ချစ်သူတွေကြားမှာ နာမည်ပြောင်လေးတွေပေးထားတာဟာ အချစ်ရေးကိုပိုပြီးခိုင်မြဲပျော်ရွှင်စေ

နာမည်အရင်းကိုမှ အဖျားဆွတ်ခေါ်တာ၊အရင်းဆွတ်ခေါ်တာတွေထက် တစ်ယောက်နဲ့တစ်ယောက် ချစ်စရာနာမည်လေးတွေအပြန်အလှန်ပေးထားကြတဲ့
စုံတွဲတွေဟာ အချစ်ရေးမှာပိုပြီးသာယာပျော်ရွှင်တတ်ကြပါတယ်။ဘာလို့လဲဆိုရင် ဒီနာမည်လေးတွေက သူတို့နှစ်ယောက်အတွက်သာ သီးသန့်ဖြစ်တည်
နေလို့ပါပဲ။တစ်ခြားသူတွေက သူတို့ကိုလိုက်ခေါ်လို့လည်းမရသလို သူတို့အချင်းချင်းသာ အမြတ်တနိုးခေါ်လို့ရတဲ့နာမည်လေးတွေဖြစ်ပါတယ်။

လေ့လာချက်တွေအရတော့ ကိုယ့်ချစ်သူကို ဘေဘီ၊ဟန်နီ၊အချစ်စတဲ့နာမည်ပြောင်လေးတွေထက် ကြောင်မလေးတို့၊ဆင်မလေးတို့၊၀က်မလေးတို့စသဖြင့် ချစ်စရာကောင်းတဲ့ Pet Name လေးတွေအပြန်အလှန်ပေးထားကြတာဟာ အချစ်ရေးကိုပိုပြီးခိုင်မာစေတယ်၊ပျော်ရွှင်စေတယ်လို့လည်းသိရပါတယ်။

ဆန်းစစ်ချက်တွေအရ ချစ်သူစုံတွဲ ၁၀၀၀ ကျော်ကိုလေ့လာကြည့်တဲ့အခါမှာ ၈၇ ရာခိုင်နှုန်းသောအမေရိကန်တွေဟာ သူတို့ရဲ့ ချစ်သူကို ချစ်စရာ Pet Name လေးတွေပေးထားကြကြောင်းသိရပါတယ်။ပြီးတော့ အဲ့ဒီထဲကအမေရိကန် ၁၆ ရာခိုင်နှုန်း၊ဥရောပစုံတွဲ ၉ရာခိုင်နှုန်းဟာ အချစ်ရေးမှာပိုပြီးရင်းနှီးနွေးထွေးကြောင်း၊ပိုပြီးသာယာပျော်ရွှင်ကြကြောင်းတွေ့ခဲ့ရတယ်လို့သိရပါတယ်။ဘာလို့လဲဆိုရင် အဲ့ဒီလိုခေါ်တာဟာ တစ်ယောက်ကိုတစ်ယောက် ပိုပြီးနီးကပ်စေတယ်။
ပိုပြီးပျော်ရွှင်စေတယ်လို့သိထားကြလို့ပါပဲ။ဒါပေမဲ့ အဲ့ဒီလိုခေါ်တဲ့နာမည်တွေကို ကိုယ့်ချစ်သူကလည်းသဘောကျနှစ်သက်မှဖြစ်မှာနော်။

တစ်ချို့ကတော့ ဘေဘီ၊ဟန်နီ၊ဆွီတီလေးတွေကိုပိုပြီးသဘောကျတတ်ကြပါတယ်။ကိုယ့်ချစ်သူက ဘယ်လိုခေါ်တာကိုသဘောကျလဲဆိုတာတော့ ကိုယ်အသိဆုံးဖြစ်မှာပါ။အဓိကဆိုလိုချင်တာကတော့ နာမည်အရင်းကိုမှ တစ်လုံးတည်းခေါ်တာတွေ၊အဖျားဆွတ်၊အရင်းဆွတ်ခေါ်တာတွေထက် နှစ်ဦးတည်းသာခေါ်ဆိုလို့ရတဲ့နာမည်ပြောင်လေးတွေ အပြန်အလှန်ခေါ်ဆိုတာက အချစ်ရေးကိုပိုပြီးသာယာစေတယ်ဆိုတာပါပဲ။

ယူတို့ရော ယူတို့ရဲ့ ချစ်သူကိုပေးထားတဲ့နာမည်ပြောင်လေးတွေရှိလား?

Source:Bustle

117 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.