စစ်မှုထမ်းရာကပြန်လာပြီးနောက် Lee Min Ho ရဲ့ ပထမဆုံးသော IG ပိုစ့်

နာမည်ကျော်တောင်ကိုရီးယားမင်းသား Lee Min Ho ဟာ ဧပြီ ၂၅ရက်နေ့က စစ်မှုတာဝန်ထမ်းဆောင်လို့ပြီးခဲ့ပြီဖြစ်ပါတယ်။သူနောက်ဆုံးတာဝန်ထမ်း
ဆောင်ရတဲ့ရက်ရဲ့ မနက်ပိုင်းမှာဆိုရင် ပရိသတ်တွေဟာ ပူဖောင်းတွေ၊နာမည်သင်္ကေတတွေနဲ့ သူပြန်အလာကိုကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။

အဲ့ဒီနေ့ရဲ့ညနေခင်းမှာတော့ Lee Min Ho ဟာ ပရိသတ်တွေနဲ့တစ်နှစ်ကျော်နီးပါးဝေးကွာနေတဲ့အင်စတာဂရမ်အကောင့်ကနေ ပထမဆုံးသောပိုစ့်လေးကို
တင်ခဲ့ပါတယ်။သူ့ရဲ့ခွေးလေးအပါအ၀င် ပရိသတ်တွေဆီကရတဲ့ပန်းစည်းတွေကိုဓာတ်ပုံရိုက်ပြီး “ကျေးဇူးတင်ပါတယ်”ဆိုတဲ့ Caption လေးနဲ့တင်ခဲ့တာပဲ
ဖြစ်ပါတယ်။ခဏအကြာမှာပဲ သူက သူ့ရဲ့ခွေးလေးနဲ့ Selfie ရိုက်ထားတဲ့ပုံလေးကိုထပ်ပြီးတင်ခဲ့ပြန်ပါတယ်။

View this post on Instagram

고마워요

A post shared by 이민호 leeminho (@actorleeminho) on

ပြီးခဲ့တဲ့ ၂၀၁၈ ၊မေလတုန်းက အနုပညာသက်တမ်း ၁၂နှစ်ပြည့်အမှတ်တရပုံရိပ်လေးတင်ခဲ့ပြီး ဒါက သူ့ရဲ့ ပထမဆုံးသော IG ပိုစ့်ပါပဲ။ပြန်ရောက်လာတာနဲ့
ပရိသတ်တွေအတွက် ပုံလေးတွေတင်ပေးခဲ့သလို သူရိုက်ကူးရမယ့်ဇာတ်လမ်းတွဲတွေကိုလည်းစပြီးလေ့လာဖတ်ရှုနေပြီလို့လည်းသိရပါတယ်။ပရိသတ်တွေ
ရှေ့ကို မကြာခင် သူဘယ်လိုဇာတ်လမ်းတွဲသစ်တွေနဲ့ပြန်ရောက်လာမလဲဆိုတာ စိတ်လှုပ်ရှားစရာပါပဲနော်။

View this post on Instagram

12주년 thanks for everything

A post shared by 이민호 leeminho (@actorleeminho) on

Source:Soompi/koreaboo

214 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.