သင့်ဗိုက်အဆီတွေတော်တော်နဲ့မကျတာဘာကြောင့်လဲ?…




မမေ့ပါနဲ့။






Unicode

မိန်းကလေးတွေအတွက်တော့အဆီဆိုတာ နတ်ဆိုးတစ်ကောင်ပါပဲတစ်ခြားနေရာကအဆီတွေထက်သင့်ဗိုက်ကအဆီတွေကပိုပြီးချရခက်နေကြတယ်မလား… ဟုတ်ပါတယ် လူလေးက အနေတော်ပဲဖြစ်နေရင်တောင်ဗိုက်တစ်လုံးတည်းကွက်ပူနေလို့ကြည့်ရဆိုးနေတဲ့သူတွေအများကြီးပါ။ ဘာကြောင့်ဗိုက်အဆီတွေကချရခက်နေရတာလဲ? တစ်ခြားနေရာတွေထက်ဒီနေရာကဘာလို့အဆီပိုစုနေတာလဲ? တစ်ချို့သောသတိမထားမိတဲ့အချက်လေးတွေက သင်တို့ရဲ့ဗိုက်တစ်လုံးကိုအဆီစုစေတယ်ဆိုတာသတိရပါ…ဒါတွေဘာတွေဖြစ်မလဲကြည့်ရအောင်…ကိုယ်နေ့စဉ်ဒါတွေလုပ်မိနေသလားစဉ်းစားကြည့်တော့နော်….(၁) ဗိုက်မှာစုနေတဲ့အဆီတွေရဲ့လာရာလမ်းကြောင်းကိုမသိတာအဆီချင်းတူပင်မဲ့ ဘာကြောင့်ဖြစ်လာရတဲ့ ဗိုက်ပူခြင်းမျိုးလည်းဆိုတာကိုသိထားသင့်ပါတယ်။ ဒါမှလည်းဘယ်လိုပြုပြင်ရမလဲဆိုတာကိုသိနိုင်မှာဖြစ်ပါတယ်။(၂) အထိုင်များပြီးလှုပ်ရှားမှုနည်းတာတစ်နေ့တစ်နေ့ထိုင်နေတဲ့နာရီပေါင်းကဘယ်နှစ်နာရှိသလဲ ကိုယ့်ကိုယ်ကိုယ်စဉ်းစားကြည့်ပါ။ ထိုင်နေရတဲ့နာရီတွေကြောင့်ပဲသင့်ဗိုက်ကလည်းပူပူလာတယ်ဆိုတာမမေ့ပါနဲ့။(၃) များယွင်းတဲ့ဝိတ်ချနည်းတွေကြောင့်ပိုဝလာတာပြောတာတော့ဝိတ်ချတယ်ပဲ ဒါပင်မဲ့နည်းလမ်းမမှန်ပဲဝိတ်ချနေရင်လည်းပိုဝလာနိုင်ပါတယ်။ဥပမာ ထမင်းမစားပဲဝိတ်လျော့မယ်ဆိုပြီး သရေစာတွေအများကြီးစားလိုက်မိတာမျိုး၊ ည၆နာရီကျော်ရင်ဘာမှမစားဘူးပြောပြီး ၉နာရီလောက်မှဗိုက်ဆာလို့ထစားတာမျိုးတွေပါ။(၄) လေ့ကျင့်ခန်းလုပ်နေပင်မဲ့လည်းထိထိရောက်ရောက်မလုပ်တာလေ့ကျင့်ခန်းလုပ် Gym သ ွားနေပင်မဲ့ ထိထိရောက်ရောက်မလုပ်ပဲ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ ထိရောက်စွာမကစားရင်လည်း ပိုက်ဆံကုန်ပြီးပင်ပန်းဝိတ်တက်လာတာပဲရှိမှာပါ။(၅) စိတ်ဖိစီးမှုလွန်ကဲတာဗိုက်ပူပြီးဝတဲ့နေရာမှာ စိတ်ရဲ့အခြေနေကိုလည်းထည့်တွက်သင့်ပါတယ်။ အစားကြောင့်ဝတာရှိသလို စိတ်ဖိစီးမှုကြောင့်လည်းဝလာတာမျိုး၊ ဗိုက်မှာ အဆီတွေစုလာတာမျိုးရှိတတ်ကြတာမလို့ ဗိုက်ကျဖို့အတွက်Stress တွေလည်းလုံးဝလျော့ချဖို့လိုပါတယ်နော်…

 

5K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.