင်သွားပြီး ခန္ဓာကိုယ်အတွက် ရန်သူအဖြစ်တိုက်ခိုက်နေတဲ့ပိုးမွှားတွေ ကိုကူညီတိုက်ခိုက်ပေးတဲ့အပြင် ဆဲလ်သေတွေဖြစ်ပေါ်စေတဲ့ပိုးမွှားတွေကိုလည်းကာကွယ်တိုက်ခိုက်ပေးတာကြောင့် လက်သည်းကိုတစ်ခါတစ်ရံကိုက်ကိုက်ပေးခြင်းဟာကျန်းမာရေးအတွက်ညီညွတ်ပါတယ်။

(၅) တစ်ခါတစ်ရံရေမချိုးခြင်း

ရေမချိုးတာရေကိုနေ့တိုင်းမချိုးရင်တော့ ဒုက္ခများတတ်ပေမဲ့တစ်ခါတစ်ရံရေမချိုးတာကကျန်းမာရေးနဲ့လည်းညီညွတ်စေပါတယ်။ တစ်ချို့ထင်ကြတာကရေနေ့တိုင်းမချိုးရင်ညစ်ပတ်တယ်ဘာညာပေါ့။ ရေချိုးတိုင်းဆပ်ပြာတွေတိုက်တိုင်းရေပူတွေနဲ့ချိုးတိုင်းမှာ ခန္ဓာကိုယ်ရဲ့အရည်ပြားအတွက်လိုအပ်တဲ့အဆီတွေကိုခမ်းခြောက်စေပါတယ်။ ဒါကြောင့် တစ်ခါတစ်လေရေမချိုးခြင်းကြောင့် ညစ်ပတ်တာမျိုးမဟုတ်ပဲ လိုအပ်တဲ့အဆီဓာတ်ကိုထိန်းသိမ်းရာရောက်ပါတယ်။

225 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.