နာမည်ကျော်ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ရဲ့ ပရိသတ်ဆိုတာ My Day ကတစ်ဆင့်ပြသလိုက်တဲ့ Captain Marvel

Captain Marvel အဖြစ် နာမည်ကျော်ကြားတဲ့ဟောလိဝုဒ်မင်းသမီးချော Brie Larson ဟာ ကိုရီးယားကေပေါ့ပ်ပရိသတ်တစ်ယောက်ဖြစ်မှန်း မကြာသေးခင်ကမှ ပရိသတ်တွေက သိခဲ့ကြပါတယ်။ဘယ်လိုသိလဲဆိုရင် သူမရဲ့ အင်စတာဂရမ် My day ကြောင့်ပါပဲ။

Brie Larson ဟာ တောင်ကိုရီးယားရဲ့နာမည်ကျော်ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Girls’ Generation ရဲ့ ပရိသတ်တစ်ယောက်ပဲဖြစ်ပါတယ်။သူမဟာ
မကြာသေးခင်တုန်းက SNSD Fan Accout ကနေတင်ထားတဲ့ပိုစ့်တစ်ခုကို သဘောကျနှစ်သက်စွာနဲ့ Like လုပ်ခဲ့သလို အဲ့ဒီပုံကို သူမရဲ့ Instagram story မှာတောင် ပြန်လည်တင်ထားခဲ့တာမြင်တွေ့ရပါတယ်။ပရိသတ်တွေက သူမကို SNSD အဖွဲ့ထဲမှာ Photoshop နဲ့ထည့်သွင်းထားတဲ့ပုံလေးပါ။

အဲ့ဒီပိုစ့်အောက်မှာ အဖွဲ့ဝင် Tiffany Young ကလည်း “Welcome to the group brie” ဆိုပြီး ကွန်းမန့်ဝင်ရေးထားခဲ့တာမြင်တွေ့ရပါတယ်။
Girls’ Geeration ဟာ ၂၀၀၇ ခုနှစ်ကစလို့ အခုချိန်ထိ ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူထားဆဲအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

၂၀၁၈ စက်တင်ဘာလက ထွက်ရှိထားခဲ့တဲ့ သူမတို့ရဲ့ Oh! GG သီချင်းဟာလည်း ကမ္ဘာတစ်ဝန်းလုံးကပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့တဲ့သီချင်းလေးဖြစ်သလို Youtube မှာ ကြည့်ရှုသူ သန်း ၁၀၀ ရရှိထားတဲ့ သီချင်းတွေဟာလည်းအများကြီးပါ။မကြာသေးခင်ကဆို ၂၀၁၀ တုန်းကထွက်ရှိထားခဲ့တဲ့ “Run Devil Run” MV ဟာ ကြည့်ရှုသူသန်း ၁၀၀ ပြည့်သွားခဲ့တယ်လို့သိရပါတယ်။သူမတို့ရဲ့ပရိသတ်တွေထဲမှာ တကယ့်နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Brie Larson ပါဝင်လာတာကလည်း ကျေနပ်ဝမ်းသာစရာတစ်ခုပါပဲ။

Source:Soompi

16 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.