သူများဘဝကို လိုက်ဝေဖန်တတ်တဲ့သူတွေဟာ …

အင်း… ကိုယ့်အကြောင်းကလွဲရင် သူများအကြောင်း အတင်းတုပ်ရတာလောက်
ပြောလို့ကောင်းတာ မရှိတော့ပါဘူး။ ကိုယ့်အကြောင်းကလွဲရင် သူများအကြောင်းအကုန်စိတ်ဝင်
စားကြတယ်။ အပေါ်ယံလေးကြည့်ပြီး အားလုံးက ဝေဖန်လိုက်ကြတာပဲ။ သေချာ ထဲထဲဝင်ဝင်
မသိလည်း ပြောလိုက်ရမှ ကျေနပ်အားရကြတာကိုး။

Image result for judge people

သူ့အပေါ် ကိုယ့်ရဲမကျေနပ်ချက်တွေစုပြီး အခြားလူအပေါ် ပွင့်အန်ချရတာကို သဘောကျကြ
တယ်မလား ။ ဒါပေမယ့် အခြားတစ်ယောက်က ကိုယ့်မကောင်းကြောင်းပြောတာ ပြန်ကြားရင်
တော့ ဒေါသထွက်ကြတယ်ဗျ။ ထွက်ချင်စရာပဲလေ… မဟုတ်တာတွေ လျှောက်ပြောတာကိုး။
အဲ့ဒီလိုပါပဲ.. ဒီလိုပဲ လည်ပတ်နေကြတာ ။ ကိုယ်လည်း အပြစ်ကင်းလားဆိုတော့ မကင်းဘူး။
သူများကိုလည်း အပြစ်ပြောချင်တာ တအားပဲ။

ကိုယ့်ဘဝနဲ့ကိုယ် ၊ ကိုယ့်ထမင်းကိုယ်စားပြီး မနေတတ်တာ ခက်တယ်။ အကုသိုလ်ဆိုတာကို
ကြံဖန်ယူနေကြတာ။ မင်းဘဝကို ဘယ်လိုတည်ဆောက်ယူလိုက်ပါလား.. မင်းက ဒါနဲ့မှ
သင့်တော်တာလို့ လိုက်ပြောခံနေရတာမျိုး ကြိုက်လား။ ဘယ်သူမှ မကြိုက်ဘူး။ ကိုယ့်ဘဝကိုယ်
ရွေးချယ်ချင်ကြတာပဲ။

Image result for judge people

တစ်ခါတစ်လေ ပတ်ဝန်းကျင်ကလူတွေဆိုတာ လစ်လျုရှုထားဖို့ပဲ တန်တယ်။ အသက်ကြီးလာသမျှ
လူတွေအကြောင်း တဖြည်းဖြည်းပိုသိလာရပါတယ်။ ကိုယ်တွေ သူငယ်ချင်းအချင်းချင်းမှာတောင်
ဘယ်လောက်ခင်တယ်ပြောပြော အရေးကြောင်းဆို ကိုယ့်ချောင်ထိုးပြီး လွှဲချသွားကြတာပဲ။
အဓိက ဒီလိုလူမျိုးတွေလို ကိုယ်မဖြစ်ဖို့ လိုတယ်။ ကိုယ်ဟာ ကွဲပြားနေတဲ့လူမျိုးဖြစ်ဖို့ အရေးကြီး
တယ်။

ဒီအကျင့်စရိုက်ရှိတဲ့လူက ဒီလိုပဲသွားမှာပဲ။ မင်းဟာ မင်းဘဝ မင်းဒဿန မင်းအတွေးခေါ်နဲ့
ရှင်သန်နေသူ တစ်ဦးပဲဖြစ်သင့်တယ်။ ဘယ်လိုလူတွေ ဘယ်လောက်ရိုက်ခတ်ပါစေ…
ပုံသွင်းမလွယ်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့လိုအပ်တယ်…

133 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.