နို့၊ သိမှသိပဲကိုး။
ငသိုက်။ ။ ခင်ဗျား ဘယ်လိုသေသွားတာလဲ။
ဖိုးစည်။ ။ အအေးမိပြီး သေသွားတာဗျ။ ခင်ဗျားကရော။
ငသိုက်။ ။ ကျွန်တော့်မိန်းမ လူတစ်ယောက်နဲ့ အတူရှိနေတယ်ထင်လို့ တစ်အိမ်လုံးရှာတာကွာ။ ဘာမှမတွေ့ဘူး။ ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်ထင်ပြီး သတ်သေပလိုက်တာပဲ။
ဖိုးစည်။ ။ ဟဟ။ ကျွန်တော်က ရေခဲခန်းသေတ္တာထဲ ရောက်နေခဲ့တာဗျ။
သိနေတယ်လေ။
ခင်ဗျားအကြောင်း ၉ချက်ပြောပြရမလား။
၁။ ခင်ဗျား ဒီစာကို ဖတ်နေတယ်။
၂။ မ’ ဆိုတဲ့အသံကို နှုတ်ခမ်းတွေ မထိပဲနဲ့မပြောနိုင်ဘူး။
၃။ အခု အသံထွက်ဖို့ လုပ်ကြည့်နေတယ်လေ။
၎။ ဟဟ ခင်ဗျားပြုံးပြီ။
၆။ ခင်ဗျားပြုံးပြီးတော့ ထပ်ရယ်ပြန်ပြီ။
၇။ နံပါတ် ၅ ကျော်သွားတယ်ဆိုတာကို သတိမထားမိဘူး ဟက်လား။
၈။ စစ်ကြည့်လိုက်တယ်။
၉။ ထပ် ပြုံးပြန်ပြီ။
ငကျော်၊ ငကြပ်။
ရဲ။ ။ ခင်ဗျားဘယ်မှာနေတာလဲ။
ငကျော်။ ။ ကျွန်တော့် မိဘတွေနဲ့။
ရဲ။ ။ မင်းမိဘတွေက ဘယ်မှာနေတာလဲ။
ငကျော်။ ။ ကျွန်တော်နဲ့လေ။
ရဲ။ ။ ဒါဆို မင်းတို့အားလုံး ဘယ်မှာနေတာလဲ။
ငကျော်။ ။ တူတူနေတာပေါ့။
ရဲ။ ။ မင်းအိမ်က ဘယ်မှာတုန်း။
ငကျော်။ ။ ကျွန်တော့် ဘော်ဒါအိမ်ဘေးမှာ။
ရဲ။ ။ ဒါဆို မင်းဘော်ဒါအိမ်က ဘယ်နားမှာလဲ။
ငကျော်။ ။ ကျွန်တော် ပြောရင် ခင်ဗျား ယုံမှာမဟုတ်ပါဘူးဗျာ။
ရဲ။ ။ ပြောမှာသာပြောစမ်းပါဟ။
ငကျော်။ ။ ကျွန်တော့် အိမ်ဘေးမှာဗျ။
ဆရာမ ငကြောင်။
ဆရာမ။ ။ ကိုယ့်ကိုကိုယ် ရူးနေတယ်လို့ထင်တဲ့ သူရှိရင် မတ်တပ်ရပ်ပါ။
(ကျောင်းသား တစ်ယောက်မှ မရပ်ကြဘူး။)
ဆရာမ။ ။ ဆရာမ အထင်တော့ ဒီနားမှာ ရူးနေတဲ့သူတချို့ ရှိနေပုံပါပဲ။
(ဖြိုးလေး က မတ်တပ်ထရပ်လိုက်တယ်။)
ဆရာမ။ ။ အိုး။ မင်းကိုယ်မင်း ရူးနေတယ်လို့ ထင်လို့လား။
ဖြိုးလေး။ ။ မဟုတ်ပါဘူး။ ဆရာမတစ်ယောက်တည်း ရပ်နေရတာကို အားနာလို့။
ကလေးငပွေး။
အဖေ။ ။ ဖေဖေလို့ ခေါ်။
ကလေး။ ။ မေမေ။
အဖေ။ ။ ပြောလေသားရဲ့။ ဖေဖေလို့ပြော။
ကလေး။ ။ မေမေ။
အဖေ။ ။ f*ck ပဲ၊ ဖေဖေ လို့ပြောလေကွာ။
ကလေး။ ။ f*ck ပဲ၊ မေမေ။
အမေ။ ။ ယောက်ျားရေ၊ ကျွန်မပြန်ရောက်ပြီ။
ကလေး။ ။ f*ck ပဲ။
အမေ။ ။ သားကို ဒါတွေ ဘယ်သူသင်ပေးတာလဲ။
ကလေး။ ။ ဖေဖေ။
အဖေ။ ။ ခွေးမသား။
Ref:kissass humor