ရည်းစားပူမိလို့ ငိုကြွေးမိရင် ဝိတ်လည်းကျစေသတဲ့…

လူတစ်ယောက်ဟာ ဘဝမှာ မျက်ရည်ပေါင်း ၁၆.၅ဂါလံလောက်ထွက်ကြောင်း သိပံ္ပပညာရှင်တွေ
ကပြောထားပါတယ်။ ဒါနဲ့ ငိုကြွေးခြင်းက ဝိတ်ကျစေတာနဲ့ရော ဘယ်လိုဆက်စပ်နေမလဲ?
ကြည့်လိုက်ရအောင် …

နည်းနည်းတော့ ယုံဖို့ခက်လိမ့်မယ်

ငိုလိုက်တာနဲ့ ဝိတ်ကျစေတယ်ဆိုတာကို လူအများစု လက်မခံနိုင်တာ သဘာဝကျပါတယ်။
လူတိုင်းတော့ အပြင်းထန်ငိုရတဲ့အခြေအနေတွေနဲ့ တွေ့ကြုံရမှာပါပဲ။ စိတ်ဖိစီးမှုများလေ
အစားတွေ ပိုစားဖြစ်လေ။ ရက်အနည်းငယ်အတွင်း ဂျင်းဘောင်းဘီကျပ်နေတာကို ခံစားလိုက်ရ
ပြီ။ ဒါဆို ငိုကြွေးခြင်းက တကယ်ပဲအထောက်ကူဖြစ်နိုင်မလား ?

Crying for Your Ex Can Help You Lose Weight, According to a Study
ရည်းစားနဲ့ပြတ်တယ် ၊ အိမ်နဲ့အဆင်မပြေဘူး ၊ အကြီးကျယ်ဆုံး စာမေးပွဲကျသွားတယ် ၊
အခွင့်ရေးကောင်းကြီးတစ်ခုလုံး လက်လွှတ်ဆုံးရှုံးလိုက်ရတယ်.. ဒီလိုအခြေအနေမျိုးတွေမှာ
မင်းငိုကြွေးမိမှာပါပဲ။ အဲ့ဒီအခါ မျက်ရည်တွေကသာထွက်လာပေမယ့် တချို့ နာကျင်မှုတွေက
ရင်ထဲမှာ ပိတ်မိနေတုန်းပဲ။ တော်တော်နဲ့ မပြီးဆုံးသွားတာမျိုးရှိပါတယ်။

အဲ့ဒီအချိန်မှာ ပထမဆုံး အစားစားချင်စိတ်တွေ ပျောက်ဆုံးလာမယ်။ ညဘက်တွေ
တော်တော်နဲ့ အိပ်မပျော်တော့ဘူး။ လူတွေကို အဓိက ဝစေတာ အစားသောက်လည်းပါပါတယ်။
အစားသောက်ပျက်တာနဲ့ အလေးချိန်က အလိုလိုလျော့ပါတယ်။ အိပ်ရေးပျက်တာတောင်
တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ တချို့ က အိပ်ရေးပျက်ရင် ပိုစားမိတာတွေရှိတယ်။

Crying for Your Ex Can Help You Lose Weight, According to a Study

ဆိုလိုတာကတော့ ​ဝမ်းနည်းနေတဲ့စိတ်ဟာ အရာရာလုပ်ချင်စိတ်ပျောက်အောင် လွှမ်းမိုးနိုင်ပါ
တယ် ။ သိပံ္ပပညာရဲ့လေ့လာမှုတွေအရ နာကျင်တဲ့ခံစားချက်က ကိုလက်စထရောတွေ ထွက်လာစေပါတယ်။ သူတို့ဟာ prolactin, leu-enkephalin နဲ့ adrenocorticotropin လို့တယ်။

ခံစားချက်ကို မထိန်းနိုင်ပဲ မျက်ရည်တွေထွက်ကျလာပြီဆိုရင် ဟော်မုန်းတွေထွက်လာပြီး
ကျွန်တော်တို့ရဲ့ကော်တီဆုန်းဓာတ်အဆင့်ဟာ လျော့ကျသွားပါတယ်။ အကျိုးဆက်အနေနဲ့
ဝိတ်တက်ဖို့ အလားလာလည်းလျော့ကျသွားတာပါ။

Image result for sad

တစ်ခုရှိတာက မရှိတဲ့မျက်ရည်ကို ညှစ်ထုတ်ပြီး ဟန်ဆောင်မငိုဖို့တော့ လိုပါတယ်။ တကယ်
ခံစားရတဲ့ချိန်ကျတဲ့ မျက်ရည်ကမှ အလေးချိန်ကို တကယ်ကျစေတာပါ။ ငိုကြွေးဖို့ အကောင်းဆုံး
အချိန်က ည၇နာရီကနေ ၁ဝနာရီထိပါတဲ့။ အဲ့ဒီအချိန် အချစ်ကြောင့် ဆွေးမလား ၊
ရုပ်ရှင်ကြည့်ပြီး ငိုမလား ။ ကြိုက်သလို ငိုကြွေးပါ.. ဝိတ်ကျပြီသာ မှတ်ပေတော့… 😉

38 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.