ရည်းစားဟောင်းကတောင် သဝန်တိုရတဲ့ထိ Yoo In Young နဲ့ ရင်းနှီးမှုအကြောင်းပြောပြလာတဲ့ Kim Ji Suk

အချစ်ဆုံးသူငယ်ချင်း Yoo In Young နဲ့ဆက်ဆံရေးကို SBS’s “My Ugly Duckling.” အစီစဉ်မှာ Kim Ji Suk ကပြောပြလာပါတယ်။ MC Shin Dong Yup က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ဘယ်သူလဲမေးတော့ Yoo In Young နဲ့ သူ့ရဲ့သူငယ်ချင်းသံယောဇဉ်က ၁ဝနှစ်ကျေုာ်တောင်ရှိနေပြီတဲ့။

Kim Ji Suk Talks About How His Friendship With Yoo In Young Made His Ex-Girlfriends Jealous

” အချို့ လူတွေက ကျွန်တော်တို့ကို ဟန်ဆောင်သူငယ်ချင်းလုပ်နေတာလားတဲ့ မေးကြတယ်။
တကယ်တော့ ကျွန်တော်တို့က ဒိတ်နေတာပေါ့။ Yoo In Young ကလည်း ချစ်ဖို့ကောင်းပြီး
ဆွဲဆောင်မှုရှိပါတယ်။ ဒါပေမယ် ကျွန်တော်တို့က တကယ့်သူငယ်ချင်းအရင်းကြီးတွေပါ..
တစ်ယောက်အကြောင်းလည်း တစ်ယောက်ကောင်းကောင်းသိတယ်

Image result for kim-ji-suk-Yoo In Young

ကျွန်တော်တို့ တစ်ယောက်အပေါ်တစ်ယောက် စိတ်မဝင်စားကြဘူးလား လို့လည်း အမေးခံ
ရတယ်။ ဒါတွေ ဖြတ်ကျော်ပြီးပါပြီ။ ဘယ်လိုနေနေ ကျွန်တော်တို့က သူငယ်ချင်းပါပဲ။ အရမ်းခင်လွန်း
လို့လည်း ကျွန်တော်ထားဖူးတဲ့ ကောင်မလေးတွေဆီကနေ သဝန်တိုတာခံရတဲ့ ခံစားချက်ကိုလည်းကျေနပ်မိတယ်။

ခဏခဏ ကျွန်တော်တို့ကို ဒိတ်နေတာလား ၊ သူငယ်ချင်းရော ဟုတ်ရဲ့လားလို့ ခဏခဏ
သံသယဝင်ခဲ့ရတယ် ” လို့ Kim Ji Suk ကပြောပြသွားပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။
တစ်ခါတစ်လေကြရင် ဘယ်လိုနေနေ သူငယ်ချင်းအဆင့်က တက်လို့မရတဲ့ ဘော်ဒါအရင်းတွေလူတိုင်းကိုယ်စီမှာ ရှိဖူးကြမှာပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.