နွေရာသီအပူဒဏ်ကို အတတ်နိုင်ဆုံး ဘယ်လိုရှောင်တိမ်းနေထိုင်ကြမလဲ

သင်္ကြန်ပြီးတော့ နွေရာသီရဲ့အပူဒဏ်ကြီးက တော်တော်လေးဆိုးလာသလိုပဲ။ သင်္ကြန်မိုးလည်း
မရွာတော့ ဘယ်ချိန်မှပေါင်းရွာမလဲတော့ မပြောတတ်ပါဘူးလေ။ အခုလောလောဆယ်တော့
ပူပြင်းလှတဲ့ နေရောင်ခြည်ဒဏ်ကို အတတ်နိုင်ဆုံး ကာကွယ်နေထိုင်ကြဖို့ပြောချင်ပါတယ်။

Image result for hot summer

နေ့လည် ၁၁ကနေ နေ့ခင်း ၃နာရီထိ ဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့။ မဖြစ်မနေမို့သွားရတော့မယ်
ဆိုရင် ရေဗူးလေးဆောင်ထားပါ။ အဲကွန်းကားတွေပေါ် အတက်ဆင်းလုပ်လိုက် ၊ အပူနဲ့
အအေး ခဏခဏ ထိတွေ့ပါများရင် အခန့်မသင့်ပဲ ရှော့ဖြစ်သွားနိုင်ပါတယ်။ အရမ်းပူလွန်းလို့
ဆိုပြီး ရေခဲရေတွေ ချက်ချင်းသောက်တာမျိုးလည်း မလုပ်ပါနဲ့။ သောက်ချင်ရင် ရိုးရိုးရေသာသောက်ပါ။

Image result for hot summer

အခုချိန်ဆို suncream တွေက သိပ်အသုံးဝင်နေပါပြီ။ မဖြစ်မနေ အပြင်ထွက်ရင် လိမ်းကိုလိမ်းရ
မယ့် အရာပါ။ နေရောင်ခြည်ဟာ သိပ်ပြင်းတာကြောင့် အသားရည်တွေ ထိခိုက်ပျက်စီးလွယ်နိုင်ပါ
တယ်။ ထီးလည်း ဆောင်ထားဖို့ မမေ့ပါနဲ့။ နေပူတာ လသာနေတာနဲ့မတူဘူးနော်။ ထီးမပါပဲ
လမ်းလျှောက်မယ်ဆို တော်တော်ကျွတ်ထွက်သွားလိမ့်မယ်။ ဦးနှောက်သွေးကြောတွေပျက်ပြီး
မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် မိမိကိုယ်သာ စောင့်ရှောက်ပါ။ အသက်ကို ဥာဏ်စောင့်
တယ်ဆိုသလိုပဲ ကျန်းမာရေးကို မပေါ့ဆပါနဲ့နော်။

Related image

အရမ်းပူတယ်ဆိုပြီး ပန်ကာလေ မတရားခံတာလည်း လျော့ပါ။ ပန်ကာလေက အဲကွန်းအအေးထက်
လေဖြတ်နိုင်ချေပိုများပါတယ်။ အဲကွန်းဖွင့်ရင်လည်း ကိုယ်အိပ်ပျော်သွားလောက်မယ့်အချိန်ထိပဲ
timer ဖွင့်အိပ်ပါ။ တရစပ် ဖွင့်အိပ်တာာလည်းမကောင်းပါဘူးနော်။ အပြင်ကပြန်လာလို့
အိမ်ရောက်တာနဲ့ ရေများများသောက်ဖို့ မမေ့ပါနဲ့။

အိုခေ.. မတရား အပူဒဏ်ကိုခံရခြင်းမှ ကင်းေ​ဝးပါစေလို့ ဆုတောင်းပေးရင်း

47 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.