မျက်နှာက အရေးအကြောင်းတွေကို ဒီလိုလေ့ကျင့်ခန်းတွေနဲ့ဖျောက်လို့ရပြီ …

မျက်နှာကအရေးကြောင်း အပြစ်အနာဆာတွေကို ခုခေတ်မှာ ဆေးခန်းသွားပြီး နည်းပညာအသစ်
တွေနဲ့ တိုက်ဖျက်လိုက်ကြတာပါပဲ။ ဒါတွေထက် လေ့ကျင့်ခန်းလုပ်တာကို ကျန်းမာရေးလည်း
မထိခိုက်သလို အာနိသင်လည်းရှိပါတယ်။ ခွဲစိတ်တာတွေက ရေရှည်အတွက်အဆင်မပြေပါဘူး။
အသက်ကြီးလာရင် ခံရမှာပါ။ ဒီတော့… ကျန်းမာရေးနဲ့လည်းညီညွတ် ဘေးထွက်ဆိုးကျိုးမရှိတဲ့
မျက်နှာလေ့ကျင့်ခန်းလေးကို မျှဝေပေးသွားမယ်နော်…

နဖူးလေး ပြောင်ပြီးတင်းရင်းစေဖို့

7 Anti-Wrinkle Exercises That Can Take Years Off Your Face

လက်ဖဝါးနှစ်ဖက်ကို နဖူးပေါ်တင်လိုက်ပါ။ လက်ချောင်းလေးတွေက နဖူးအရေပြားပေါ်ကို
ရောက်နေပါစေ..။ပြီးရင် အံ့သြနေတဲ့ မျက်နှာအမူရာတိုင်း နေပါ။ မြင့်တက်လာတဲ့ နဖူးကို
လက်ဖဝါးနဲ့ပုံပါအတိုင်းသာ ဖိထားပါ။ ခဏနားပြီးရင် တစ်ခေါက်ထပ်လုပ်ပါ။ တစ်ခါလုပ်ရင်
မိနစ် ၂ဝ ထိ လုပ်ပေးဖို့လိုအပ်ပါတယ်။

Smile Line ကို အပြုံးလေးနဲ့ပြန်ချေပမယ်

7 Anti-Wrinkle Exercises That Can Take Years Off Your Face

ပြုံးလိုက်ရင် ပေါ်လာတဲ့ smile line လေးကို လက်ညှိုးနှစ်ချောင်းနဲ့ ပုံပါအတိုင်းဖိထားလိုက်ပါ။
ညှင်ညှင်သာသာလေးပဲ ဖိပေးဖို့လိုပါတယ်။ များများပြုံးပေးပြီး လက်နှစ်ချောင်းနဲ့ smile line ကို
ဖြည်းဖြည်းဖိထားပါ။ ၁ဝကြိမ်လောက် နားနားပြီးလုပ်ပေးဖို့ လိုပါတယ်။

နှုတ်ခမ်းသားဖူးဖူးလေး ပိုင်ဆိုင်ချင်တယ်ဆိုရင်

7 Anti-Wrinkle Exercises That Can Take Years Off Your Face

ဒီလေ့ကျင့်ခန်းက နှုတ်ခမ်းသားလည်း ဖူးဖူးလေးဖြစ်စေမယ့်အပြင် မျက်နှာကို V-Shape ကျစေပါတယ်။ ဖြစ်နိုင်ရင် အားရင်အားသလို ၊ သတိရသလို လုပ်ပေးပါ။ တစ်ခါလုပ်ရင် ၅စက္ကန့်ကနေ၁ဝစက္ကန့်ထိ ပါပဲ။

မျက်လုံးနားတစ်ဝှိက်အရေးကြောင်းတွေ သက်သာစေဖို့

7 Anti-Wrinkle Exercises That Can Take Years Off Your Face
မျက်လုံးနားမှာ အရေးကြောင်းတွေပေါ်နေတာဟာ တကယ်ကိုကြည့်ရဆိုးစေပါတယ်။
အသက်ကြီးလာတာနဲ့အမျှ အိုမင်းရင့်ရော်မှုတွေကတော့ ပြနေမှာဆိုပေမယ့် ဒီလိုသဘာဝ
နည်းလမ်းတွေနဲ့ လျော့ချလို့ရတယ်ဆိုတော့ နေ့တိုင်း ပုံမှန်လေးလုပ်သွားရအောင်နော်။
မျက်လုံးကနေ နားရွက်အထိ ပုံပါအတိုင်း ဖြည်းဖြည်းလေး နှိပ်နယ်ပေးပါ။ ဘာဆေးမှ လိမ်းစရာ
မလိုပဲ အရေးကြောင်းတွေ သိသိသာသာလျော့ကျသွားမှာပါ။ ပိုပြီး ထိရောက်အောင် ဗီတာမင်
အီးအဆီလေးလည်း လိမ်းပေးလို့ရပါသေးတယ်။

အိမွတ် ချောမွေ့တဲ့ပါးလေး

7 Anti-Wrinkle Exercises That Can Take Years Off Your Face
အသက်ဝဝရှုပြီး ၃-၅ စက္ကန့်လောက် အသက်အောင့်ထားပါ။ ပါးစပ်ကို ပုံပါအတိုင်း တင်းတင်းစေ့
ထားဖို့လိုပါတယ်။ ပြီးရင် ပါးကို အရှိန်နဲ့ဖောင်းလိုက်ပြီး ပါးစပ်မဖွင့်ပဲ နှာခေါင်းကနေ လေကိုမှုတ်ထုတ်ပါ။

972 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.