ဖရဲသီးစားပြီး ရေထပ်သောက်သင့်လား?

အခုလိုပူပြင်းတဲ့ရာသီမှာ အားလုံးက ခန္ဓာကိုယ်ချွေးထွက်ဆုံးရှုံးတာကိုပြန်ဖြည့်ဖို့ အသီးအနှံတွေများများစားကြပါတယ်။အထူးသဖြင့် ဖရဲသီးစား
ကြပါတယ်။ဒီလိုဖရဲသီးစားတဲ့အခါမှာ တစ်ချို့သောသူတွေကပြောကြပါတယ်။ဖရဲသီးစားပြီးရင် ရေမသောက်သင့်ဘူးလို့!

ဖရဲသီးမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ရေထပ်ပြီးသောက်စရာမလိုတော့ဘူး။ရေထပ်သောက်ရင် အစာအိမ်ထဲမှာ ဖရဲသီးအရည်တွေနဲ့
ရောထွေးသွားပြီး အစာအိမ်ကိုနာကျင်စေတယ်။အစာအိမ်နဲ့ပတ်သက်တဲ့ကူးစက်ရောဂါတွေတောင်ဖြစ်ပွားစေနိုင်တယ်လို့ပြောကြပါတယ်။

ဒီပြောကြားချက်နဲ့ပတ်သက်ပြီး Dr. Vasant Lad က အကြံတစ်ခုပေးခဲ့ပါတယ်။ဘာလဲဆိုရင် ဖရဲသီးစားမယ်ဆိုရင်လည်းရေဓာတ်ဖြည့်ပြီးသားဖြစ်လို့ရေထပ်မသောက်တော့ဖို့ပါ။အာဟာရပညာရှင် Dr.Anju Sood ကလည်း ဖရဲသီးစားပြီး ရေထပ်သောက်တာဟာ အစာအိမ်လမ်းကြောင်းကို သွားပြီး
သက်ရောက်မှုရှိတယ်လို့ပြောခဲ့ပါတယ်။ဖရဲသီးမှာ ရေ၊သကြား၊အမျှင်ဓာတ်ကြွယ်ဝပြီးသားပါ။တကယ်လို့ ရေထပ်သောက်ဦးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက ဘတ်တီးရီးယားတွေဟာ အစာအိမ်လမ်းကြောင်းတစ်လျှောက်ပိုပြီးပျံ့နှံ့လာဖို့အခွင့်အလမ်းများတယ် လို့ပြောထားပါတယ်။

ကျန်းမာရေးပညာရှင်တော်တော်များများက ဖရဲသီးမှာရေဓာတ်ပါနေပြီးသားဖြစ်လို့ ရေထပ်မသောက်ဖို့အကြံတွေပေးထားကြသလို ဖရဲသီးစားလိုက် တစ်ခြားအစားအစာတွေစားလိုက်လုပ်တာဟာလည်းအစာခြေစနစ်ကိုနှေးကွေးစေပြီး အစာအိမ်ကိုနာကျင်စေတယ်လို့ပြောပြထားပါတယ်။

ဒါကြောင့် ဖရဲသီးစားမယ်ဆိုရင်လည်း ဖရဲသီးကိုပဲသီးသန့်ဖျော်သောက်၊ခွဲစားတာမျိုးလုပ်ပေးနော်။ကျန်းမာရေးသတိဆိုတာ ပိုတယ်မရှိပါဘူး။

Source:food.ndtv

48 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.