တွဲကျတဲ့ရင်သားကိုပိုင်ဆိုင်ထားလို့ယုံကြည်မှုလျော့နည်းနေပြီလား…
မှာပါ။
Unicode
မိန်းက လေးတိုင်းကတော့ ကိတ်ကိတ်တင်းတင်းရင်သားလေးကို ပိုင်ဆိုင်ချင်ကြမှာပါ…အိမ်ထောင်သည်မှရင်သားတွဲကျတာမဟုတ်ပါဘူး။ အိမ်ထောင်သည်မဟုတ်လည်းအသားရည်တင်းရင်းခြင်းမရှိတဲ့သူ အသားပျော့တဲ့အမျိုးစားထဲပါတဲ့သူတော်တော်များများက ရင်သားပျော့တွဲကြတတ် ပါတယ်။ရင်သားပျော့တွဲနေတဲ့အခါကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုအားနည်းလာသလိုဘာဝတ်ဝတ်တစ်ခုခုလိုနေသလိုကြီးခံစားနေမိမှာပါ။မိန်းမတစ်ယောက်ရဲ့ခန္ဓာကိုယ်အတွက်ရှိသင့်ရှိထိုက်တဲ့ရင်သားအလှမရှိရင် ခန္ဓာကိုယ်ကမပြည့်စုံသလိုပါပဲ။ ဒါဆိုရင်ကိုယ့်ရဲ့မတင်းရင်းပဲလျော့တွဲနေတဲ့ရင်သားကို တင်းတင်းရင်းရင်းလေးဖြစ်အောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့Try ကြည့်သင့်သလဲ?…- ရင်ဘတ်ကိုပင့်တင်ပေးနိုင်တဲ့ Underwear မျိုးကို ဝတ်ဆင်ပါ။- အိပ်တဲ့အချိန်ကလွဲရင်Bra ကိုဝတ်ဆင်ထားပါ။- အပြေးအားကစားလုပ်တဲ့အခါ ချောင်လျော့တဲ့Bra မျိုးလုံးဝမဝတ်ပါနဲ့။ပြေးတဲ့အခါရင်သားကအရမ်းလှုပ်ပါတယ်။ဒါကြောင့်တင်းတင်းရင်းရင်း Bra မျိုးကိုသာဝတ်ဆင်သင့်ပါတယ်။-မှောက်အိပ်တတ်တဲ့အကျင့်ရှိရင်ပြင်ပါ။ မှောက်အိပ်ခြင်းကရင်သားကိုပုံပျက်စေပါတယ်။- သံလွင်ဆီ(သို့) Vaseline ဂျယ် လေးကို ရင်သားအပေါ်ကို ဆွဲဆွဲတင်ပြီးလိမ်းပေးသင့်ပါတယ်။ ရင်ဘတ်ရဲ့ထောင့်ကနေအပေါ်ဘက်ကို ပင့်တင်ပြီးလိမ်းလိမ်းပေးပါ။ သိသိသာသာရင်သားတင်းလာတာကိုခံစားမိမှာပါ။- လေ့ကျင့်ခန်းလုပ်ပါ။ ရင်သားချက်ချင်းကြီးတင်းကျစ်ပြီးကိတ်မလာရင်တောင်မှပဲလျော့တွဲတာကိုသက်သာစေတဲ့လေ့ကျင့်ခန်းလေးတွေလုပ်ဖို့လိုအပ်ပါတယ်။ရင်ကိုကော့ပြီးလက်နှစ်ဖက်ကို ဘေးဆန့် တဲ့လေ့ကျင့်ခန်းမျိုး၊ လက်နှစ်ဖက်ကိုအပေါ်မြှောက်ပြီး ရင်ဘတ်အားနဲ့ဆွဲချတဲ့လေ့ကျင့်ခန်းမျိုးကိုပုံမှန်လုပ်ပေးပါ။ နို့တိုက်မိခင်တွေဆိုရင်မှတ်ထားရမှာတစ်ခုကို ကလေးကို နို့တိုက်တဲ့အခါ အတွင်းခံကို ရင်ဘတ်ရဲ့ အောက်ဖက်မှာထားပြီးရင်ကိုပင့်ကာနို့တိုက်ကျွေးပါ။ ရင်ဘတ်ကို အတွင်းခံအောက်က နေထုတ်ပြီးတိုက်ကျွေးခြင်းက ရင်ဘတ်ပိုလို့တ ွဲကျ စေပါတယ်။- နောက်ဆုံးအချက်ကတော့ ရင်သားကိုနှိပ်နယ်ပေးခြင်းပါပဲ။ ရင်သားကိုဆီတစ်မျိုးမျိုးလိမ်းပြီးပဲဖြစ်စေ ဆီမပါပဲဖြစ်စေ ရင်သားပတ်လည်ကိုဖော့ဖော့လေးနှိပ်နယ်ပေးတာမျိုးလုပ်ပေးခြင်းကလည်းပျော့တွဲခြင်းကနေလွတ်မြောက်စေနိုင်ပါတယ်နော်….
63 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.