Tom & Jerry Live-Action ရုပ်ရှင်မှာ သရုပ်ဆောင်သွားမယ့် Chloe Grace Moretz

ငယ်ငယ်တည်းက စွဲလမ်းခဲ့ရတဲ့ Tom & Jerry ကာတွန်းကားလေးကို Live-Action ရုပ်ရှင်
အဖြစ် အသက်သွင်းတော့မယ်ဆိုတော့ ဝမ်းသာအားရစောင့်ကြည့်ရဦးမှာပေါ့။ ဒီကားလေးကို
Warner Bros မှ ထုတ်လုပ်သွားမှာဖြစ်ပြီး ဒါရိုက်တာTim Story က Live-Action နဲ့
Computer-generated imagery ပေါင်းစပ် ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Related image

ဒါ့အပြင် မင်းသမီးချောလေး Chloe Grace Moretz လည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သူမကို Post Hotel မှ ဝန်ထမ်းသစ်လေး Kayla အဖြစ် မြင်တွေ့ရမှာပါ။

Image result for Tom & Jerry live action

ဇာတ်လမ်းအကျဉ်းလေးကတော့ –
အိမ်တစ်အိမ်မှာ Jerry ဆိုတဲ့ ကြွက်ကလေးက အိမ်ပိုင်ရှင်တွေနဲ့လည်း ရင်းနှီးသတဲ့။ တစ်နေ့မှာ
တော့ အိမ်ပိုင်ရှင်တွေ ပြောင်းသွားတဲ့အခါ အသစ်ရောက်လာတဲ့ လူတွေကို ကြည့်မရလို့ဆိုပြီး Jerry လေးက လိုက်နှောင့်ယှက်ပါတော့တယ်။ ကြွက်ဒုက္ခပေးတာမခံနိုင်လို့ လူသစ်တွေလည်း
Tom ဆိုတဲ့ကြောင်လေးကို မွေးလိုက်တယ်။ အဲ့ဒီအချိန်ကစပြီး အမြဲတမ်း မတည့်အတူနေ
Tom & Jerry ဇာတ်လမ်းလေးဖြစ်လာတာပေါ့။ ဒါပေမယ့် အိမ်ပိုင်ရှင်တွေကို အန္တရာယ်ပြုတော့
မယ့် ရန်သူတွေကို သတိထားမိချိန်မှာတော့ Tom နဲ့ Jerry တို့ လက်တွဲပြီး ကာကွယ်ပုံလေး
မြင်တွေ့ရမှာဖြစ်ပါတယ်။ တကယ်ချစ်စရာ ဇာတ်လမ်းလေးပါပဲ။

Image result for Tom & Jerry live action

၂​ဝ၂၁ ဧပြီလထဲမှာ ထွက်ရှိမယ်လို့သိရပါတယ်။

29 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.