ကောင်းကောင်းအိပ်ပျော်ရက်နဲ့ ဘာလို့ပင်ပန်းနေလဲဆိုတာ

ညဘက်တွေလည်း ကောင်းကောင်းအိပ်ပျော် ၊ အိပ်ရေးဝရက်သားနဲ့ ဘာလို့ပင်ပန်းနေရတာလဲ
ဆိုတာ သိချင်မှာပါ။ စိတ်ကပါပေမယ့် ခန္ဓာကိုယ်က ပင်ပန်းနေတဲ့အခါ ဘာလုပ်လုပ်အဆင်ပြေ
မှာမဟုတ်ပါဘူး။ ဒါဆို ဘာလို့ပင်ပန်းသလို ခံစားနေရလည်းဆိုတာ ပြောပြပေးမယ်နော်…

သံဓာတ်ကုန်ဆုံးခြင်း

9 Reasons You Feel Crazy Tired Even After a Good Night’s Sleep
ခန္ဓာကိုယ်တွင်း သံဓာတ်ကောင်းကောင်းမလုံလောက်တဲ့အခါ အောက်ဆီဂျင်ကုန်ဆုံးပြီး
အင်အားချိနဲ့ ပင်ပန်းနေသလိုခံစားနေရတာဖြစ်ပါတယ်။ သံဓာတ်ကုန်ဆုံးတဲ့အခါ ကြွက်သားနာကျင်၊
အသက်ရှုမဝခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။

ဆီးချို

9 Reasons You Feel Crazy Tired Even After a Good Night’s Sleep
ဆီးချိုရောဂါခံစားနေရသူတွေဟာ ခန္ဓာကိုယ်အတွင်း သကြားဓာတ်မြင့်မားမှုကြောင့်
ခန္ဓာကိုယ်က အင်အားကုန်ဆုံးနေသလိုနဲ့ ပင်ပန်းရပါတယ်။ ဆီးချိုရောဂါရဲ့အခြား လက္ခဏာတွေ
က မကြာခဏ ဗိုက်ဆာ ၊ ရေငတ် ၊ အသားခြောက် ၊ ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်ပါတယ်။

ပေါင်မုန့်နဲ့ ကွတ်ကီး

9 Reasons You Feel Crazy Tired Even After a Good Night’s Sleep
ဒီလက္ခဏာဟာ ပုံမှန်မဟုတ်တဲ့ ကစီဓာတ်တုံ့ပြန်မှုဖြစ်ပါတယ်။ cereal တွေမှာ ကစီဓာတ်တွေပါ
ဝင်ပါတယ်။ ပေါင်မုန့်တို့ ကွတ်ကီးတို့စားပြီး မအီမလည်ဖြစ်နေပြီဆိုရင် ဒါဟာ celiac disease
ဖြစ်နေတယ်လို့ ကျွမ်းကျင်သူများကဆိုပါတယ်။

အယ်ဇိုင်းလ်မား

9 Reasons You Feel Crazy Tired Even After a Good Night’s Sleep
အယ်ဇိုင်းလ်မား ရောဂါခံစားနေရသူတွေဟာလည်း မကြာခဏပင်ပန်းမှုကို ခံစားရပါတယ်။
နေ့ခင်းလည်း အိပ်၊ ညလည်း အိပ်ရေးဝရက်သားနဲ့ အယ်ဇိုင်းလ်မား အရှိန်ကြောင့် မောပန်း
နွမ်းနယ်သလို ခံစားရတာဖြစ်ပါတယ်။

133 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.