နှာပိတ်ပြီးခဲနေလို့ နေရထိုင်ရခက်အသက်ရှူမ၀ဖြစ်နေလား….

မိနစ်ပိုင်း လောက်နဲ့ နှာပိုတ်ပြီး နေရခက်နေတာကို ဖြေရှင်းပေးနိုင်တယ်ဆိုရင် တကယ်ကို သိချင်နေကြမှာပါ… နှာပိတ်တယ်ဆိုတာ သိပ်ကို နေရထိုင်ရခက်တဲ့ ဝေဒနာတစ်ခုပါပဲ။ နှာစေးရင်တောင် ညှစ်ထုတ်လိုက်ရင်အသက်ရှူလို့ ရပင်မဲ့ နှာပိတ်တဲ့အခါ က တော့ နှာခေါင်းကြီးထဲနှပ်တွေပိတ်ဆို့ပြီး အသက်ရှူရခက်သလို နေရတာထိုင်ရတာလည်း မောပြီး အဆင် မ ပြေပါဘူး။ အခုလို ပြင်းထန်တဲ့ရာသီဥတုဆိုရင်ပိုပြီးတော့တောင် ဒီလိုဝေဒနာ မျိုး တွေဖြစ်လာနိုင်တာမလို့ နှာ ပိတ်တဲ့အခါ မိနစ်ပိုင်းအတွင်းသက်သာ စေနိုင်တဲ့ နည်းလမ်းလေးကို Sharing လုပ်ပေးလိုက်ပါတယ်…

(၁) နှိပ်နယ်ခြင်းနဲ့ကုသပါ

မျက်ခုံနှစ်ခုကြားကို နှိပ်နယ်ပေးခြင်းက ပိတ်နေတဲ့နှာ ရည်တွေကို ပွင့်သွားအောင်နှိုးဆွပေးသလိုဖြစ်တာမလို့ နှာပိတ်တာကိုသက်သာစေပါတယ်။

(၂) နှာ ခေါင်းဘေးနှစ်ဖက်ကိုဖက်ဖြင့်အသာဖိဖိပေးပါ

ပုံပါ နေရာကို ဖိ ပေးခြင်းကလည်း နှာ ခေါင်းထဲ ခဲ နေတဲ့နှာရည်များကို ချေ ဖျက်ပေးရာ ရောက်တာ ကြောင့် မကြာခင်နှာပွင့်သွားစေနိုင်ပါတယ်။

(၃) နှာ ခေါင်းနဲ့နှုတ်ခမ်းစပ်ကြားနေရာကို နှိပ်ပေးပါ

နှုတ်ခမ်းနဲ့ နှာခေါင်းကြားထဲကို လည်း နာနာ လေးဖိနှိပ်ပေးပါ ။ဆက်တိုက်ကြီးမဟုတ်ပဲ ၁၀ ချက်တစ်ခါနားပြီး နှိပ်ပေးသင့်ပါတယ်။

(၄) ရေေ နွးငွေ့ကိုရှူရှိုက်ပေးပါ

နှာ အရမ်းပိတ် နေတဲ့အခါ ရေေ နွးငွေ့ကို ရှူရှိုက်ပေးခြင်းက နှာပိတ်ခြင်းကို အထိရောက်ဆုံးသက်သာ စေတဲ့နည်းလမ်းတစ်ခုဆိုရင်မမှားပါဘူး။-

(၅) နှာ ခေါင်းတစ်ခုလုံးကို နွေး နေ အောင်ထားပါ

နှာတံတစ်ခုလုံးကို နွေးထွေးအောင်ထားပြီး ပိတ်နေလို့နှာညှစ်တဲ့အခါလည်းအတင်းကြီးစောင့်မညှစ်ပဲ အလိုက်သင့်လေးနည်းနည်းစီညှစ်ထုတ်ပေးဖို့လိုပါတယ်။ အရမ်းကြီးညှစ်ချလိုက်ရင်အာရုံ ကြောကိုပါများစွာထိခိုက်လာနိင်စေလို့ပါ။

337 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.